Canon EOS M50 Mark ii Mirrorless Digital Camera with 15-45mm Lens

တန်ဖိုး – အမေရိကန်ဒေါ်လာ ၆၉၀

အားသာချက်

ပြည်တွင်းစျေးကွက်မှာ Pre Order အနေနဲ့ တရားဝင် ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ Canon EOS M50 Mark ii ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်အသုံးပြုနိုင်တဲ့ Mirrorless Camera ဖြစ်ပါတယ်။ 22.3 x 14.9 mm အရွယ်ရှိ APS-C (1.6x Crop Factor) CMOS Sensor ပါဝင်ပါတယ်။ DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ 24.1Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4K and HD 720p120 Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 100 to 25600 (Extended: 100 to 51200) အထိ ရရှိမှာပါ။ Frame Per Second fps အနေနဲ့ကလည်း 10fps အထိ ရရှိမှာဖြစ်ပါတယ်။
2.36m-dot အရည်အသွေးရှိပြီး ၀.၃၉ လက်မ အရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ LCD အနေနဲ့ 1.04m-dot အရည်အသွေးရှိ ၃ လက်မအရွယ် Vari-Angle Touchscreen ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point ကတော့ Contrast Detection: 143, Phase Detection: 99အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Canon EF-M ပဲဖြစ်ပါတယ်။ ဒီစျေးကတော့ 15-45mm f/3.5-6.3 Kit Lens ပါဝင်တဲ့စျေးဖြစ်ပါတယ်။ 15-45mm f/3.5 to f/6.3 ပါဝင်တဲ့အတွက် 35mm မြင်ကွင်းအရ 24 – 72mm အထိ ရရှိမှာပါ။

အားနည်းချက်

Mirrorless Camera တွေရဲ့ ထုံးစံအတိုင်း ဘက်ထရီအပိုင်းမှာ အားနည်းမှု ရှိပါတယ်။ Shutter Speed အနေနဲ့ 1/4000 အထိပဲ ပေးထားသလို Card slot က တစ်ခုပဲ ပါဝင်မှာဖြစ်ပါတယ်။ Kit Lens အနေနဲ့လည်း Aperture က f/3.5-6.3 ဖြစ်တဲ့အတွက် အများဆုံး f/3.5 အထိ ချဲ့နိုင်တာ မှန်ပေမယ့် Zoom ဆွဲရင် f/6.3 အထိပဲ ရနိုင်တဲ့အတွက် DoF အားရမှု နည်းပါးနိုင်ပါတယ်။ GPS လည်း ထောက်ပံ့မှု မပါရှိပါဘူး။

သုံးသပ်ချက်

ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင် အသုံးပြုနိုင်မှာပါ။ ခရီးသွားဓာတ်ပုံဝါသနာရှင်တွေ၊ ခရီးသွား Blogger တွေသာမက ဗီဒီယိုစွမ်းဆောင်မှု ကောင်းတဲ့အတွက် အခြားသော Blogger တွေအတွက်လည်း ပိုပြီး အဆင်ပြေစေမှာပါ။ Full HD 1080p60 and HD 720p120 တွေနဲ့ ရိုက်ကူးနိုင်တဲ့အတွက် slow motion capture အလန်းစားတွေ ဖန်တီးနိုင်မှာပါ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 10 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ 1/4000 to 30 Seconds Bulb Mode အထိ ရရှိမှာ ဖြစ်ပါတယ်။ Built-in Flash ထောက်ပံ့ပေးထားသလို External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority -3 to +3 EV (1/3 EV Steps) တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါဝင်ပါတယ်။

Card Slot တစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-I) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 1.04m-dot Dot အရည်အသွေးရှိ ၃ လက်မအရွယ် Vari-Angle Touchscreen ကို ထောက်ပံ့ထားပါတယ်။ 2.36m-dot အရည်အသွေးရှိပြီး ၀.၃၉ လက်မ အရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုအတွက် 3.5mm Microphone, HDMI D (Micro), USB Micro-B (USB 2.0), WiFi, B.T စတာတွေ ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ LP-E12 Rechargeable Lithium-Ion, 7.2 VDC, 875 mAh ဘက်ထရီ အသုံးပြုပါတယ်။ ကိုယ်ထည်အရွယ်အစား 116.3 x 88.1 x 58.7 mm ဖြစ်ပြီး အလေးချိန် 387g ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၆၉ ၀ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Canon authorized distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀ နဲ့ ၀၉ ၇၉ ၈၈၉ ၃၇၂၃ ကနေ တရားဝင် တင်သွင်းတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««