Canon Cinema EOS Experience အစီအစဥ္ျပဳလုပ္

[ Zawgyi ]

႐ုပ္ရွင္႐ုိက္ကူးရာမွာ ေကာင္းမြန္တဲ့ ဗီဒီယိုကင္မရာေတြကို လက္ေတြ႕ေလ့လာစမ္းသပ္ႏိုင္ေစဖို႔အတြက္ Canon Cinema EOS Experience အစီအစဥ္ကို Wyndham Hotel မွာ က်င္းပျပဳလုပ္ ခဲ့ပါတယ္။

အခမ္းအနားမွာ အျခားေသာ႐ုပ္ရွင္ကင္မရာကဲ့သို႔ အရည္အေသြးျမင့္ 4K UHD ႐ုိက္ကူးႏိုင္တဲ့ Canon Cinema C 200 ဗီဒီယိုကင္မရာကို လက္ေတြ႔စမ္းသပ္ႏိုင္ရန္အတြက္ ျပသခဲ့သလို ႐ုပ္ရွင္ဒါ႐ုိက္တာ ပန္းခ်ီစိုးမိုးက Canon Cinema C200 ဗီဒီယိုကင္မရာနဲ႔ ႐ုိက္ကူးထားတဲ့ဗီဒီယိုကိုလည္း ျပသခဲ့ပါတယ္။ ဒါ့အျပင္ ႐ိုက္ကူးရာမွာ ႀကံဳေတြ႕ခဲ့ရတဲ့ အေတြ႔အႀကံဳနဲ႔ ကင္မရာမွာပါတဲ့ ထူးျခားတဲ့ လုပ္ေဆာင္ႏိုင္စြမ္းေတြအေၾကာင္းကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

အဆိုပါ ကင္မရာကို ၾသဂုတ္ ၁၆ ရက္မွ စတင္ကာ တစ္လအတြင္း ဝယ္ယူလိုသူေတြအတြက္ အထူး ေစ်းႏႈန္းအျဖစ္ အေမရိကန္ ေဒၚလာ ၆၃ဝဝ နဲ႔ေရာင္းခ်ေပးသြားမယ့္အျပင္ လက္ေဆာင္ေတြကိုလည္း ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္နဲ႔ အျခားၿမိဳ႕မ်ားရွိ Canon အေရာင္းျပခန္း ေတြမွာလည္း ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

[ Unicode ]

ရုပ်ရှင်ရိုက်ကူးရာမှာ ကောင်းမွန်တဲ့ ဗီဒီယိုကင်မရာတွေကို လက်တွေ့လေ့လာစမ်းသပ်နိုင်စေဖို့အတွက် Canon Cinema EOS Experience အစီအစဉ်ကို Wyndham Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ အခြားသောရုပ်ရှင်ကင်မရာကဲ့သို့ အရည်အသွေးမြင့် 4K UHD ရိုက်ကူးနိုင်တဲ့ Canon Cinema C 200 ဗီဒီယိုကင်မရာကို လက်တွေ့စမ်းသပ်နိုင်ရန်အတွက် ပြသခဲ့သလို ရုပ်ရှင်ဒါရိုက်တာ ပန်းချီစိုးမိုးက Canon Cinema C200 ဗီဒီယိုကင်မရာနဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုကိုလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် ရိုက်ကူးရာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြံုနဲ့ ကင်မရာမှာပါတဲ့ ထူးခြားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဆိုပါ ကင်မရာကို သြဂုတ် ၁၆ ရက်မှ စတင်ကာ တစ်လအတွင်း ဝယ်ယူလိုသူတွေအတွက် အထူး စျေးနှုန်းအဖြစ် အမေရိကန် ဒေါ်လာ ၆၃ဝဝ နဲ့ရောင်းချပေးသွားမယ့်အပြင် လက်ဆောင်တွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အခြားမြို့များရှိ Canon အရောင်းပြခန်း တွေမှာလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။