Canon EOS M6 Mark II Mirrorless Digital Camera with 18-150mm

အားသာချက်

ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရိုက်ကူးနိုင်မယ့် Canon EOS M6 Mark II ကင်မရာဖြစ်ပါတယ်။ 22.3 x 14.9 mm အရွယ်ရှိ APS-C (1.6x Crop Factor) CMOS Sensor ပါဝင်ပြီး DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ 32.5 Megapixel နဲ့ဖြစ်ပြီး ဓာတ်ပုံကို JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ UHD 4K 30 p & Full HD 120p Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 100 to 25600 (Extended: 100 to 51200) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 14fps အထိ ရရှိမှာဖြစ်ပါတယ်။ 1.04m-Dot အရည်အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ပါဝင်ပြီး လိုသလို လှည့်ကာ ထိတွေ့စေခိုင်းနိုင်မှာဖြစ်ပါတယ်။ Focus Point စနစ်က Manual Focus, Auto ရရှိမှာ ဖြစ်ပါတယ်။ Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပြီး Focus Point Phase Detection: 5481 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Canon EF-M ပဲဖြစ်ပါတယ်။ ဒီဈေးကတော့ 18-150mm Lens အပါအဝင် ဈေးဖြစ်ပါတယ်။ Lens အနေနဲ့လည်း 18 to 150mm ထောက်ပံ့ပေးထားတာ ဖြစ်တဲ့အတွက် 35mm Focal Length အရ 28.8 to 240mm ရရှိမှာဖြစ်ပြီး စွယ်စုံသုံးနိုင်တဲ့ အနေအထားပါ။ အရောင်အနေနဲ့ Silver, Black အရောင်နှစ်မျိုး ဝင်ရောက်မှာပါ။

အားနည်းချက်

Mirrorless Camera တွေရဲ့ ထုံးစံအတိုင်း ဘက်ထရီပိုင်းမှာ အားနည်းမှု ရှိပါတယ်။ ပြီးတော့ ဒီမှာက View Finder ကို Optical အနေနဲ့ရော အီလက်ထရောနစ် အနေနဲ့ပါ ထောက်ပံ့ထားခြင်း မရှိပါဘူး။ အဲဒီအတွက် ထပ်ဆောင်းဝယ်ပြီး တပ်ဆင်လိုက တပ်ဆင် အသုံးပြုနိုင်ပေမယ့် ပိုက်ဆံ ထပ်ကုန်ကျမှာပါ။

သုံးသပ်ချက်

ဈေးနှုန်းအနေနဲ့ ကင်မရာသမားတိုင်း လက်လှမ်းမီနိုင်တဲ့ အနေအထားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။ Focus Point များမှု၊ မြန်ဆန်မှုကြောင့် Street , Sport , Journalist Photographer နဲ့ အခြားသော ဓာတ်ပုံဝါသနာရှင်တွေ သဘောကျ အကြိုက်တွေ့မယ့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 14 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အထိရရှိမှာဖြစ်ပြီး Electronic Shutter မှာ 1/16000 to 30 Second ရရှိမှာဖြစ်ပါတယ်။ Built-in Flash ထောက်ပံ့ပေးထားသလို External Flash တပ်ဆင်ဖို့အတွက် Hot shoe လည်းပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority Compensation: – -3 to +3 EV (1/3, 1/2 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါဝင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး SD/SDHC/SDXC (UHS-II) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 1.04m-Dot အရည်အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD Display ကို ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုပိုင်း အနေနဲ့ USB Type-C (USB 2.0), HDMI D (Micro), Bluetooth နဲ့ WiFi စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီပိုင်းအတွက် LP-E17 Rechargeable Lithium-Ion Battery Pack, 7.2 VDC, 1040 mAh ဘက်ထရီ အသုံးပြုထားပါတယ်။ အားအပြည့်သွင်းထားရင် ရိုက်ချက် ၃၀၀ ကျော်ပဲ ရိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားက 119.6 x 70 x 49.2 mm ဖြစ်ပြီး အလေးချိန် 408g ရှိပါတယ်။ ပြည်တွင်းဈေးကွက်အတွင်းကို canon authorized distributor – Myanmar ဖုန်း – ၀၁ ၆၅၄၈၁၀ က တရားဝင် တင်သွင်းတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁၇၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H