Canadian Pre-University (CPU) Program ကို တက်ရောက်သင်ကြားနေတဲ့ မအလိမ္မာရဲ့ Student Life

Taylor’s College ၏ ကနေဒါ နိုင်ငံပညာရေး ဝန်ကြီးဌာန အသိအမှတ်ပြု တက္ကသိုလ်အကြို Foundation ဖြစ်သော Canadian Pre-University (CPU) Program ကို တက်ရောက်သင်ကြားနေတဲ့ မအလိမ္မာရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးပြီးဆုံးခဲ့တဲ့ ပညာအရည်အချင်းနဲ့ အသက်ဘယ်လောက်ရှိပြီလဲ။

Grade (11) ကို N-3 Bo-arding & Private School မှ (၄) ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ အသက်ကတော့ ၁၇ နှစ်ရှိပါပြီ။

အခု ဘယ်ကျောင်းမှာ ဘယ်ဘာသာရပ်ကို တက်ရောက်နေတာပါလဲ။

Taylor’s College ရဲ့ Canada နိုင်ငံပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု တက္ကသိုလ်အကြို Foundation ဖြစ်တဲ့ Canadian
PreUniversity (CPU) Program ကို (၁)နှစ် သင်ယူရမှာဖြစ်ပါတယ်။

ဒီဘာသာရပ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါ။

ဘယ်တက္ကသိုလ် ရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ရသေးခင်မှာ ဖေဖေရဲ့သူငယ်ချင်းဆီကနေ MSI ပညာရေးဝန်ဆောင်မှု အကြောင်းကြားလို့ MSI ကို သွားပြီးမေးခဲ့တယ်။ MSI က Taylor’s University ကို ရွေးချယ်ဖို့ Recommended ပေးခဲ့တယ်။ မိဘ
တွေနဲ့ တိုင်ပင်ပြီး MSI ကပြောတဲ့အတိုင်း Taylor’s မှာ အရင်ကျောင်းတက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ Canada နိုင်ငံတက္ကသိုလ်
Foundation ဖြစ်တဲ့အတွက် Bachelor တန်းကို ကြိုက်တဲ့နိုင်ငံမှာ သွားတက်လို့ရတယ်။ University အရေအတွက် ကန့်သတ်ချက်မရှိဘူး။

CPU Program မှာ ဘယ်လိုဘာသာရပ်တွေကို သင်ကြားခဲ့ရလဲ။ သင်ကြားရတဲ့ အတွေ့အကြုံလေးတွေ ဝေမျှပေးပါဦး။

CPU မှာ ဘာသာရပ်ပေါင်း (၃၀) ဝန်းကျင်လောက်ရှိတယ်။ အဲဒီထဲမှာ Computer Science, Advanced Functions, ENG4U ဘာသာရပ်တွေကို ဒီ Se-mester မှာ ရွေးပြီးယူထားတယ်။ CPU မှာ Course က Group Work, Individual Work, Assignment တွေ၊ Presentation တွေက တကယ့်လက်တွေ့ ကျကျသင်ရတယ်။ Physics, Chemistry, Bio တွေဆိုရင် Lab ထဲကိုဝင်ပြီး စည်းစနစ်ကျကျ လုပ်ရတယ်။ သင်ထောက်ကူပစ္စည်းတွေ အပြည့်အစုံရှိပြီး Business နှင့် Marketing ပိုင်းမှာလဲ Field တွေဆင်းရတယ်။ တက္ကသိုလ်အကြို Foundation တက်ပြီး တကယ့်လက်တွေ့ကျကျ Training ဆင်းရတဲ့အတွက် နောက်ထပ် University တွေမှာ ကျောင်းလျှောက်ဖို့ အတွက်တင်မဟုတ်ဘဲ ဘွဲ့ရပြီး အလုပ်လုပ်ဖို့ အထောက်အကူတွေ အများကြီးရတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် Oxford တက္ကသိုလ်ထိတောင် သွားတက်လို့ရတယ်။ မြန်မာနိုင်ငံ ကျောင်းသူ/သားတစ်ယောက်မှ မရှိသေးဘူး။ ကမ္ဘာ့တက္ကသိုလ်တွေကို သွားချင်ရင် ပညာရေးစနစ် ကောင်းတဲ့ Pre-University မျိုးကို တက်သင့်တယ်။ CPU ပြီးထားရင် ဘယ်တက္ကသိုလ်မျိုးကိုမဆို ကျောင်းလျှောက်ဖို့ လွယ်ကူတဲ့အပြင် နိုင်ငံတကာရဲ့ ပညာရေးစနစ်လမ်းကြောင်းတွေကိုပါ ကောင်းကောင်းကြီး သိသွားတယ်။

International Student Bursary ရဖို့အတွက် MSI ကနေ လျှောက်ထားဖို့ ဘာတွေလိုအပ်လဲ၊ ပညာသင်စရိတ် ဘယ်လောက်ရခဲ့လဲ။

