Business Management Higher Diploma နှင့် Business Management Advanced သင်တန်းများအတွက် လျှောက်လွှာများခေါ်ယူ
[Zawgyi]
-ဝေဝေ
[Unicode]
သမဝါယမတက္ကသိုလ် (သန်လျင်) နဲ့ WISE College တို့ပူးပေါင်းဖွင့်လှစ်တဲ့ Business Management Higher Diploma နဲ့ Business Management Advanced Diploma သင်တန်းများအတွက် လျှောက်လွှာများ ခေါ်ယူနေပြီလို့ သိရပါတယ်။
စီမံခန့်ခွဲမှုကို ကျွမ်းကျင်ပိုင်နို်င်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး Business Management Diploma သင်တန်းကိုဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ Business Management Higher Diploma တွင် သင်ကြားမယ့်ဘာသာရပ်များမှာ Economics For Business, Financial Accounting, Quantitative Methods For Business Management, Organizational Behavior, Communication English For Business နဲ့ Business Management Advanced Diploma သင်ကြားမယ့် ဘာသာရပ်များမှာ Marketing Policy, Planning and Communication, Human Resource Management, The Business Environment, Managerial Accounting, Business Law စတဲ့ဘာသာရပ်တွေသင်ကြားပေး သွားမယ်လို့ သိရပါတယ်။
Business Management Higher Diploma သင်တန်းကို အသက် ၁၆ နှစ် ပြည့်ပြီး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ထားသူများ၊ တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေသူများ၊ ဘွဲ့တစ်ခုခုရရှိပြီးသူများ၊ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Business Management Advanced Diploma ကို Business Management Higher Diploma တက် ရောက်အောင်မြင်ပြီးသူမှသာ ဆက်လက်တက်ရောက်နိုင်ပါတယ်။ သင်တန်းကြေးကို ၆ လ (သို့) ၁ နှစ် အရစ်ကျစနစ်ဖြင့် CB Bank နဲ့ချိတ်ဆက်ကာ လစဉ်ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
သင်တန်းတက်ရောက်ရန် လူဦးရေကန့်သတ်ထားတယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ ပညာအရည်အချင်း အထောက်အထားမူရင်းနဲ့ မိတ္တူ ၂ စုံ၊ ဓာတ်ပုံ ၃ ပုံနဲ့ တကွ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက WISE College ဖုန်း ၀၉- ၂၅၃၅၂၈၅၂၀၊ ၀၉- ၄၂၁၁၅၄၈၆၂ ကို ဆက်သွယ်စုံစမ်းနိုင် ပါတယ်။
-ဝေဝေ