Canadian International Matriculation Program (CIMP) အတွက် ရာနှုန်းပြည့် ပညာသင်ဆုဖြင့် တက်ရောက်နိုင်မည်

တက္ကသိုလ်ဝင်တန်း၊ IGCSE, GCE ‘O’ Level ပြီးထားတဲ့ ကျောင်းသား/သူများအနေနဲ့ Canadian International Matriculation Program (CIMP) အတွက် ရာနှုန်းပြည့် ပညာသင်ဆုဖြင့် မလေးရှားနိုင်ငံရှိ Sunway University မှာ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

RM 5,000 မှစတင်ကာ ရာနှုန်းပြည့်ပညာသင်ဆု ရရှိအောင် လျှောက်ထားနိုင်မယ့် အခွင့်အရေး များရှိပြီး CIMP သည် နိုင်ငံတကာ (12) တန်း ပညာရေးနဲ့ ညီမျှပြီး ကနေဒါ ပညာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်များနဲ့အညီ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်အကြို ဖောင်းဒေးရှင်း Program တစ်ခုဖြစ်ပါတယ် ။ CIMP ဘွဲ့ရများသည် တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်များမှာ ဝင်ခွင့်အဖြစ် လက်ခံထားတဲ့ Ontario Secondary School Diploma (OSSD) ဘွဲ့ကို ရရှိမှာဖြစ်ပြီး မလေးရှားနိုင်ငံရှိ Sunway University မှာ သင်ယူရမှာပါ ။

CIMP သည် မြင့်မားတဲ့ ပညာစံချိန်စံညွှန်းများနဲ့ ပြည့်စုံတိကျတဲ့ Program တစ်ခုဖြစ်သည့်အလျောက် ကနေဒါသင်ရိုးညွှန်းတမ်းများထဲမှ အရေးကြီးသော စဉ်းစားတွေးခေါ်မှု ၊ ဆန်းသစ်တီထွင်မှု နှင့် ပူးပေါင်းခြင်းစတဲ့ စွမ်းရည်များကို အလေးထားပြီး ကျောင်းသား/သူများရဲ့ တက္ကသိုလ်ပညာရေးနှင့် အနာဂတ် အသက်မွေးဝမ်းကျောင်းမှုအတွက် ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်ပေးနိုင်တဲ့ Program ကောင်းတစ်ခုဖြစ်ပါတယ် ။

CIMP တက်ရောက်ပြီးတာနဲ့ မိမိပညာရေးရလဒ်များပေါ်မူတည်၍ တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်များ၏ ပထမနှစ်မှ စတင် တက်ရောက်ခွင့် ရရှိမှာဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီ၊ မတ်၊ ဇူလိုင် နဲ့ စက်တင်ဘာများမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ် ။ စာသင်ကာလမှာ မိမိရဲ့ မြန်မာပြည်မှာ သင်ကြားခဲ့တဲ့ ပညာရေး ရလဒ်များပေါ်မူတည်ပြီး ၉ လမှ ၁၅ လခန့် ကြာမြင့်မှာဖြစ်ပါတယ် ။ Program ပြီးဆုံးဖို့ Class Work (70%) နှင့် ကျန် (30%) ကိုတော့ စာမေးပွဲဖြေဆိုပြီး ရလဒ်များကို ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး Performing Arts, Business, Computer Studies, English Courses, Health and Physical Education, Mathematics, Sciences နဲ့ Social Sciences စတဲ့ Subjects များထဲမှ Subjects (6) ခုကို မိမိစိတ်ကြိုက် ရွေးချယ်သင်ယူနိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း-၀၉၅၁၀၃၉၁၅ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««