Browser မှာ Apple Music နဲ့သီချင်းနားထောင်နိုင်ပြီ

Apple Music ပရိသတ်တွေအနေနဲ့ Spotify နဲ့ Tidal လိုမျိုး browser မှာ သီချင်းတွေနားထောင်နိုင်ပြီ ဖြစ်ပါတယ်။ Apple Music ရဲ့ browser ကို beta အဖြစ် စမ်းသပ်နေတာ ကြာမြင့်နေပြီ ဖြစ်ပေမယ့် အခုအခါမှာတော့ အားလုံးအသုံးပြုနိုင်ပါတယ်။

အရင်တုန်းက အသုံးပြုခဲ့တဲ့ beta.music.apple.com ဝက်ဘ်ဆိုက်လိပ်စာကို သွားရောက်တဲ့အခါ ပိုမိုတည်ငြိမ်တဲ့ music.apple.com ဆီ တိုက်ရိုက်ရောက်ရှိသွားမှာပါ။

Apple Music သုံးစွဲသူတွေက ကိုယ်တိုင်နားထောင်နေတဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ playlist တွေမြင်ရမှာပါ။ Apple Music ကိုသုံးမယ်ဆိုရင်တော့ Apple ID နဲ့ Apple Music subscription ကတော့ လိုအပ်ပါတယ်။

Spotify လိုပဲ Apple Music ဝက်ဘ်ဆိုက်ဗားရှင်းကတော့ တစ်လ အမေရိကန်ဒေါ်လာ ၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလက Apple Music ဝက်ဘ်ဆိုက် beta ဗားရှင်းကို ဖြန့်ချိခဲ့တာဖြစ်ပြီး အခုအခါ တော်တော်များများ အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: Fossbytes