Brave Browser အတွက် ဗီဒီယို chat လုပ်ဆောင်ချက် ပါဝင်လာ

တစ်ကိုယ်ရေအချက်အလက်ကို အလေးထားဆောင်ရွက်ပေးတဲ့ Brave Browser မှာ Brave Together အမည်ရ ဗီဒီယို chat လုပ်ဆောင်ချက်ပါဝင်လာပါတယ်။

Brave Together က Zoom, Microsoft Teams နဲ့ Google Meet လိုမျိုးဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်သွားပါမယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း လုပ်ငန်းပိုင်းနဲ့ ဆက်သွယ်ရေးပိုင်းမှာ ဗီဒီယို chat ဟာအလွန်ရေပန်စားနေပါတယ်။ Brave Together ကိုစတင်စမ်းသပ်နေပါတယ်။

“ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက သူငယ်ချင်းနဲ့ မိသားစုဝင်တွေ သဘောကျကြတဲ့ တစ်ကိုယ်ရေ ဗီဒီယို chat ဖန်တီးဖို့ပါ” လို့ Brave အင်ဂျင်နီယာအကြီးအကဲ မာရှယ်ရို့စ်က ပြောထားပါတယ်။ Brave Together ကိုအသုံးပြုမယ်ဆိုရင် ဒီလင့်ခ် ထဲဝင်ရောက်ပြီး အခြားသုံးစွဲသူတွေဆီ ဝက်ဘ်ဆိုက်လိပ်စာကို ဝေမျှပေးနိုင်ပါတယ်။ Brave Together ကိုအသုံးပြုမယ်ဆိုရင် account မလိုပါဘူး။ Brave ကလည်း သုံးစွဲသူ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်မှာ မဟုတ်ပါဘူး။

-စိုးထက်
Ref: CNET