Califonia State University , Northridge မှာ Biology မေဂျာဖြင့် ပညာသင်ကြားနေသော မဆုသက်ထားနီနီ၏ Student Life

Califonia State University, Northridge မှာ Biology မေဂျာဖြင့် ပညာသင်ကြားနေသော မဆုသက်ထား နီနီ၏ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

နာမည်လေးနဲ့ ယခုလက်ရှိ ပညာရေး အကြောင်း ပြောပြပေးပါဦး။

ညီမနာမည်က ဆုသက်ထားနီနီပါ။ အမေရိကန်တက္ကသိုလ် ပထမ (၂) နှစ်ကို မြန်မာနိုင်ငံမှာ ရှိတဲ့ Connect Institute မှာ တက်ပြီး အခု Califonia State University, Northridge မှာ Biology မေဂျာယူပြီး တတိယနှစ် ဆက်တက်နေပါတယ်။

အမေရိကန်နိုင်ငံမှာ ပညာသွားသင်ဖို့ ရွေးချယ်ဖြစ်ခဲ့ပုံလေး ကို ပြောပြပေးပါဦး။

ညီမ သူတို့ရဲ့ပညာရေးစနစ်က စဉ်းစားတွေးခေါ်မှုပိုင်းကို ဦးစားပေးသင်ကြားပြီး ကိုယ်လိုချင်တဲ့ မေဂျာကို အမှတ်နဲ့ မဟုတ်ဘဲ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတာကိုလည်း သဘောကျလို့ပါ။

အမေရိကန်နိုင်ငံကို တန်းပြီး ဘာလို့မသွားဘဲ ဒီမှာတက်ဖြစ်တာကို ပြောပြပေးပါ။

ညီမ IGCSE ပြီးတော့ အသက်က ၁၆ နှစ်ပဲရှိသေးတယ်။ မေမေက နိုင်ငံခြားတန်းသွားဖို့ စိတ်မချဘူး။ အဲ့ဒီမှာ Connect က
program တွေကို မေမေက စသိခဲ့တာပါ။ Connect Institute က မြန်မာနိုင်ငံမှာ ၂ နှစ်၊ အမေရိကားမှာ ၂ နှစ်တက်ရတဲ့ အမေရိကန် တက္ကသိုလ်တစ်ခု ဖြစ်တာရယ်၊ ညီမတို့လို အမေရိကားသွားမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို မြန်မာနိုင်ငံမှာ ၂ နှစ်တက်နေရင်း လေ့ကျင့်ပေးတဲ့ နေရာတစ်ခုဖြစ်လို့ ရွေးချယ်ဖြစ်ခဲ့တာပါ။

အမေရိကန်ကို ရောက်သွားတော့ ပညာရေးစနစ်က ဘယ်လိုကွာသွားလဲ။

အမေရိကန်နိုင်ငံက ပညာရေးစနစ်က စဉ်းစားတွေးခေါ် တတ်အောင် သင်ပေးတယ်။ ဘယ်အရာမဆို ကိုယ့်အား ကိုယ်ကိုးပြီး လေ့လာရတယ်။ ဆရာတွေကို လိုက်မေးနေလို့မရဘူး။ ဆရာတွေကလည်း ငယ်ငယ်တုန်းကလို အဆင်သင့်
spoonfeeding မလုပ်ပေးတော့ပါဘူး။ ပြီးတော့ညီမတို့စာမရရင်၊ စာမကျက်ရင် Fine တပ်တာတွေ၊ အပြစ်ပေးတာတွေ မရှိတော့ပါဘူး။ Self Management နည်းသွားတာပေါ့။ Connect မှာ တက်တုန်းက အဲ့အလေ့အကျင့်လေးတွေတော့ ရခဲ့ပါတယ်။ Connect က ဆရာတွေက နိုင်ငံခြားသား ပါမောက္ခတွေ ချည်းပဲဆိုတော့သင်ကြားတဲ့ ပုံစံကအမေရိကန် ပညာရေးစနစ်အတိုင်းပဲ။ စာကိုဘယ်လို လေ့လာရမလဲဆိုတာသင်ပေးတယ်။ အမေရိကန် ပညာရေးနဲ့ အံဝင်အောင် Train ပေးတယ်။ ကျောင်းစာအပြင် Activities တွေလည်း အများကြီးလုပ်ခိုင်းတယ်။ ညီမ Volunteer Club, Writing Club, Badminton Public နဲ့ Speaking Club မှာ Vice President လုပ်ဖူးပါတယ်။ နောက်ပြီး Connect Institute က ကျောင်းသားတွေဦးစီးပြီး လုပ်ခဲ့တဲ့ Bingo Race Game မှာဆိုရင်လည်း Event Organizing Team မှာ ပါဝင်ခဲ့ပါတယ်။ Field Trip တွေလည်း သွားရပါတယ်။ ကျောင်းကစီစဉ်ပေးတဲ့ Trip တွေရှိသလို ကျောင်းသား တွေ ကိုယ်တိုင် ဦးဆောင်ပြီး သွားဖြစ်တဲ့ trip တွေလည်း ရှိခဲ့တယ်။ အဲလို trip တွေသွားတော့
Senior, Junior တွေဆိုပြီးလည်း မစိမ်းနေတော့ဘူး၊ ဗဟုသုတလည်းရတယ်။ ညီမ ဒီရောက်တော့ Social Skill ဘက်မှာ
အားနည်းချက် မရှိတော့ပါဘူး။

