CANAL+ နှင့် MPT တို့ပူးပေါင်း၍ အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်

CANAL+ နဲ့ MPT တို့ပူးပေါင်းပြီး myCANAL Myanmar မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းမှ တစ်ဆင့် အခပေး အထူးရုပ်သံလိုင်း ၉ လိုင်းနဲ့ အခမဲ့ ရုပ်သံလိုင်း ၂ လိုင်းကို တစ်ပတ်စျေးနှုန်း ၈၀၀ ကျပ်နဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် အမိုက်စား အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။

myCANAL Myanmar မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းမှ CANAL+ ZAT LENN (ဇာတ်လမ်း)၊ CANAL+ SPORTS (အားကစား)၊ CANAL+ ACTION (အက်ရှင်)၊ CANAL+ MAE MADI (မယ်မဒီ)၊ CANAL+ SU SANN (စူးစမ်း)၊ CANAL+ GITA (ဂီတ)၊ CANAL+ HA HA (ဟဟ)၊ CANAL+ CHATATE (ချာတိတ်)၊ CANAL+ PUPTUTUE (ပူတူတူး) တို့ဖြစ်ပြီး အခမဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV-4 နဲ့ Channel 7 တို့လည်းပါဝင်ပါတယ်။ တစ်ပတ် ၈၀၀ ကျပ်နဲ့ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ တစ်ပတ် ၉၉၉ ကျပ်နဲ့ ဆက်လက်ခံစားကြည့်ရှုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းကို Google Play Store နဲ့ Apple App Store မှ တစ်ဆင့် ဒေါင်းလုတ်ဆွဲရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