Canon EOS M200 Mirrorless Digital Camera

တန်ဖိုး – ကန်ဒေါ်လာ 510$

အားသာချက်

ပြည်တွင်းစျေးကွက်ထဲမှာ ဝယ်ယူလို့ ရနေပြီဖြစ်တဲ့ Mirrorless Camera ဖြစ်ပါတယ်။ အရင်ထွက်ထားတဲ့ M 100 အစားထိုး အသစ်ထွက်တာလည်း ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရိုက်ကူးနိုင်မယ့် ကင်မရာ ဖြစ်ပါတယ်။ 22.3 x 14.9 mm အရွယ်ရှိ APS-C (1.6x Crop Factor) CMOS Sensor ပါဝင်ပါတယ်။ DIGIC 8 Image Processor ထောက်ပံ့ပေးထားပါတယ်။ 24.1Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။

Video ပိုင်းမှာ UHD 4K နဲ့ HD 720p fps 120 Video Recording ရရှိနိုင်သလို ISO အနေနဲ့ Auto, 100 to 25600 အထိ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Frame Per Second fps အနေနဲ့ကတော့ 6.1fps အထိ ရရှိနိုင်ပါတယ်။

1.04m -Dot အရည် အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ပါဝင်ပြီး ၁၈၀ ဒီဂရီ လှည့်နိုင်ကာ ထိတွေ့စေခိုင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Focus Point စနစ်ကလည်း Manual Focus နဲ့ Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 143 အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Lens Mount ကတော့ Canon EF-M ဖြစ်ပါတယ်။ ကြိုးမဲ့ချိတ်ဆက်မှုအတွက် WiFi နဲ့ Bluetooth စနစ်ထောက်ပံ့မှုတွေလည်း ပါဝင်ပါတယ်။

အားနည်းချက်

Speed Light နဲ့ Indoor/Outdoor ရိုက် မီးအသုံးပြုဖို့အတွက် Transmitter တွေတပ်ဆင် အသုံးပြုဖို့တော့ Hotshoe မပါဝင်ပါဘူး။ View Finder အနေနဲ့ Optical အနေနဲ့ရော အီလက်ထရောနစ် အနေနဲ့ပါ ထောက်ပံ့ထားခြင်း မရှိပါဘူး။ 4K video ထောက်ပံ့မှု ပါဝင်ပေမယ့် 23.98 fps ပဲရရှိနိုင်ပါတယ်။ ဓာတ်ပုံအတွက် fps လည်း နည်းပါးပါတယ်။

သုံးသပ်ချက်

ဈေးအနေနဲ့ ဓါတ်ပုံဝါသနာရှင်တိုင်း လက်လှမ်းမှီနိုင်တဲ့ အနေအထားပါ။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဆောင် အနေနဲ့ သယ်ဆောင် အသုံးပြုနိုင်မယ့် ကင်မရာဖြစ်ပါတယ်။ Selfie သမားတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ဓါတ်ပုံ အပျော်တမ်း ဝါသနာရှင်တွေအတွက် ပရိုဖက်ရှင်နယ်တစ်ယောက်လို ခံစားစေနိုင်မယ့် ကင်မရာငယ် တစ်လုံးလဲ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 6.1 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အထိ ရရှိမှာ ဖြစ်ပါတယ်။ Pop-up ထောက်ပံ့ပေးထားပြီး External Flash တပ်ဆင်ဖို့အတွက်တော့ Hot shoe လုံးဝ မပါဝင်ပါဘူး။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါဝင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး SD/SDHC/SDXC (UHS-I) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 1.04m-Dot အရည်အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။

ချိတ်ဆက်မှု ပိုင်းအနေနဲ့ HDMI D (Micro), Micro-B (USB 2.0), Bluetooth, WiFi စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကိုတော့ LP-E12 Rechargeable Lithium-Ion, 7.2 VDC, 875 mAh ဘက်ထရီ အသုံးပြုထားပြီး ရိုက်ချက် ၃၁၅ ကျော် ရိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားက 108.2 x 67.1 x 35.1 mm ဖြစ်ပြီး အလေးချိန်က 299g ရှိပါတယ်။ canon authorized distributor – Myanmar ဖုန်း – ၀၁၆၅၄၈၁၀ ကနေ တရားဝင် တင်သွင်းတာဖြစ်ပြီး U$D 510$ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««