Bphone 3

[ Zawgyi ]

အားသာခ်က္

ေအာက္ဘက္ Screen ေဘာင္ေပ်ာက္ဒီဇုိင္းက ပရီမီယံဆန္ၿပီး ဆြဲေဆာင္မႈရွိသလို Full HD+ Display ကလည္း ေတာက္ပမႈရွိပါတယ္။ ႀကီးမားတဲ့ျမင္ကြင္း အရြယ္အစားရွိေပမယ့္ လက္ထဲမွာ ကိုင္တြယ္ရတာ က်စ္လ်စ္ေကာင္းမြန္တဲ့ အရြယ္အစားနဲ႔ အေလးခ်ိန္က သေဘာက်စရာပါ။ ေနာက္ၿပီး ဖုန္းရဲ႕ေရွ႕ဘက္နဲ႔ ေနာက္ဘက္ ၂ ဘက္လံုးကို Gorilla Glass 3 နဲ႔ ဖုံးအုပ္ေပးထားတဲ့အတြက္ ဖုန္းကိုယ္ထည္ပိုင္းကို ပိုမိုမာေက်ာက်စ္လ်စ္ေစပါတယ္။ အသံထြက္ပိုင္း၊ Gesture ပိုင္းနဲ႔ အသုံး၀င္လွတဲ့ Built-in app ေတြ တစ္ပါတည္း ပါ၀င္တာကလည္း ေက်နပ္စရာပါ။ Quick Charge 4.0 နည္းပညာ ေထာက္ပံ့ပါ၀င္ၿပီး ဘက္ထရီနဲ႔ နည္းအခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ေရစိုခံႏုိင္သလို လက္ေဗြစနစ္နဲ႔ Bkav မိုဘုိင္းလုံၿခဳံေရး စနစ္ေတြ ပါ၀င္တာက ဒီဖုန္းရဲ႕အားသာခ်က္ပါ။

အားနည္းခ်က္

အသုံးျပဳရတာ ျမန္ဆန္မႈ ေခ်ာေမြ႕မႈရွိေပမယ့္ 3GB RAM နဲ႔ Internal 32GB သိုေလွာင္ႏုိင္မႈက သူ႔ရဲ႕ေစ်းအရၿပိဳင္ဘက္ ေမာ္ဒယ္ေတြနဲ႔ ယွဥ္မယ္ဆိုရင္ နည္းတယ္လို႔ ဆိုရမွာပါ။ မွတ္ဥာဏ္ စနစ္မ်ားမ်ား လိုခ်င္တဲ့ အသံုးျပဳသူေတြအေနနဲ႔ဆိုရင္ေတာ့ RAM 4G နဲ႔ Internal 64 GB storage ပါဝင္တဲ့ Bphone 3 Pro version ကို ေရြးခ်ယ္ဝယ္ယူသြားႏိုင္ပါတယ္။ ဒီဖုန္းမွာ နားၾကပ္ေပါက္ မပါ၀င္ပါဘူး။ နားၾကပ္သုံးမယ္ဆိုရင္ေတာ့ Type-C ေပါက္ကတစ္ဆင့္ adapter နဲ႔အသုံးျပဳရမွာပါ။ ေရွ႕ဘက္နဲ႔ ေနာက္ဘက္ကို Gorilla Glass 3 နဲ႔ ဖုံးအုပ္ထားတားက ကိုင္ရတာ လက္ထဲမွာ ေခ်ာၿပီးအလြယ္တကူ လြတ္က်ႏုိင္တာေတြက ဒီဖုန္းရဲ႕ အားနည္းခ်က္ပါ။

စြမ္းေဆာင္ရည္

ဒီဖုန္းမွာ Qualcomm Snapdragon 636 chip ကို အသုံးျပဳထားၿပီး RAM 3GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 32GB ရွိပါတယ္။ ဒီဖုန္းက ျမန္ဆန္ေကာင္းမြန္မႈရွိသလို လက္ရွိေပၚျပဴလာျဖစ္ေနတဲ့ Mobile Leagend နဲ႔ PUPG ဂိမ္းေတြကို ေခ်ာေမြ႕ေကာင္းမြန္စြာ ေဆာ့ကစားႏုိင္မွာ ျဖစ္ပါတယ္။ သူ႔မွာေထာက္ပံ့ပါ၀င္တဲ့ Gesture စနစ္ေတြက ဖုန္းအသုံးျပဳမႈအတြက္ အေတြ႕အႀကဳံသစ္ေတြကို ရရွိႏုိင္မွာျဖစ္သလို ေန႔စဥ္ဖုန္းအသုံးျပဳမႈကို ျမန္ဆန္ေစၿပီး အဆင္ေျပေကာင္းမြန္လွပါတယ္။ OS အေနနဲ႔ Android 8.1 အေျချပဳ BOS ကို ထည့္သြင္းထားပါတယ္။
Bkav မိုဘုိင္းလုံၿခဳံေရးစနစ္က ဖုန္းမွာအလြယ္တကူ ဗုိင္းရပ္စ္၀င္တာနဲ႔ Spam ေတြ ၀င္တာမ်ဳိးကို အျပည့္အဝကာကြယ္ႏုိင္မွာ ျဖစ္သလို ဖုန္းထဲကို app နဲ႔ဂိမ္းနဲ႔ ထည့္သြင္းတုိင္း ဗုိင္းရပ္စ္ပါမပါကို အလိုအေလ်ာက္ စစ္ေဆးေပးတာကလည္း သေဘာက်စရာပါ။

