Canon PowerShot G7X Mark III Digital Camera

တန်ဖိုး – USD 638

အားသာချက်

ပြည်တွင်းစျေးကွက်ထဲမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Canon PowerShot G7X Mark III Digital Camera ဖြစ်ပါတယ်။ ဆယ်လ်ဖီဝါသနာရှင်တွေအတွက် ပိုအဆင်ပြေစေမယ့် LCD ဖွဲ့စည်းမှုနဲ့ ကင်မရာဖြစ်ပါတယ်။ တစ်လက်မ အရွယ်အစားရှိတဲ့ CMOS Sensor ထောက်ပံ့ပေးထားတဲ့ ကင်မရာ ဖြစ်ပါတယ်။ 20.1 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ ဗီဒီယိုပိုင်းမှာတော့ 4K UHD ကို 29fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Lens အနေနဲ့ 8.8 to 36.8mm ထောက်ပံ့ပေးထားတဲ့အတွက် 35mm မြင်ကွင်းနဲ့ဆိုရင် 24 to 100mm အထိ ရရှိမှာပါ။ JPEG အတွက် Frame per second 20fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ အားသွင်းတဲ့ စနစ်ကလည်း USB Charges ဖြစ်တဲ့ အတွက် တစ်နေရာရာမှာ ရိုက်ကူးရေးလုပ်နေတုန်း အားကုန်သွားမှာလည်း စိတ်ပူစရာ မလိုတော့ဘူး။ Power Bank နဲ့ ချိတ်ပြီး အားသွင်းလိုက်ရုံပါပဲ။

၃ လက်မအရွယ်ရှိ Tilting Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုအတွက် 3.5mm Microphone, HDMI D (Micro), USB 3.0 တို့ပါဝင်ပါတယ်။ Wi-Fi ,NFC နဲ့ Bluetooth စနစ်တွေ ပါဝင်တာကြောင့် ဖုန်းနဲ့ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ပုံတွေကို ကူးယူနိုင်ရုံသာမက ဖုန်းကို remote control အဖြစ် အသုံးပြုပြီး ကင်မရာကို ထိန်းချူပ်ကာ ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။

အားနည်းချက်

Compact Camera ဖြစ်နေတဲ့အတွက် စျေးအနည်းငယ် မြင့်မားသလို ခံစားရပါတယ်။ အသုံးပြု Sensor Size အနေနဲ့ကလည်း အရင်ထုတ်ထားတဲ့ Canon PowerShot G7 စီးရီးတွေလောက်ပဲ ရှိနေသေးတာပါ။

သုံးသပ်ချက်

Selfie သမားတွေ အတွက် ပိုပြီးသင့်တော်တဲ့ LCD ထောက်ပံ့ပေးထားသလို FPS လည်း မြန်ဆန်တာကို တွေ့ရပါတယ်။ Vlogging သမားတွေအတွက်လည်း အသုံးတည့်လွန်းတဲ့ ကင်မရာတစ်လုံး ဖြစ်ပါတယ်။ အနည်းငယ် ထူးခြားတာက Bridge Level နီးနီးဖန်တီးထားတဲ့ စွယ်စုံသုံး ကင်မရာဖြစ်ပြီး ကင်မရာ ဝါသနာရှင် တွေ အတွက် တော်တော်အသုံးတည့်နိုင်ပါတယ်။ Compact Camera ဆိုပေမယ့် ဗီဒီယိုကို 4K UHD အထိ ထောက်ပံ့ပေးထားတဲ့အတွက်ပါ။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @29fps အထိ ရရှိမှာပါ။ Full HD နဲ့ ရိုက်မယ်ဆိုရင် 120fps အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ DIGIC 8 image processor ကို အသုံးပြုထားတဲ့အတွက် focus ဖြတ်တောက်မှုစွမ်းအားတွေ ပိုကောင်းလာပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး 30” ကနေ 1 / 2000 အထိရပါတယ်။ Built-in Flash အနေနဲ့ ပါဝင်ပြီး Auto, Flash On, Off, Slow Sync အနေနဲ့ စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Card Slot အနေနဲ့ တစ်ခုသာပါဝင်ပြီး SD/SDHC/SDXC တွေ အသုံးပြုနိုင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering Method မှာ Center-Weighted Average, Multi, Spot ရွေးချယ်နိုင်သလို White Balance အပိုင်းမှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent, Incandescent, Outdoors, Shade, Tungsten, Underwater စတာတွေ ပါရှိပါတယ်။ Display ပိုင်းအတွက် ၃ လက်မအရွယ်ရှိ Tilting Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ အသုံးပြုဘက်ထရီက NB-13L Rechargeable Lithium-Ion, 3.6 VDC, 1250 mAh အမျိုးအစား ဖြစ်ပါတယ်။ အရွယ်အစားက 104.14 x 60.96 x 40.64 mm ဖြစ်ပြီး အလေးချိန်က 303g ရှိပါတယ်။ ပြည်တွင်းစျေးကွက်မှာ အမေရိကန်ဒေါ်လာ ၆၃၈ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Canon authorized distributor – Myanmar ဖုန်း -၀၁၆၅၄၈၁၀ နဲ့ ၀၉ ၇၉ ၈၈၉ ၃၇၂၃ ကနေ တရားဝင် တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««