MSI ကတစ်ဆင့် CPU Program တက်ဖို့အတွက် (၂၅%) ပညာသင်ဆုရခဲ့တယ်။ ကျောင်းလခက First Semester မှာ မလေးရှားရင်းဂစ် (၁၆၇၆၅)၊ မြန်မာကျပ်ငွေ (သိန်း ၅၀) ဝန်းကျင်လောက် ကုန်ကျတယ်။ (၂၅%) ပညာသင်ဆုရတော့ School Fees
အပါအ၀င် Admission Fees တွေ Visa ခတွေ ဆေးစစ်ချက်တွေအားလုံးကို ပေါင်းတော့ မြန်မာကျပ်ငွေ (၃၅) သိန်း ဝန်းကျင်ကုန်ကျတယ်။ Second Semester ကတော့ ဘာသာရပ်အလိုက် တစ်ဘာသာဘယ်လောက် ပေးရတယ်ဆိုတဲ့အပေါ်မူတည်ပြီး ကျောင်းလခက ပေးရတယ်။ မြန်မာနိုင်ငံမှာ တက်လည်း အဲလောက်ပဲ ကုန်ပေမယ့် Teaching နဲ့ Learning ပုံစံတွေက  ကိုယ်သင်ယူချင်တဲ့ ပုံစံအတိုင်းမရဘူး။ Lab ခန်းထဲဝင်တဲ့ ကုန်ကျစရိတ်က နည်းနည်းထပ်ပေးရတယ်။

ဘွဲ့ဒီဂရီတန်း ဆက်လက်တက်ရောက်ဖို့အတွက် ဘယ် Major ကို အဓိကထား သင်ယူဖို့စဉ်းစားထားလဲ။

Computer Science (သို့) Information Technology ဘာသာရပ်ကို Specialize ထား သင်ယူမယ်လို့ စဉ်းစားထားတယ်။

ပြည်ပမှာ ကျောင်းသွားတက်မယ့် ကျောင်းသူ/သားတွေအနေနဲ့ အင်္ဂလိပ်စာကို ဘယ်လိုကြိုတင်ပြင်ဆင်သင့်လဲ၊ အင်္ဂလိပ်အပြင် တခြားပြင်ဆင်စရာဘာတွေ လိုအပ်လဲ။

အင်္ဂလိပ်စာကို အဓိကထားလေ့လာ စေချင်ပါတယ်။ English Language က အရေးကြီးလို့ သေချာ လေ့လာစေချင်ပါတယ်။ မလေးရှားနိုင်ငံမှာ အဓိက ကျောင်းတွေ၊ လုပ်ငန်းတွေမှာက English နှင့် Chinese သုံးတယ်။ စာသင်ကျောင်းတွေက English
လိုပဲသင်တယ်။ အပြင်ဈေးဝယ်ထွက်ရင် English နဲ့ Chinese လို ပြောလို့ရတဲ့အတွက် အဲဒီဘာသာစကား (၂) မျိုးလုံးကို လေ့လာ
ထားပါ။ English က ပထမ ဦးစားပေးဘာသာရပ်ဆိုတော့ English စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားရင် အဆင်ပြေမယ်လို့ထင်
တယ်။ သူငယ်ချင်းတွေ အချင်းချင်း စကားပြောတာကအစ ဆရာမတွေ စာရှင်းပြရင် အားလုံးက English နဲ့ပဲ ပြောတယ်။

ကျောင်းတက်နေစဉ်ကြုံ တွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းခဲ့လဲ။

ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ အစားအသောက် အနေအထိုင် အစအဆုံး ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်ရတဲ့အတွက် စိတ်ကို ပြင်ဆင်ထားဖို့ လိုပါတယ်။ English စာ Format တွေက အစ Mathematics Format တွေ အဆုံးအားလုံးသင်တဲ့ နည်းတွေ Style တွေကအစ အားလုံးကွဲပြားတယ်။ စာတွေအရမ်းများလာရင် နေ့မနားညမအား လုပ်ရတယ်။ Quality Education ကို လိုချင်ရင် စာကြိုးစားရမယ်။ အခက်အခဲတွေတော့ ရှိတယ်။ အရေးကြီးဆုံးက Socialozation မရှိရင် အခက်အခဲရှိမယ်။ ကြိုးစားပြီး ကိုယ့်ကို
ကိုယ်ပြင်ယူမယ် ဆိုရင် ကောင်းတယ်။

မလေးရှားပညာရေး လမ်းကြောင်းကို ရွေးချယ်ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။

မြန်မာနိုင်ငံနဲ့လည်း နီးတယ်။ ကနေဒါနိုင်ငံ ပညာရေးစနစ်ကိုလည်း ကြိုက်တယ်။ ဖေဖေက မလေးရှားမှာ တာဝန်ထမ်းဆောင်နေတော့ မလေးရှားနိုင်ငံက စာသင်ဖို့အတွက် ကောင်းတဲ့နေရာတစ်ခုလို့ ဖေဖေကပြောတယ်။ MSI ကလည်း Taylor’s တက္ကသိုလ်ရဲ့ Pre-University (တက္ကသိုလ်အကြို Foundation) က World Wide Recognize Brand လို့ ပြောတဲ့အတွက် ရွေးချယ်ခဲ့တာပါ။

-သန္တာ