British Council Teaching Centre တွင် အင်္ဂလိပ်စာသင်တန်း တက်ရောက်ရန် စာရင်းပေးသွင်းနိုင်

[ Zawgyi ]





-ဝေဝေ

[ Unicode ]

ရန်ကုန်မြို့ရှိ British Council Teaching Centre မှ ၂ဝ၁၈ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်မယ့် အင်္ဂ လိပ်စာသင်တန်းများ တက်ရောက်ရန် စာရင်းပေးသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

General English (အသက် ၁၆ နှစ်အထက် အတွက်) နဲ့ IELTS သင်တန်း (အသက် ၁၈ နှစ် အထက်အတွက်) သင်တန်းများ တက်ရောက်ရန် placement test ဖြေဆိုလိုပါက ဒီနေရာမှာ အွန်လိုင်းမှ စာရင်းပေးနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းမှ စာရင်းပေးပြီး နှစ်ရက်အတွင်း ဝင်ခွင့်စာမေးပွဲကြေး ကျပ်တစ်သောင်းခွဲကို ဗြိတိသျှကောင်စီမှာ လာရောက်ပေးသွင်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းသားဦးရေ အကန့်အသတ်ရှိတဲ့အတွက် ဝင်ခွင့်ဖြေဆိုပြီး ရရှိတဲ့ Level နဲ့ တက်ရောက်လိုတဲ့ အချိန်မှာ နေရာရှိမှသာ သင်တန်းတက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ သင်တန်းမှာ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမများမှ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများစွာနဲ့ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက် လိုသူတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို ဗြိတိသျှကောင်စီ (ရန်ကုန်) ဖုန်း ၀၁- ၃၇၀၉၃၊ ၃၇ဝ၈၃ဝ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။