Canon EOS M6 Mark II Mirrorless Digital Camera

တန်ဖိုး-ကန်ဒေါ်လာ 849.99$

အားသာချက်

ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရိုက်ကူးနိုင်မယ့် ကင်မရာဖြစ်ပါ တယ်။ 22.3 x 14.9 mm အရွယ်ရှိ APS-C (1.6x Crop Factor) CMOSSensor ပါ၀င်ပါတယ်။ DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ 32.5 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4K30p & Full HD 120p Video Recording ရရှိနိုင်မှာဖြစ်ပါတယ်။ISO အနေနဲ့ Auto, 100 to 25600 (Extended: 100 to 51200)အထိ ရရှိနိုင်မှာဖြစ်ပြီး Frame Per Second fps အနေနဲ့ 14fps အထိရရှိမှာပါ။ 1.04m-Dot အရည်အ သွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ပါ၀င်ပြီး လို သလိုလှည့်နိုင် ထိတွေ့စေခိုင်း နိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 5481 အထိ ရရှိနိုင်မှာဖြစ်ပါ တယ်။ Lens Mount ကတော့ Canon EF-M ပဲဖြစ်ပါတယ်။ ဒီစျေးကတော့ Body Only စျေးဖြစ်ပါတယ်။ အရောင်အနေနဲ့ Silver, Black ဆိုပြီး နှစ်ရောင် ၀င် ရောက်မှာပါ။

အားနည်းချက်

Mirrorless Camera တွေရဲ့ ထုံးစံအတိုင်း ဘက်ထရီအပိုင်းမှာ အားနည်းမှုရှိပါတယ်။ ပြီးတော့ ဒီမှာက View Finder အနေနဲ့ Optical အနေနဲ့ရော အီလက်ထရောနစ်အနေနဲ့ပါ ထောက် ပံ့ထားခြင်း မရှိပါဘူး။ အဲ့ဒီ အတွက် ထပ်ဆောင်းဝယ်ပြီး တပ်ဆင်လိုက တပ်ဆင် အသုံးပြု နိုင်ပေမယ့် ပိုက်ဆံထပ်ကုန်မှာပါ။

သုံးသပ်ချက်

စျေးနှုန်းအနေနဲ့ ကင်မရာ သမားတိုင်း လက်လှမ်းမှီနိုင်တဲ့အ နေအထားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။ Focus Point များပြီး မြန်ဆန် မှုကြောင့် Street, Sport& Journalist Photographer နဲ့ အခြားသော ဓာတ်ပုံဝါသနာရှင်တွေသဘောကျ အကြိုက်တွေ့ မယ့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 14 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အ ထိ၊ Electronic Shutter မှာ 1/16000 to 30 Second ရရှိမှာဖြစ်ပါတယ်။ Bult-in Flash ထောက်ပံ့ပေးထားသ လို External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါ၀င်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority Compensation: – -3 to +3 EV (1/3, 1/2 EV Steps) တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာAuto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါ၀င်ပါတယ်။

Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC (UHS-II) တို့ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display ပိုင်း အတွက် 1.04m-Dot အရည် အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုအတွက် USB Type-C (USB 2.0), HDMI D (Micro), Bluetooth, WiFi စတာတွေ ထောက်ပံ့ပေး ထားပါတယ်။ဘက်ထရီကို LP-E17 Rechargeable Lithium -Ion Battery Pack, 7.2 VDC, 1040 mAh ဘက်ထရီ အသုံးပြုထားပါတယ်။ရိုက်ချက် ၃၀၀ ကျော်သာရိုက်နိုင်မှာဖြစ်ပါ တယ်။ ကိုယ်ထည်အရွယ်အစား က 119.6 x 70 x 49.2 mm ဖြစ်ပြီး အလေးချိန်က 408g ရှိပါ တယ်။

-ကျော်ဇေယျ
Ref: B & H