Canon EOS Ra Mirrorless Digital Camera

တန်ဖိုး – ကန်ဒေါ်လာ 2499$

အားသာချက်

Canon ရဲ့ FX-Format Mirrorless Camera ထဲမှာ စျေးနှုန်းအချိုသာဆုံး EOS RP ထက် စျေးသာပြီး စွမ်းဆောင်ရည်မြှင့်တင်ထားတဲ့ ကင်မရာ ဖြစ်ပါတယ်။ 36 x 24 mm အရွယ် အစား FX-Format CMOS Sensor ပါ၀င်ပါတယ်။ IR-Cut Filter Passes H-Alpha Wavelength ထောက်ပံ့ပေးထားပြီး Astrophotography ဓာတ်ပုံသမားတွေအတွက် အကောင်းဆုံး ဖြစ်စေမှာပါ။ 30.3 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4K (3840 x 2160) at 23.976p/ 24.00p/25p/29.97p ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 100 to 40000 (Extended: 50 to 102400) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 8fps အထိရရှိနိုင်မှာ ဖြစ်ပါတယ်။

3.69m-dot အရည်အသွေး ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ LCD အနေနဲ့ 2.1m-dot အရည်အသွေးရှိ ၃.၁၅ လက်မအရွယ် Articulating Touch screen LCD ပါ၀င်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 5655 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ RF Mount ပဲဖြစ်ပါတယ်။ ဒီစျေးကတော့ ကိုယ်ထည်သီးသန့်စျေး ဖြစ်ပါတယ်။

အားနည်းချက်

Mirrorless Camera တွေရဲ့ ထုံးစံအတိုင်း ဘက်ထရီပိုင်းမှာ အားနည်းမှုရှိပါတယ်။ Metering စနစ်မှာတော့ Spot Metering မပါ၀င်တာ တစ်မျိုး ဖြစ်နေပါတယ်။

သုံးသပ်ချက်

စျေးနှုန်းအနေနဲ့ သင့်တင်တယ်လို့ ပြောလို့ရပြီး ကင်မရာသမားတိုင်း လက်လှမ်းမှီတဲ့စျေးနှုန်းပါ။ အဓိကအားဖြင့် Ast-rophotography ဓာတ်ပုံသမားတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ Focus in Live View အနေနဲ့ အဆသုံဆယ်အထိ ချဲ့ယူကြည့်ရှု ဖြတ်တောက် နိုင်တဲ့အတွက် အဝေးရိုက်ချက်တွေကို အသေးစိတ် Focus ဖြတ်တောက်ရာမှာ ပိုုပြီးကောင်းမွန်လာပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင်နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 8 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 8000 အထိ ရပါတယ်။ Bult-in Flash လုံးဝ ပါရှိခြင်းမရှိဘဲ External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါ၀င်ပါတယ်။

Exposure Mode အနေနဲ့  Aperture Priority, Manual, Program, Shutter Priority စတာတွေ အသုံးပြုနိုင်ပြီး Metering Range ကတော့ EV -3.0 – EV 20.0 Compensation: -3 EV to +3 EV (in 1/3 or 1/2 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average Metering, Evaluative Metering, Partial Metering တို့ပါ၀င်ပါတယ်။ Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC (UHS-II) တို့ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Display ပိုင်းအတွက် 2.1m-dot အရည်အသွေးရှိတဲ့ ၃.၁၅ လက်မအရွယ် Articulating Touchscreen LCD ကို ထောက်ပံ့ပေးထားပါတယ်။ 3.69m-dot အရည်အသွေးရှိ OLED အီလက်ထရောနစ် View Finder လည်း ထောက်ပံ့ပါ၀င်ပါတယ်။ ချိတ်ဆက်မှုပိုုင်းအတွက် 3.5mm Microphone, HDMI C (Mini), USB Type-C (USB 3.0) ထောက်ပံပေးထားသလို WiFi နဲ့ Bluetooth စနစ်တွေလဲ ပါ၀င်ပါတယ်။ ဘက်ထရီအနေနဲ့ LP-E6N Rechargeable Lithium-Ion, 7.2 VDC, 1865 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစားက 135.8 x 98.3 x 84.4 mm ဖြစ်ပြီး အလေးချိန်က 660g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H