Canon EOS-1D X Mark III DSLR Camera with CFexpress Card and Reader Bundle

တန်ဖိုး-ကန်ဒေါ်လာ $ 6,499.00

အားသာချက်

36 x 24 mm အရွယ်ရှိ CMOS Sensor သုံး Full-Frame (1x Crop Factor) ကင်မရာ ဖြစ်ပါတယ်။ အရင်ထုတ် 1DX Mark II ကိုအဆင့်မြှင့်ထားပြီး DIGIC X Image Processor ထောက်ပံ့ပေးထားပါတယ်။ 20.1MP ပါဝင်ပြီး ဓာတ်ပုံကို JPEG, RAW နဲ့သာမက HEIF နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို အ ပိုင်းမှာ 5.5K (5472 x 2886) at 23.976p အထိရရှိမှာပါ။ ISO အနေနဲ့ Auto, 100 to 102400 (Extended: 50 to 819200) အထိရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 16fps အထိရရှိနိုင်ပြီး Live View နဲ့ရိုက်မယ်ဆိုရင် 20fps အထိရရှိမှာပါ။ Viewfinder ပါဝင်ပြီး ၃.၂ လက်မအရွယ် 2.1m-dot အရည်အသွေးရှိတဲ့ Fixed Touchscreen LCD ထောက်ပံ့ပေးထားပါတယ်။ Focus စနစ်ပိုင်းကို EOS iTR AF X 191-Point AF System အသုံးပြုထားပြီး Focus Point-Phase Detection: 191 (155 Cross-Type) အထိရရှိ နိုင်မှာဖြစ်ပါတယ်။ GPS, Wi-Fi , Buletooth ထောက်ပံ့ပေးထားပါတယ်။ ဒီဈေးကတော့ Body အပြင် CFexpress Card နဲ့ Reader Bundle ပါဝင်မယ့် ဈေးဖြစ်ပါတယ်။

အားနည်းချက်

ထိတွေ့စေခိုင်းနိုင်တဲ့ Touchscreen LCD Monitor ပါ ဝင်ပေမယ့် လိုအပ်သလိုလှည့်ပြီး အသုံးမပြုနိုင်တဲ့ တစ်ချက်ကလေးကတော့ အားနည်းချက်ရှိပါတယ်။

သုံးသပ်ချက်

Focus ဖြတ်တောက်မှု ညင်သာမြန်ဆန်မှုရှိသလို FPS မြန်ဆန်မှုရှိတဲ့အတွက် အားကစားဓာတ်ပုံဆရာတွေ၊ သတင်းဓာတ် ပုံဆရာတွေနဲ့ တောရိုင်းဓလေ့ ရိုက်ဓာတ်ပုံဆရာများအတွက် ပိုစိတ်ကြိုက်ဖြစ်စေမှာပါ။Low Light နိုင်တာအပြင် ဗီဒီယိုပိုင်းမှာလည်း 5.5k ရရှိနိုင်တာကြောင့် စွမ်းဆောင်ရည်မြင့် ကင်မရာဖြစ်တဲ့အတွက် professional pho-tographers နဲ့ videographers လက်စွဲဖြစ်နိုင်မယ့် ကင်မရာတစ်လုံး ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW အပြင် HEIF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video မှာ DCI 5.5K @23.976p fps ရရှိမှာပါ။ JPEG မှာ Up to 20 fps at 20.1 MP for up to 1000 Exposures (Raw) Up to 16 fps at 20.1 MP for up to 1000 Exposures (Raw) တွေရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 8000 အ ထိရရှိမှာဖြစ် ပါတယ်။ PC Terminal အပြင် External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Auto, Cloudy, Color Temperature, Custom, Daylight, Flash, Fluorescent (White), Shade, Tungsten စတာတွေ ထောက်ပံ့ပေးထား ပါတယ်။ Metering ဖတ်ယူမှုအ တွက် Center-Weighted Average, Evaluative, Partial, Spot တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှုအပိုင်းအတွက် USB Type-C (USB 3.1), HDMI C (Mini), Canon N3, 3.5mm Head-phone, 3.5mm Microphone, PC Sync Socket, RJ45, WiFi, Buletooth တို့ ပါ၀င်ပါတယ်။

Card Slot အနေနဲ့ Dual Slot ဖြစ်ပြီး CFexpress Type B (CFexpress 1.0) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ ၃.၂ လက်မအရွယ် LCD Fixed Touchscreen ကို ထောက်ပံ့ထား ပါတယ်။ 20.00 mm အရွယ်ရှိ Pentamirror View Finder ထောက်ပံ့ထားပါတယ်။LP-E19 Rechargeable Lithium-Ion, 11.1 VDC, 2750 mAh ဘက် ထရီ အသုံးပြုထားပြီး အားအပြည့် သွင်းထားချိန်မှာရိုက်ချက်ပေါင်း ၂၈၅၀ အထိ ရိုက်ကူးနိုင်ပါတယ်။ ကိုယ်ထည်အရွယ်အစား 158 x 167.6 x 82.6 mm ဖြစ်ပြီး အလေးချိန် 1250 g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H