Canon မွ Selfie သမားမ်ားအႀကိဳက္ Compact Camera အသစ္အား လာမည္႔လတြင္ ေရာင္းခ်သြားမည္

[ Zawgyi ]

နာမည္ေက်ာ္ ကင္မရာကုမၸဏီျဖစ္တဲ့ Canon ကုမၸဏီက ေရွ႕လမွာ 40x Optical zoom နဲ႔ 4K ဗီဒီယို ႐ိုက္ႏိုင္ၿပီး Selfie သမားေတြ စိတ္ႀကိဳက္ျဖစ္ေစမယ့္ ကင္မရာေမာ္ဒယ္သစ္ Powershot SX740 HS ကို ေစ်းကြက္အတြင္း ေရာင္းခ်ေတာ့မယ္လို႔ ေၾကညာ လိုက္ပါတယ္။ ဒီေမာ္ဒယ္ဟာ ခရီးေဆာင္ Compact Camera ျဖစ္ၿပီး Optical Zoom အေနနဲ႔ အဆေလးဆယ္ ဆြဲယူႏိုင္ကာ ၃၅ မမ ျမင္ကြင္းနဲ႔ႏိႈင္းယွဥ္ရင္ 24-960mm ျမင္ကြင္းကိုျမင္ႏိုင္မွာပါ။ DIGIC 8 Processing ျဖစ္ၿပီး ရုပ္ပံုအေနနဲ႔ 20.3 MP ရရွိမွာျဖစ္ကာ 10fps ျမန္ႏႈန္းနဲ႔ ႐ိုက္ယူႏိုင္မွာပါ။ ဗီဒီယိုအတြက္ 4K အရည္အေသြးနဲ႔ ႐ိုက္ယူႏိုင္မွာလည္းျဖစ္ပါတယ္။ ISO ကေတာ့ 100 ကေန 3200 အထိ ရႏိုင္ပါတယ္။ Display အေနနဲ႔ 922k-dot Resolution ေထာက္ပံ့ေပးထားၿပီး အဆိုပါ LCD ဟာ ၁၈၀ ဒီဂရီ ပံုရိပ္ဖမ္းမွန္ ဘီလူးဘက္ကို တည့္တည့္လွည့္ႏိုင္တဲ့အတြက္ Selfie ၀ါသနာရွင္ေတြ အတြက္ ပိုအဆင္ေျပပါလိမ့္မယ္။

နည္းပညာပိုင္းမွာ ဆန္းသစ္ထားတဲ့ Feature ေတြပါ၀င္ေထာက္ပံ့ထားသလို iOS, Android OS ေတြနဲ႔လည္း ကင္မရာကို ခ်ိတ္ဆက္ႏိုင္တယ္လို႔ ေၾကညာခ်က္ထဲမွာ ပါဝင္ပါတယ္။ Powershot SX740 HS ကို ေရွ႕လမွာ ေစ်းကြက္အတြင္းေရာင္းခ်ဖြယ္ရွိၿပီး Canon UK ေစ်းကြက္ထဲမွာယူ႐ို 349.99 ,USD 399.99 $ နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: digitalcameraworld

[ Unicode ]

နာမည်ကျော် ကင်မရာကုမ္ပဏီဖြစ်တဲ့ Canon ကုမ္ပဏီက ရှေ့လမှာ 40x Optical zoom နဲ့ 4K ဗီဒီယို ရိုက်နိုင်ပြီး Selfie သမားတွေ စိတ်ကြိုက်ဖြစ်စေမယ့် ကင်မရာမော်ဒယ်သစ် Powershot SX740 HS ကို စျေးကွက်အတွင်း ရောင်းချတော့မယ်လို့ ကြေညာ လိုက်ပါတယ်။ ဒီမော်ဒယ်ဟာ ခရီးဆောင် Compact Camera ဖြစ်ပြီး Optical Zoom အနေနဲ့ အဆလေးဆယ် ဆွဲယူနိုင်ကာ ၃၅ မမ မြင်ကွင်းနဲ့နှိုင်းယှဉ်ရင် 24-960mm မြင်ကွင်းကိုမြင်နိုင်မှာပါ။ DIGIC 8 Processing ဖြစ်ပြီး ရုပ်ပုံအနေနဲ့ 20.3 MP ရရှိမှာဖြစ်ကာ 10fps မြန်နှုန်းနဲ့ ရိုက်ယူနိုင်မှာပါ။ ဗီဒီယိုအတွက် 4K အရည်အသွေးနဲ့ ရိုက်ယူနိုင်မှာလည်းဖြစ်ပါတယ်။ ISO ကတော့ 100 ကနေ 3200 အထိ ရနိုင်ပါတယ်။ Display အနေနဲ့ 922k-dot Resolution ထောက်ပံ့ပေးထားပြီး အဆိုပါ LCD ဟာ ၁၈၀ ဒီဂရီ ပုံရိပ်ဖမ်းမှန် ဘီလူးဘက်ကို တည့်တည့်လှည့်နိုင်တဲ့အတွက် Selfie ၀ါသနာရှင်တွေ အတွက် ပိုအဆင်ပြေပါလိမ့်မယ်။

နည်းပညာပိုင်းမှာ ဆန်းသစ်ထားတဲ့ Feature တွေပါ၀င်ထောက်ပံ့ထားသလို iOS, Android OS တွေနဲ့လည်း ကင်မရာကို ချိတ်ဆက်နိုင်တယ်လို့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။ Powershot SX740 HS ကို ရှေ့လမှာ စျေးကွက်အတွင်းရောင်းချဖွယ်ရှိပြီး Canon UK စျေးကွက်ထဲမှာယူရို 349.99 ,USD 399.99 $ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: digitalcameraworld