Canon iNSPiC (C)

ဆယ်ကျော်သက်တွေ အကြိုက်တွေ့မယ့် အခုရိုက် အခုယူ 2 in 1 Camera Printer ဖြစ်တဲ့ Canon iNSPiC (C) ဖြစ်ပါတယ်။ စမတ်ဖုန်းတွေလို ရိုက်ပြီးသားပုံတွေကို Gallery မှာ ပြန်ရှာပြီး Print စရာမလိုတော့ပါဘူး။ ပုံရိုက်ပြီးတာနဲ့ Print တစ်ခါတည်းရမှာ ဖြစ်ပါတယ်။ အိတ်ဆောင်အရွယ် Camera နဲ့ Printer တွဲပါပြီးသား ဖြစ်ပါတယ်။ Zink Sticker Paper နဲ့ထုတ်ပေးတာဖြစ်လို့ ကိုယ်စိတ်ကြိုက် Laptopတွေ iPhone, iPad, mobile phone တွေမှာ အမှတ်တရ ကပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Impressive low light performance ဖြစ်တဲ့အတွက် အလင်းရောင်နည်းတဲ့ အချိန်မှာရိုက်ရင်တောင် ပုံထွက်ကောင်းကောင်းရရှိမှာဖြစ်ပါ တယ်။ Reprint button ပါလို့ ဆင်တူပုံလေးတွေ ချက်ချင်းထုတ်ပြီး အမှတ်တရအနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။ Maximum Printing Resolution က 314 x 500 dpi အထိ ရရှိနိုင်ပါတယ်။ အားပြန်သွင်းဖို့နဲ့ အချက်လက်ပြောင်းရွှေ့ဖို့ Micro USB ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Rechargeable lithium polymer – 700 mAh ဘထရီကို Built-in အနေနဲ့ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 121 x 78.3 x 23.7 mm ဖြစ်ပြီး အလေးချိန် 170 g ရှိပါတယ်။ Paper size ကတော့ 2” x 3” အရွယ်အစားဖြစ်ပါတယ်။

အရောင်အနေနဲ့ ပန်းဆီရောင်၊ ပျားဝါရောင်၊ ကမ်းခြေအပြာရောင် ဆိုပြီး ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၁၂၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ရောင်းချပေးမှာ ဖြစ်ပါတယ်။ Canon Authorized Distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀ ကနေ တရားဝင်တင်သွင်း ဖြန်ချိတာဖြစ်ပါတယ်။

-ကျော်ဇေယျ