Business English Course (Online) သင်တန်းဖွင့်လှစ်မည်

Business English Course (Online) သင်တန်းကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ UMFCCI Training Institute မှ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားပြောဆို ဆက်ဆံနေရတဲ့ ဝန်ထမ်းများအတွက် အင်္ဂလိပ်စာ အရည်အချင်း တိုးတက်ကောင်းမွန်လာပြီး လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကားအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးသားပြောဆိုနိုင်ရန်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံခြားကုမ္ပဏီများမှာ ဝင်ရောက်လုပ်ကိုင်လိုသူများ အတွက် အခြေခံမှ စတင်၍ စနစ်တကျ ရေးသားပြောဆိုနိုင်ရန်အတွက် တက်ရောက်သင့်သော သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားမယ့် ဘာသာရပ်တွေကတော့ Presenting Personal Introduction CV+ Cover Letter, Introduction+ email (Formal & Informal Writing), Email Structure + Email First Contact, Writing a complaint letter, Telephone Etiquette, Solving Problems on the Phone, Selling Products and services, Booking and Checking arrangement, Job & Responsibility, Negotiation, Meeting, Making Appointment, Video Lessons, Taking Meeting Minutes, Introduction to Presentation, Presentation Skills + Video lessons, Solving Complaint & Making complaint, Writing complaint letters, Greeting visitors & Making small talk, Internal memo, Business Idioms, Presentation Trainer, Order Letter တွေပဲဖြစ်ပါတယ်။

Zoom Application နဲ့ ဆရာ/ဆရာမများမှ တိုက်ရိုက် သင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းကြေး ၅၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်း တက်ရောက်လိုပါက Online Application Form ကို Messenger တွင် ရယူပြီး လျှောက်ထားနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««