Canon EOS M200 Mirrorless Digital Camera with 15-45mm Lens

တန်ဖိုး-ကန်ဒေါ်လာ 549.00$

အားသာချက်

ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရိုက်ကူးနိုင်မယ့် ကင်မရာ ဖြစ်ပါတယ်။ 22.3 x 14.9 mm အရွယ်ရှိ APS-C (1.6x Crop Factor) CMOS Sensor ပါ၀င်ပြီး DIGIC 8 Image Processor ထောက်ပံ့ပေး
ထားပါတယ်။ 24.1Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4K and HD 720p120 Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 100 to 25600 အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 6.1fps အထိ ရရှိနိုင်ပါတယ်။ 1.04m -Dot အရည်အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ပါ၀င်ပြီး ၁၈၀ ဒီဂရီ လှည့်နိုင်သလိုထိ တွေ့စေခိုင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 143 အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Lens Mount ကတော့ Canon EF-M ဖြစ်ပါတယ်။ ဒီစျေးကတော့ ကင်မရာနဲ့ lens တွဲလျက် စျေးနှုန်း ဖြစ်ပါတယ်။ အရောင်အနေနဲ့ အဖြူနဲ့အမည်းဆိုပြီး နှစ်ရောင်ဝင်ရောက်မှာ ဖြစ်ပါတယ်။

အားနည်းချက်

Speed Light နဲ့ Indoor/Outdoor ရိုက်မီးအသုံးပြုဖို့အတွက် Transmitter တွေ တပ်ဆင်အသုံးပြုဖို့ Hotshoe မပါ၀င်ပါဘူး။ View Finder အနေနဲ့ Optical အနေနဲ့ရော အီလက်ထရောနစ် အနေနဲ့ပါ ထောက်ပံ့ထားခြင်း မရှိပါဘူး။ 4K Video ထောက်ပံ့မှုပါပေမယ့် 23.98 fps ပဲရရှိနိုင်ပါတယ်။ ဓာတ်ပုံ fps လည်း နည်းပါးပါတယ်။

သုံးသပ်ချက်

စျေးနှုန်းအနေနဲ့ကတော့ ဓာတ်ပုံဝါသနာရှင်တိုင်း လက်လှမ်းမှီနိုင်တဲ့ အနေအထားပါ။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဆောင်အဖြစ် သယ်ဆောင်အသုံးပြုနိုင်မယ့် ကင်မရာဖြစ်ပါတယ်။ အပျော်တမ်းဓာတ်ပုံ ဝါသနာရှင်တွေအတွက် ပရိုဖက်ရှင်နယ်တစ်ယောက်လို ခံစားစေနိုင်မယ့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 6.1Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့အနှေးဆုံး Bulb Mode ကနေ 1 / 4000
အထိရရှိမှာဖြစ်ပါတယ်။ Pop-up ထောက်ပံ့ပေးထားပြီး External Flash တပ်ဆင်ဖို့အတွက်ကိုတော့ Hot shoe လုံးဝမပါ၀င်ပါဘူး။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Color  Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါ၀င်ပါတယ်။

Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC (UHS-I) တို့ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Display ပိုင်းမှာတော့ 1.04m-Dot အရည်အသွေးရှိ ၃ လက်မအရွယ် Tilting Touchscreen LCD ကို ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုပိုင်းမှာတော့ HDMI D (Micro), Micro-B (USB 2.0), Bluetooth, WiFi စတာတွေ ထောက်ပံ့ပေးထားပါတယ်။ LP-E12 Rechargeable Lithium-Ion, 7.2 VDC, 875 mAh ဘက်ထရီကို အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ရိုက်ချက် ၃၁၅ ကျော်ပဲ ရိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားက 108.2 x 67.1 x 35.1 mm ဖြစ်ပြီး အလေးချိန်က 299g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H