Cambridge Analytica အ႐ႈပ္ေတာ္ပုံနဲ႔ပတ္သက္ၿပီး ဒဏ္ေငြခ်မွတ္ခံရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ Facebook

[ Zawgyi ]

Facebook ဟာ သုံးစြဲသူသန္းေပါင္းမ်ားစြာရဲ႕ တစ္ကုိယ္ေရအခ်က္အလက္ အသုံးျပဳခြင့္ကို Cambridge Analytica ထံခြင့္ျပဳခဲ့တဲ့အတြက္ ယူေက သတင္းအခ်က္အလက္ေကာ္မရွင္ရဲ႕ စုံစမ္းစစ္ေဆးမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။

Facebook အေနနဲ႔ အျခားသူေတြက သုံးစြဲသူအခ်က္အလက္ကုိ ဘယ္လိုရယူသြားတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈ မရွိသလို သုံးစြဲသူအခ်က္အလက္ ကာကြယ္ဖို႔ ပ်က္ကြက္ခဲ့တာကို ေတြ႕ရွိခဲ့ၿပီးေနာက္ ကနဦး ဒဏ္ေၾကးေငြ ေပါင္ ၅၀၀,၀၀၀ (ေဒၚလာ ၆၆၄,၀၀၀) ေပးေဆာင္ဖို႔ ယူေက သတင္းအခ်က္အလက္ေကာ္မရွင္႐ုံးက ထုတ္ျပန္ခဲ့ပါတယ္။ Facebook ဟာ သုံးစြဲသူ ၈၇ သန္းရဲ႕ အခ်က္အလက္ေတြကုိ ေဒၚနယ္ထရမ့္ရဲ႕သမၼတေရြးေကာက္ပြဲ လႈ႔ံေဆာ္မႈဆိုင္ရာ ဒီဂ်စ္တယ္အႀကံေပး ကုမၸဏီ Cambridge Analytica နဲ႔ မေလ်ာ္မကန္ဘဲ အခ်က္အလက္ေတြ ေဝမွ်ခဲ့တာကို ေတြ႕ရွိအၿပီးမွာ ဒဏ္ေၾကးေငြကုိ ထပ္တိုးေကာက္ခံမွာ ျဖစ္ပါတယ္။

သတင္းအခ်က္အလက္ေကာ္မရွင္႐ုံး (ICO) ရဲ႕ အၿပီးသတ္စီရင္ခ်က္ မခ်ခင္မွာ Facebook အေနနဲ႔ အဆိုျပဳထားတဲ့ ဒဏ္ေၾကးနဲ႔ ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

“ကၽြန္မတို႔အေနနဲ႔ ေရွ႕ကေျပာခဲ့သလိုပါပဲ။ Cambridge Analytica နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈနဲ႔ အေရးယူမႈေတြကို ၂၀၁၅ ခုႏွစ္မွာ ျပဳလုပ္ခဲ့သင့္တာပါ။ ကၽြန္မတို႔အေနနဲ႔ Cambridge Analytica စုံစမ္းစစ္ေဆးမႈကုိ ICO နဲ႔ တြဲဖက္လုပ္ကုိင္ေနပါတယ္။ အေမရိကန္နဲ႔ အျခားႏိုင္ငံအတြငး္က အာဏာပုိင္ေတြနဲ႔ တြဲဖက္ေအာင္ရြက္ေနပါတယ္။ ကၽြန္မတို႔အေနနဲ႔ အစီရင္ခံစာကုိ ျပန္လည္သုံးသပ္ေနၿပီး မၾကာခင္မွာ ICO ကို အေၾကာင္းျပန္သြားပါမယ္” လို႔ Facebook က ထုတ္ျပန္ခဲ့ပါတယ္။

