CANAL+ တပ်ဆင်ထားသူများ ဧပြီ ၁၁ ရက် မှ ၁၆ ရက်အထိ လိုင်းပေါင်း ၈ဝ ကျော်အခမဲ့ကြည့်ရူနိုင်မည်

CANAL+ မြန်မာမှ သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားသော ဇာတ်ကားများ၊ ကိုယ်ပိုင်ထုတ်လုပ်ရိုက်ကူးတင်ဆက်မှုများ၊ အစီအစဉ်များနှင့် အခြားသော ထုတ်လွှင့်ရိုက်ကူးမှုများကို လစဉ်ကြေးပေးဆောင်ရန် မလိုဘဲ သင်္ကြန်အချိန်ခါသမယအတွင်း အခမဲ့ကြည်ရူ့နိုင်မယ်လို့ သိရပါတယ်။

“အခုလိုအချိန်မျိုးမှာ ကျန်းမာရေးကို အဓိကထားပြီး ဂရုစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာပြည်သူတွေနဲ့ မိသားစုအားလုံး ဖျော်ဖြေရေး ကောင်းမွန်ပြီး စိတ်ကျေနပ်လောက်စရာကောင်းတဲ့ အစီအစဉ်တွေကို ကြည့်ရူကာ ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေကို ကုန်ဆုံးစေနိုင်ဖို့ နည်းလမ်းကောင်းတွေကို အမြဲတမ်း စဉ်းစားနေတာပါ။ ဒါကြောင့် CANAL+ စက်ကို တပ်ဆင်ထားရှိသူတိုင်းအတွက် ကျန်းမာရေးဂရုစိုက်ကာ အိမ်မှာပဲနေပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနိုင်စေဖို့အတွက်လည်း အခုလို အခမဲ့ကြည့်ရူနိုင်ရန် လုပ်ဆောင်ပေးရခြင်း ဖြစ်ပါတယ်” လို့ CANAL+ Myanmar FG ရဲ့ CEO ဖြစ်သူ Mr. Erwan LUHERNE ကပြောပါတယ်။

CANAL+ မြန်မာမှ CANAL+ စက် တပ်ဆင်ထားရှိသူ အားလုံးအတွက် ဧပြီ ၁၁ ရက် မှ ၁၆ရက်အတွင်း လိုင်းပေါင်း ၈ဝ ကျော်ကိုအခမဲ့ကြည်ရူ့နိုင်ရန် အတွက် ပြုလုပ်ထားပြီး လတ်တလောကူးစက်ပြန့်ပွားလျက်ရှိသော ရောဂါမှ မိမိကိုယ်ကို ကာကွယ်ကာ အိမ်မှ လုံခြုံနွေးထွေးစွာ အနားယူနိုင်စေဖို့ ရည်ရွယ် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