Campana Mythic မှ ကွန်ရက် ဝန်ဆောင်မှုပေးမည်

စင်ကာပူအခြေစိုက် Campana Group Pte.,Ltd ရဲ့ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Campana Mythic Co.,Ltd မှ ပြည်တွင်းတွင် Internation Gateway (IGW) ဝန်ဆောင်မှုကို ပေးသွားမယ်လို့ Campana Group Pte ရဲ့ CEO ကုမ္ပဏီ၏ အမှုဆောင်အရာရှိဖြစ်သူ မစ္စတာဝင်းအုန်းက ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံကို ထိုင်းနိုင်ငံကနေတစ်ဆင့် ဆက်သွယ်ပေးထားတဲ့ IGW ဝန်ဆောင်မှုကို ပြည်တွင်းမှာ ပေးသွားမှာပါ။ ဝန်ဆောင်မှုကိုတော့ ၂၀၁၈ နှစ်စပိုင်း ပထမသုံးလပတ်ထဲမှာ ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ ကွန်ရက်ရဲ့ မြန်နှုန်းကတော့ ၈ မီလီယံ မီဂါဗိုက်မြန်နှုန်းနဲ့ အသုံးပြုနိုင်မှာပါ” လို့ဆိုပါတယ်။

ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရောတွေရဲ့ ကွန်ရက်မြန်နှုန်းကတော့ ၃၀၀ ဂယ်ဂါဗိုက်အမြန်နှုန်းရှိကြောင်း၊ ပြည်တွင်းမှာ ပေးသွားမယ့် ကွန်ရက်ဝန်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးတဲ့အချိန်မှာ ရန်ကုန်မြို့တွင်သာ စတင်ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း၊ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။

-အောင်သက်ကို