Call center ေတြေနရာ အစားဝင္ေရာက္လာႏိုင္တဲ့ Google Duplex Assistant

[Zawgyi]

ကုမၸဏီႀကီးတခ်ိဳ႕ဟာ Google ရဲ႕ natural language voice assistant ျဖစ္တဲ့ Duplex ကို စမ္းသပ္မႈျပဳလုပ္ေနတာ အေစာပုိင္းအဆင့္ပဲရွိပါတယ္။ Duplex ကုိေမးခြန္းေတြ ေျဖၾကားဖို႔အတြက္ call center ေတြက coporate application ေတြမွာ အသုံးျပဳေနၾကတယ္လို႔ The Information က ေဖာ္ျပခဲ့ပါတယ္။

အခုသတင္းဟာ cloud အေျခခံ customer call-center လုပ္ငန္းက ၿပီးခဲ့တဲ့ႏွစ္မွာ ေဒၚလာ ၆.၈ သန္းအထိ တိုးတက္ျမင့္မားလာတဲ့ေနာက္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဲဒီလုပ္ငန္းဟာ ၂၀၂၀ ခုႏွစ္အေရာက္မွာ ေဒၚလာ ၂၀.၉ ဘီလ်ံအထိ ေရာက္ရွိလာမယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။ Call center လုပ္ငန္းထဲမွာ Amazon, IBM, Microsoft, Cisco, Avaya နဲ႔ Genesys တုိ႔ပါဝင္ပါတယ္။

ကုမၸဏီအေနနဲ႔ Duplex နည္းပညာကို လုပ္ငန္းေတြနဲ႔ ထိထိေရာက္ေရာက္ စမ္းသပ္ေနတာမ်ိဳး မရိွေသးေပမယ့္ လုပ္ငန္းေတြကေတာ့ အဲဒီနည္းပညာကို အသုံးျပဳႏိုင္မယ့္ နည္းလမ္းေတြကုိ ကုိယ္ပုိင္ရွာေဖြ စမ္းသပ္ႏိုင္တယ္လို႔ Google ေျပာေရးဆိုခြင့္ရွိသူက The Information ကုိေျပာခဲ့ပါတယ္။

ကုမၸဏီႀကီးတခ်ိဳ႕ရဲ႕ စမ္းသပ္မႈေအာင္ျမင္ခဲ့ရင္ Google Duplex ဟာ call-center လုပ္ငန္းကို သိမ္းပုိက္ဖြယ္ရွိၿပီး call-center ဝန္ထမ္းေတာ္ေတာ္မ်ားမ်ား အလုပ္လက္မဲ့ ျဖစ္လာႏိုင္ပါတယ္။ Google Duplex အေနနဲ႔ မေခ်မငံဆက္ဆံတဲ့ ဖုန္းေခၚဆိုသူေတြကို နားလည္ၿပီး သင့္ေတာ္ေအာင္ ျပန္ၾကားႏိုင္မလားဆိုတာေတာ့ မသိေသးပါဘူး။

Google ရဲ႕ Duplex သ႐ုပ္ျပသမႈဟာ ၿပီးခဲ့တဲ့ Google I/O ကြန္ဖရင့္အတြင္း လူအစိတ္ဝင္စားဆုံး ေခါင္းစဥ္ေတြထဲက တစ္ခုျဖစ္လာပါတယ္။ Google Duplex ဟာ Google Assistant ကိုတုိးခ်ဲ႕ထားတာျဖစ္ၿပီး လူသားအသံနဲ႔ သဘာဝက်တဲ့ ဘာသာစကားကို ေျပာဆိုႏိုင္သလို ျပင္ပေလာကမွာရိွတဲ့ တကယ့္လုပ္ငန္းေတြကုိ ဖုနး္ေခၚဆိုေပးႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[Unicode]

ကုမ္ပဏီကြီးတချို့ဟာ Google ရဲ့ natural language voice assistant ဖြစ်တဲ့ Duplex ကို စမ်းသပ်မှုပြုလုပ်နေတာ အစောပိုင်းအဆင့်ပဲရှိပါတယ်။ Duplex ကိုမေးခွန်းတွေ ဖြေကြားဖို့အတွက် call center တွေက coporate application တွေမှာ အသုံးပြုနေကြတယ်လို့ The Information က ဖော်ပြခဲ့ပါတယ်။

အခုသတင်းဟာ cloud အခြေခံ customer call-center လုပ်ငန်းက ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၆.၈ သန်းအထိ တိုးတက်မြင့်မားလာတဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဟာ ၂၀၂၀ ခုနှစ်အရောက်မှာ ဒေါ်လာ ၂၀.၉ ဘီလျံအထိ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ Call center လုပ်ငန်းထဲမှာ Amazon, IBM, Microsoft, Cisco, Avaya နဲ့ Genesys တို့ပါဝင်ပါတယ်။

ကုမ္ပဏီအနေနဲ့ Duplex နည်းပညာကို လုပ်ငန်းတွေနဲ့ ထိထိရောက်ရောက် စမ်းသပ်နေတာမျိုး မရှိသေးပေမယ့် လုပ်ငန်းတွေကတော့ အဲဒီနည်းပညာကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ကိုယ်ပိုင်ရှာဖွေ စမ်းသပ်နိုင်တယ်လို့ Google ပြောရေးဆိုခွင့်ရှိသူက The Information ကိုပြောခဲ့ပါတယ်။

ကုမ္ပဏီကြီးတချို့ရဲ့ စမ်းသပ်မှုအောင်မြင်ခဲ့ရင် Google Duplex ဟာ call-center လုပ်ငန်းကို သိမ်းပိုက်ဖွယ်ရှိပြီး call-center ဝန်ထမ်းတော်တော်များများ အလုပ်လက်မဲ့ ဖြစ်လာနိုင်ပါတယ်။ Google Duplex အနေနဲ့ မချေမငံဆက်ဆံတဲ့ ဖုန်းခေါ်ဆိုသူတွေကို နားလည်ပြီး သင့်တော်အောင် ပြန်ကြားနိုင်မလားဆိုတာတော့ မသိသေးပါဘူး။

Google ရဲ့ Duplex သရုပ်ပြသမှုဟာ ပြီးခဲ့တဲ့ Google I/O ကွန်ဖရင့်အတွင်း လူအစိတ်ဝင်စားဆုံး ခေါင်းစဉ်တွေထဲက တစ်ခုဖြစ်လာပါတယ်။ Google Duplex ဟာ Google Assistant ကိုတိုးချဲ့ထားတာဖြစ်ပြီး လူသားအသံနဲ့ သဘာဝကျတဲ့ ဘာသာစကားကို ပြောဆိုနိုင်သလို ပြင်ပလောကမှာရှိတဲ့ တကယ့်လုပ်ငန်းတွေကို ဖုနး်ခေါ်ဆိုပေးနိုင်ပါတယ်။

စိုးထက်
Ref: GSMArena