ICO ဒဏ္ေၾကးေငြက အစိတ္အပုိင္း အေသးစားေလး တစ္ခုျဖစ္ပါတယ္။ Facebook အေနနဲ႔ ဥေရာပသမဂၢဥပေဒသစ္ကုိလည္း ရင္ဆုိင္ရႏိုင္ပါတယ္။ အီးယူဥပေဒသစ္အရ ဥေရာပသမဂၢႏိုင္ငံမွာ ေနထိုင္သူေတြဟာ အခ်က္အလက္ ေဝမွ်ထားတဲ့ အခ်ိန္မွာ ထိခိုက္နစ္နာတဲ့ တစ္ကုိယ္ေရ အခ်က္အလက္ကုိ ပုိမိုထိန္းခ်ဳပ္ခြင့္ရွိပါတယ္။ General Data Proctection Regulation (GDPR) စည္းမ်ဥ္းအရ ကုမၸဏီရဲ႕ကမၻာလုံးဆုိင္ရာ ႏွစ္စဥ္ဝင္ေငြ ၄ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ယူ႐ိုသန္း ၂၀ အထိ ဒဏ္ေၾကးေငြ ေပးေဆာင္ ရႏိုင္ပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း Facebook ရဲ႕ႏွစ္စဥ္ဝင္ေငြဟာ ေဒၚလာဘီလ်ံ ၄၀ နီးပါးရွိတဲ့အတြက္ ဒဏ္ေၾကးေငြ အျမင့္ဆုံး ၁.၆ ဘီလ်ံအထိ ေပးေဆာင္ရႏိုင္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Facebook ဟာ သုံးစွဲသူသန်းပေါင်းများစွာရဲ့ တစ်ကိုယ်ရေအချက်အလက် အသုံးပြုခွင့်ကို Cambridge Analytica ထံခွင့်ပြုခဲ့တဲ့အတွက် ယူကေ သတင်းအချက်အလက်ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

Facebook အနေနဲ့ အခြားသူတွေက သုံးစွဲသူအချက်အလက်ကို ဘယ်လိုရယူသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိသလို သုံးစွဲသူအချက်အလက် ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာကို တွေ့ရှိခဲ့ပြီးနောက် ကနဦး ဒဏ်ကြေးငွေ ပေါင် ၅၀၀,၀၀၀ (ဒေါ်လာ ၆၆၄,၀၀၀) ပေးဆောင်ဖို့ ယူကေ သတင်းအချက်အလက်ကော်မရှင်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ Facebook ဟာ သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်တွေကို ဒေါ်နယ်ထရမ့်ရဲ့သမ္မတရွေးကောက်ပွဲ လှု့ံဆော်မှုဆိုင်ရာ ဒီဂျစ်တယ်အကြံပေး ကုမ္ပဏီ Cambridge Analytica နဲ့ မလျော်မကန်ဘဲ အချက်အလက်တွေ ဝေမျှခဲ့တာကို တွေ့ရှိအပြီးမှာ ဒဏ်ကြေးငွေကို ထပ်တိုးကောက်ခံမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက်ကော်မရှင်ရုံး (ICO) ရဲ့ အပြီးသတ်စီရင်ချက် မချခင်မှာ Facebook အနေနဲ့ အဆိုပြုထားတဲ့ ဒဏ်ကြေးနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

“ကျွန်မတို့အနေနဲ့ ရှေ့ကပြောခဲ့သလိုပါပဲ။ Cambridge Analytica နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုနဲ့ အရေးယူမှုတွေကို ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့သင့်တာပါ။ ကျွန်မတို့အနေနဲ့ Cambridge Analytica စုံစမ်းစစ်ဆေးမှုကို ICO နဲ့ တွဲဖက်လုပ်ကိုင်နေပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံအတွငး်က အာဏာပိုင်တွေနဲ့ တွဲဖက်အောင်ရွက်နေပါတယ်။ ကျွန်မတို့အနေနဲ့ အစီရင်ခံစာကို ပြန်လည်သုံးသပ်နေပြီး မကြာခင်မှာ ICO ကို အကြောင်းပြန်သွားပါမယ်” လို့ Facebook က ထုတ်ပြန်ခဲ့ပါတယ်။

ICO ဒဏ်ကြေးငွေက အစိတ်အပိုင်း အသေးစားလေး တစ်ခုဖြစ်ပါတယ်။ Facebook အနေနဲ့ ဥရောပသမဂ္ဂဥပဒေသစ်ကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ အီးယူဥပဒေသစ်အရ ဥရောပသမဂ္ဂနိုင်ငံမှာ နေထိုင်သူတွေဟာ အချက်အလက် ဝေမျှထားတဲ့ အချိန်မှာ ထိခိုက်နစ်နာတဲ့ တစ်ကိုယ်ရေ အချက်အလက်ကို ပိုမိုထိန်းချုပ်ခွင့်ရှိပါတယ်။ General Data Proctection Regulation (GDPR) စည်းမျဉ်းအရ ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ်ဝင်ငွေ ၄ ရာခိုင်နှုန်း ဒါမှမဟုတ် ယူရိုသန်း ၂၀ အထိ ဒဏ်ကြေးငွေ ပေးဆောင် ရနိုင်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း Facebook ရဲ့နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာဘီလျံ ၄၀ နီးပါးရှိတဲ့အတွက် ဒဏ်ကြေးငွေ အမြင့်ဆုံး ၁.၆ ဘီလျံအထိ ပေးဆောင်ရနိုင်ပါတယ်။

စိုးထက်
Ref: CNET