California State University, Northridge ကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ။

Connect မှာ ဒုတိယနှစ် ပြီးရင် U.S မှာ တတိယနှစ် တက်ဖို့အတွက်က (Partner University) ကျောင်းတွေ ရွေးချယ်စရာ အများကြီးရှိပါတယ်။ Northridge မှာ ကျောင်းသားဦးရေ (၅၀၀၀) လောက်ရှိပါတယ်။ ညီမက ကျောင်းသား ဦးရေများတာကိုလည်း ကြိုက်တယ်။ ငယ်ငယ်ကတည်းကလည်း ကျောင်းကကြီးနေရင် ကြိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့နော်။ တချို့ကလည်း ကျောင်း သေးရင်၊ ကျောင်းသားနည်းရင် ပိုနွေးထွေးတယ်၊ Professor တွေနဲ့လည်း မျက်မှန်းတန်းမိ နေမယ်ဆိုပြီး ကြိုက်ကြတာ ပေါ့နော်။ ညီမကတော့ ငယ်ငယ် တည်းက Independent ဖြစ်ချင်တယ်။ Connect ရဲ့ Partner University တွေက
New York တို့ California တို့မှာလည်း ရှိပါတယ်။

မေဂျာရွေးတဲ့အခါ ဘယ်အချက်တွေအပေါ် မူတည်ပြီး စဉ်းစားဖြစ်လဲဆိုတာ ပြောပြပေးပါအုံး။

ညီမကတော့ Nursing ဒါမှမဟုတ် Pharmacy ယူဖို့တော့ စဉ်းစားထားပါတယ်။ အဲဒါတွေယူဖို့က Biology အရင်ယူရမှာပေါ့။ ဆရာဝန် လုပ်ဖို့တော့မဟုတ်ဘူး။ Nursing တက်ပြီးရင်တော့ ညီမက Master ကို MBA ဆက်တက်မယ်။ ပြီးရင် Business နဲ့ Nursing နှစ်ခု ပေါင်းပြီး လုပ်ချင်တာပါ။ ဒီလိုရွေးချယ်မှုက မိဘတွေ တိုက်တွန်းမှုကြောင့် မဟုတ်ပါဘူး။ မိဘတွေကတော့
ဆရာဝန်ပဲ ဖြစ်စေချင်တယ်။ ညီမက ညီမလုပ်ချင်တဲ့ Medical Technology ပိုင်းနဲ့ဆိုင်တာ၊ Research ပိုင်းနဲ့ ဆိုင်တာမျိုးကို လေ့လာမှာပါ။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို သေချာသိရဖို့ ညီမတို့တွေ ပထမနှစ်နဲ့ ဒုတိယနှစ်မှာ မေဂျာများစွာရဲ့ အခြေခံဘာသာရပ် ၂၂ ခုကို သင်ရပါတယ်။ တတိယနှစ်ရောက်တော့ မေဂျာရွေးချယ်ရတဲ့ အခါကိုယ်တကယ် ဝါသနာပါတဲ့ မေဂျာကိုသိပြီး ရွေးချယ်ဖြစ်တာပါ။

Northridge ကျောင်းမှာ တက်ရဖို့အတွက် ပြင်ဆင်ရတဲ့ အခက်အခဲတွေကိုလည်း ပြောပြပေးပါအုံး။

Northridge တက်ဖို့အတွက် သူတို့ဖြေခိုင်းတဲ့ quiz တွေ ဖြေရတယ်။ Payment တွေ ကြိုလုပ်ထားရတယ်။ ကျောင်းလျှောက်တာကတော့ Connect က တာဝန်ယူ ဆောင်ရွက်သွားပေးတဲ့အတွက် ညီမတို့တောင်ဘာမှ သိပ်လုပ်စရာ မလိုခဲ့ဘူး။ Connect ရဲ့second last term ကတည်းက ညီမတို့ဘက်ကApplication Form ပြည့်ပြည့်စုံစုံ ဖြည့်ပေးပြီးတော့ Connect ကပဲ အကုန်လုပ်ပေးသွားတာ။ ညီမတို့အနေနဲ့ application form မှန်မှန်
ဖြည့်ပြီး Student advising session တွေကို မှန်မှန်တက်ဖို့ ပါပဲ။

နိုင်ငံခြားမှာ ပညာသင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အကြံပေးစကားလေး ပြောပေးပါဦး။

နိုင်ငံခြားမှာ ပညာသင်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ အဓိကက Independent ဖြစ်ဖို့ပါ။ ကိုယ့်ကိုယ်ကို အားကိုးတတ်အောင် ကြိုတင်ပြင်ဆင်ပါ။ ကိုယ်သွားမယ့် တိုင်းပြည်ရဲ့ Culture တွေကို သိအောင် လေ့လာထားပါ။ Time Management လည်း ကောင်းကောင်း လုပ်တတ်ဖို့လည်း လိုပါတယ်လို့ အကြံပေးချင်ပါတယ်။

-ဝေဝေ