BTS စတိုင်လ် Galaxy S20 Plus ကို Samsung မိတ်ဆက်

Samsung ဟာ အထူးဒီဇိုင်း စမတ်ဖုန်းတွေကို ထုတ်လုပ်လေ့ရှိပြီး Batman လိုဂိုတွေနဲ့ Star Wars ဒီဇိုင်း Galaxy ဖုန်းတွေကို ထုတ်လုပ်ဖူးပါတယ်။ အခုဆိုရင်လည်း ကေပေါ့အဖွဲ့ BTS စတိုင်လ် Galaxy S20 Plus BTS Edition ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။

Galaxy S20 Plus BTS Edition မှာခရမ်းရောင်ကို အဓိက အသုံးပြုထားပါတယ်။ BTS အဖွဲ့ရဲ့ အသည်းပုံစံ icon ကို Galaxy S20 Plus ကင်မရာတွေမှာ ပုံဖော်ထားပါတယ်။

‌BTS Editio‌n ဖုန်းထဲမှာ BTS ဒီဇိုင်း Android theme တွေလည်းပါဝင်သလို Weverse app (BTS အဖွဲ့ဝင်တွေက ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ လူမှုကွန်ရက် platform ဖြစ်ပြီး content တွေလည်း ဝေမျှထား) လည်းပါဝင်လာပါတယ်။ BTS ဒီဇိုင်း box ထဲမှာ အဖွဲ့ရဲ့ ဓာတ်ပုံတွေလည်း ပါဝင်လာပါတယ်။

Galaxy Buds Plus BTS Edition ကိုလည်း မိတ်ဆက်ထားပြီး ခရမ်းရောင်နဲ့ထုတ်လုပ်ထားသလို BTS ပရိသတ်တွေ မှတ်မိစေမယ့် ဒီဇိုင်းကို အသုံးပြုထားပါတယ်။

Galaxy S20 Plus နဲ့ Galaxy Buds Plus BTS Edition ထုတ်ကုန်တွေကို ဇူလိုင် ၁၉မှာ Samsung ဝက်ဘ်ဆိုက်နဲ့ Amazon ကနေ ရောင်းချပါမယ်။ ဇူလိုင်လ ၁၉ရက်က BTS ARMY ပရိသတ်အဖွဲ့ ၇ နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဖုန်းနဲ့ နားကြပ်ကို ဇွန်လ ၁၉ မှာ ကြိုတင်မှာယူနိုင်ပါမယ်။

-စိုးထက်
Ref: TheVerge