Canon ထုတ်ကုန်သစ်များအကြောင်း Online Talk Show ပြုလုပ်မည်

Canon Authorized Distributor – Myanmar မှ Canon ရဲ့ ထုတ်ကုန်သစ်များ အကြောင်း Online Talk Show ကို စက်တင်ဘာ ၁၉ ရက်၊ ညနေ ၆ နာရီမှာ တိုက်ရိုက် Live ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Online Talk Show မှာ ကို ပညာရှင်သုံးဦးက ရှင်းလင်းပြောကြားမှာဖြစ်ပြီး Canon အနေနဲ့ မကြာသေးမီက နည်းပညာအသစ် ဖြစ်တဲ့ EOS R System ရဲ့ ဒုတိယမျိုးဆက်သစ် EOS R5 နဲ့ R6 ကင်မရာအမျိုးအစားသစ် ၂ မျိုးနဲ့အတူ နောက်ဆုံးပေါ် Optic နည်းပညာများနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ RF Lens အသစ်များအကြောင်း၊ လက်ရှိလူသုံးများနေတဲ့ နည်းပညာဟောင်း EF System မှ နည်းပညာသစ်ဖြစ်တဲ့ RF System ကို အဆင့်မြှင့်တင် ပြောင်းလဲအသုံးပြုဖို့ သင့်တော်တဲ့အချိန်ရောက်ပြီလား၊ EOS RF System ရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ ဘာအတွက်ကြောင့် EF System မှ RF System ကို အဆင့်မြှင့်တင် ပြောင်းလဲအသုံးပြုသင့်တာလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

အစီအစဉ်ကို “Canon Authorized Distributor – Myanmar” ရဲ့ Official Facebook Page ကနေ Live လွှင့်သွားမှာဖြစ်ပြီး Lucky Draw ကံစမ်းမဲအစီအစဉ်များကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««