Canon EOS R5 Mirrorless Digital Camera with 24-105mm f/4 Lens

တန်ဖိုး – ကန်ဒေါ်လာ 4798$

အားသာချက်

ပြည်တွင်းစျေးကွက်မှာ Preorder အနေနဲ့ ဝယ်ယူနိုင်ပြီဖြစ်တဲ့ Canon EOS R5 ကင်မရာဖြစ်ပါတယ်။ 36 x 24 mm အရွယ်ရှိ FX-Format CMOS Sensor ပါဝင်ပါတယ်။ DIGIC X Image Processor ထောက်ပံ့ပေးထားပါတယ်။ 45 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ DCI 8K (8192 x 4320) at 23.976p/24.00p/25p/29.97p [2600 Mb/s] ရရှိနိုင်ပြီး ISO အနေနဲ့ကတော့ Auto, 100 to 51200 (Extended: 100 to 102400) အထိရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 12 fps အထိ ရရှိမှာပါ။ 5.67m-dot အရည်အသွေးရှိပြီး 0.5″ အရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ LCD အနေနဲ့ 2,100,000 Dot အရည်အသွေးရှိ ၃.၂ လက်မ အရွယ် Free-Angle Tilting Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ Focus Point စနစ်ပိုင်းမှာလည်း Manual , Auto Focus တွေရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) ဖြစ်ပါတယ်။ Focus Point ကလည်း Phase Detection: 1053 အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Lens Mount ကတော့ RF Mount ဖြစ်ပါတယ်။ Card slot နှစ်ခု ထောက်ပံ့ထားပါတယ်။ အခုဖော်ပြထားတဲ့စျေးကတော့ 24-105mm f/4 Kit Lens ပါဝင်တဲ့စျေး ဖြစ်ပါတယ်။ WiFi, BT ထောက်ပံ့မှုတွေလည်း ပါဝင်ပါတယ်။ ကိုယ်ထည်အကြမ်းခံနိုင်ရည်ရှိဖို့ အတွက်လည်း weather-sealed စတာတွေနဲ့ တည်ဆောက်ထားပါတယ်။

အားနည်းချက်

Mirrorless Camera တွေရဲ့ ထုံးစံအတိုင်း ဘက်ထရီပိုင်းမှာ အားနည်းတတ်လေ့ရှိတာက လွဲပြီး ကြီးကြီးမားမား ပြဿနာမရှိပါဘူး။ ပြီးတော့ Canon ရဲ့ ပထမဦးဆုံး Full Frame Mirrorless Camera ဖြစ်တဲ့ EOS R ထက် Focus Point – Phase Detection နည်းပါးတာကို တွေ့ရပါတယ်။

သုံးသပ်ချက်

Resolution, FPS မြန်နှုန်းနဲ့ ဗီဒီယိုရိုက်ကူးမှု စွမ်းရည်တွေ တိုးချဲ့ထားတဲ့ Mirrorless Camera တစ်လုံး ဖြစ်ပါတယ်။ ပြီးတော့ Dual Pixel CMOS AF II နည်းပညာသစ်တွေ Deep Learning နည်းပညာသစ်တွေ ပါဝင်ထောက်ပံ့ထားတဲ့ ဘက်စုံသုံးကင်မရာလည်း ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။JPEG မှာ 12 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 8000 အထိရရှိမှာဖြစ်ပါတယ်။ Bult-in Flash လုံးဝပါဝင်ခြင်း မရှိဘဲ External Flash တပ်ဆင်ဖို့အတွက် တော့ Hot shoe ပါဝင်ပါတယ်။Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Metering Range: EV -3.0 – EV 20.0, Compensation: – -3 to +3 EV (1/3, 1/2 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါဝင်ပါတယ်။

Card Slot နှစ်ခုပါဝင်ပြီး Slot 1: CFexpress Type B, Slot 2: SD/SDHC/SDXC (UHS-II)ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2,100,000 Dot အရည်အသွေးရှိ ၃.၂ လက်မ အရွယ် Free-Angle Tilting Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ 5.67m-dot အရည်အသွေးရှိပြီး 23mm အရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုအတွက် USB Type-C (USB 3.1), HDMI D (Micro), 3.5mm Headphone, 3.5mm Microphone, WiFi, BT တွေပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ LP-E6NH Rechargeable Lithium-Ion ဘက်ထရီ အသုံးပြုပါတယ်။ ကိုယ်ထည်အရွယ်အစားက 138 x 97.5 x 88 mm ဖြစ်ပြီး အလေးချိန် 738g ရှိပါတယ်။ မူရင်းစျေး အမေရိကန်ဒေါ်လာ ၄၇၉၈ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး Preorder အနေနဲ့ ဝယ်ယူမယ်ဆိုရင် ကန်ဒေါ်လာ ၄၅၀၀ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ကျသင့်မှာဖြစ်ပါတယ်။ canon authorized distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀ နဲ့ ၀၉ ၇၉ ၈၈၉ ၃၇၂၃ ကနေ တရားဝင်တင်သွင်းတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H