British University College

[ Zawgyi ]







[ Unicode ]

British University College ဟာ UK တက္ကသိုလ်တွေမှာ Pro-Vice Chancellor လက်ရှိ တာဝန်ထမ်းဆောင်ခဲ့တဲ့ Professor ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်လှစ်ထားတဲ့ကျောင်း ဖြစ်ပါတယ်။

Singapore, Vietnam နဲ့ China နိုင်ငံတို့မှာ နှစ်ပေါင်း (၃၀) ကျော်ကတည်းက ယခုအချိန်အထိ ကျောင်းသားပေါင်း သိန်းကျော် မွေးထုတ်ပေးနိုင်ခဲ့တဲ့အပြင် လက်ရှိအနေနဲ့လည်း ကျောင်းသားပေါင်း (၆၀၀၀) ကျော်တက်ရောက်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ကျောင်းခွဲဖြစ်ပါတယ်။

British University College တွင် ကျောင်းစရိတ်သက်သာစွာနဲ့ UK နိုင်ငံရှိ Ranking မြင့်တဲ့ ကျောင်းတွေက တိုက်ရိုက်ချီးမြှင့်တဲ့ BA (Hons) in Business Management, BSc (Hons) in Construction Management, BE (Hons) in Electrical & Electronic Engineering နဲ့ BE (Hons) in Civil Engineering စတဲ့ဘာသာရပ်တွေကို မြန်မာနိုင်ငံမှာ (၃၄) လ တက်ရုံနဲ့ Bachelor ဘွဲ့ကိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ British University College မှာ Interna-tional Foundation Programme တက်ရောက်ပြီး ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာအသိအမှတ်ပြု (UK, USA, Australia, Singapore, Switzerland) တက္ကသိုလ်တွေမှာ Medicine, Nursing, Law မှ လွဲပြီး ကြိုက်နှစ်သက်ရာ ဘာသာရပ်တွေကို ပထမနှစ်မှ စတင်တက်ရောက်နိုင်ပါတယ်။ British University College ရှိ International Foundation Programme က English for Academic Purposes, IT Skills & Applications,
Mathematics, Applied Science နဲ့ International Business အစရှိတဲ့ ဘာသာရပ် (၅) ခုကို သင်ကြားပေးနေပါတယ်။

အဆိုပါ Foundation Course အောင်မြင်ပြီးပါက တက္ကသိုလ် အဆင့်ရှိ အင်္ဂလိပ် စာဘာသာရပ်ကို သေချာတတ်ကျွမ်းတဲ့အပြင် တက္ကသိုလ်တက်ရာမှာလည်း ဘာသာရပ်တိုင်းဆိုင်ရာမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် Projects, Course works, Critical Thinking Skills, Case Studies, Problem Solving and Analytical Skills, Presentation Skills, Assignments ရေးရာတွင် အရေးပါတဲ့ Research, Citation, Harvard Referencing တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါတယ်။ စာလုံးပေါင်း အလုံး (၂၀၀၀) ရှိ Assignment တွေကို ကိုယ်တိုင်ရေးနိုင်တဲ့အထိ တတ်မြောက်ပါတယ်။ IELTS 6.0 နဲ့ညီမျှတဲ့ Enlgish Level ကိုလည်း ရရှိပါမယ်။ ဒါ့အပြင် Foundation အတန်းပြီးပါက ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ အရင်ကထက်ပိုပြီး ကိုယ်နဲ့ကိုက်ညီမယ့် ဘာသာရပ်များကို
ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အတွေးအခေါ်အမြင်တွေပွင့်လာစေပါတယ်။

British University College ရဲ့ Foundation Course မှာ နိုင်ငံခြားတက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားမယ့် Students တွေအတွက် တင်မဟုတ်ဘဲ မြန်မာအစိုးရတက္ကသိုလ်တွေမှာ တက်ရောက်မယ့် Students တွေပါ တက်ရောက်သင့်ပါတယ်။ Foundation Course ကို တက်ရောက်ခြင်းနဲ့ ခိုင်မာတဲ့ Academic အခြေခံကောင်းတွေကို ရရှိမှာဖြစ်တဲ့အတွက် တက္ကသိုလ်မှာ ဘာသာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် Research ကောင်းစွာ လုပ်နိုင်တဲ့အပြင် ပိုမိုလွယ်ကူစွာ တတ်ကျွမ်းစေပါတယ်။ UK, USA နိုင်ငံတွေကို Scholarship တွေလည်း လျှောက်ထားပေးပြီး British University College မှ ကျောင်းသား၊ ကျောင်းသူတော်တော် များများလည်း သိန်း (၄၀) မှ သိန်း (၆၇၀) လောက်ထိ Scholarship တွေ ရရှိကြပါတယ်။