Canon EOS R6 Mirrorless Digital Camera

တန်ဖိုး – အမေရိကန်ဒေါ်လာ ၂၄၂၆

အားသာချက်

ပြည်တွင်းစျေးကွက်မှာ Preorder အနေနဲ့ ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်တဲ့ Canon ရဲ့ FX-Format Mirrorless Camera ဖြစ်ပါတယ်။ 24 x 36 mm အရွယ်ရှိ FX-Format CMOS Sensor ပါဝင်ပါတယ်။ DIGIC X Image Processor ထောက်ပံ့ပေးထားပါတယ်။ 20 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format , RAW File အပြင် HEIF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ 4K60p နဲ့ FHD 120p 10-Bit Internal Video ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 100 to 102400 (Extended: 100 to 204800) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 12fps အထိ ရရှိမှာဖြစ်ပါတယ်။ 3.69m-dot အရည်အသွေးရှိပြီး ၀.၅ လက်မအရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ 1.62m-dot အရည်အသွေးရှိ ၃ လက်မအရွယ် Free-Angle Tilting Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Manual Focus နဲ့ Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 1053 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ RF Mount ပဲ ဖြစ်ပါတယ်။ ဒီစျေးကတော့ ကိုယ်ထည်သီးသန့်စျေး ဖြစ်ပါတယ်။

အားနည်းချက်

FX Format Mirrorless R series ထဲမှာ Focus point နည်းနေသလို Aspect Ratio ကလည်း 3:2 တစ်မျိုးတည်းသာ ပါဝင်တဲ့အတွက် အခြား Ratio နဲ့ ပုံထုတ်ချင်တဲ့အခါမှာ သတိထား ရိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။ GPS ထောက်ပံ့မှုလည်း မပါပါဘူး။

သုံးသပ်ချက်

DIGIC X Image Processor ထောက်ပံ့ထားတဲ့အတွက် ပုံအရည်အသွေးတွေကို အကောင်းဆုံး ရရှိမှာပါ။ စွယ်စုံသုံး ကင်မရာတစ်လုံး ဖြစ်ပြီး ISO နိုင်နင်းမှု၊ မြန်ဆန်တိကျ ၊ သိမ်မွေ့တဲ့ focus စနစ်တွေကြောင့် ကင်မရာဝါသနာရှင်တွေ စိတ်ကြိုက်တွေ့နိုင်တဲ့ မော်ဒယ်ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW File အပြင် HEIF နဲ့ပါရိုက်ကူးနိုင်ပါတယ်။ FPS အနေနဲ့ 12 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 8000 အထိ ရရှိမှာ ဖြစ်ပါတယ်။ Bult-in Flash လုံးဝ ပါရှိခြင်း မရှိဘဲ External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority Metering Range: EV -3.0 – EV 20.0 Compensation: -3 EV to +3 EV (in 1/3 or 1/2 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါဝင်ပါတယ်။

Card Slot နှစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-II) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 1.62m-dot အရည်အသွေးရှိ ၃ လက်မအရွယ် Free-Angle Tilting Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ 3.69m-dot အရည်အသွေးရှိပြီး ၀.၅ လက်မ အရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုပိုင်းမှာ Bluetooth , WiFi, USB Type-C (USB 3.1), HDMI D (Micro), 3.5mm Headphone, 3.5mm Microphone စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ LP-E6NH Rechargeable Lithium-Ion ဘက်ထရီကို အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစားက 138 x 97.5 x 88.4 mm ဖြစ်ပြီး အလေးချိန်က 680g ရှိပါတယ်။ ကြိုတင်မှာယူလိုသူတွေအနေနဲ့ Canon Authorized Distributor- Myanmar ဖုန်း − ၀၁ ၆၅၄၈၁၀ နဲ့ ၀၉ ၇၉ ၈၈၉ ၃၇၂၃ မှာ အသေးစိတ် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««