ဒီဇိုင္းနဲ႔မ်က္ႏွာျပင္

Bphone 3 ရဲ႕ ေက်ာဘက္နဲ႔ အေရွ႕ဘက္ကို Gorilla Glass 3 နဲ႔ ဖုံးအုပ္ထားတဲ့အတြက္ ေတာက္ပၿပီး က်စ္လ်စ္ေတာင့္တင္းတဲ့ ကိုယ္ထည္၊ ပါးလႊာတ့ဲဒီဇုိင္းနဲ႔ မေလးမေပါ့အေလးခ်ိန္က လက္ထဲမွာ ကိုင္ရတာေကာင္းမြန္သလို ပရီမီယံဆန္တယ္လို႔ ခံစားရပါတယ္။ ေက်ာဘက္ကင္မရာကို ဘယ္ဘက္အေပၚေထာင့္နားမွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္ကင္မရာကေတာ့ ျမင္ကြင္းရဲ႕ အေပၚဘက္ ဘယ္ဘက္မွာ တပ္ဆင္ထားပါတယ္။ ေက်ာဘက္အလယ္ တည့္တည့္နားမွာေတာ့ လက္ေဗြစနစ္နဲ႔ B လိုဂိုရွိမွာ ျဖစ္ပါတယ္။ SIM ကတ္ေပါက္နဲ႔ ပါ၀ါခလုတ္ကေတာ့ ေရွ႕ျမင္ကြင္းရဲ႕ ဘယ္ဘက္ေဘာင္ထဲမွာရွိၿပီး ညာဘက္ေဘာင္ထဲမွာေတာ့ အသံတိုးက်ယ္ ခလုတ္ကို တပ္ဆင္ထားပါတယ္။ ေအာက္ဘက္ေဘာင္ထဲမွာေတာ့ Type-C ေပါက္နဲ႔ စပီကာပါ၀င္ ပါတယ္။

မ်က္ႏွာျပင္ အရြယ္အစား ၅.၉၉ လက္မရွိတဲ့ IPS LCD Display က 2160×1080 pixel ထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ Screen raitoက 18:9 ရွိၿပီး ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါ၀င္မႈရာခုိင္ႏႈန္း ၈၁.၅ ရာခုိင္ႏႈန္းရွိပါတယ္။ ကိုယ္ထည္က IP68 ေရစိုခံႏုိင္မႈရွိမွာျဖစ္ၿပီး အေလးခ်ိန္ကေတာ့ ၁၆၀ ဂရမ္ရွိပါတယ္။

ကင္မရာ

12MP ေက်ာဘက္ကင္မရာက apeature f/1.8 ရွိၿပီး AF စနစ္၊ PDAF Dual pixel 2 sensors (dual pixel 12MP for image + 12MP for focus) စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။
ဓာတ္ပုံအရည္အေသြးပိုင္း ၾကည္လင္ျပတ္သား ေကာင္းမြန္သလို ကာလာပိုင္းလည္း ေက်နပ္စရာပါ။ AI စနစ္ေထာက္ပံ့ပါ၀င္တဲ့အတြက္ Portrait ဓာတ္ပုံေတြကို အေကာင္းဆုံး႐ိုက္ကူးႏုိင္ မွာျဖစ္သလုိ ျမန္ဆန္တဲ့ AF စနစ္က ေက်နပ္စရာ ေကာင္းလွပါတယ္။

Apeature f/2.0 ရွိတဲ့ ေရွ႕ဘက္ 8MP Selfie ကင္မရာရဲ႕ selfie စနစ္က ေန႔ည ႐ိုက္ကူးမႈအတြက္ သဘာဝက်တဲ့ Portrait ဓာတ္ပုံေတြကို ႐ိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။ ေရွ႕ေနာက္ကင္မရာ စနစ္ေတြက ေန႔ဘက္႐ိုက္ကူးမႈအတြက္ ေကာင္းမြန္ၿပီး ပတ္ဝန္းက်င္အလင္းအား နည္းတဲ့ညပိုင္း ႐ိုက္ကူးမႈ ဓာတ္ပုံေတြကသဘာဝက် လွပေပမယ့္ ဒီဂ်စ္တယ္ Zoom ဆြဲ႐ိုက္ကူးမႈေတြ မွာေတာ့ ဓာတ္ပုံမွာ noise အနည္းငယ္ ရွိမွာျဖစ္ပါတယ္။ OIS (Optical Image Stabilizations) စနစ္ေတာ့ ေထာက္ပံ့ပါ၀င္မႈမရွိပါဘူး။ ဗီဒီယုိကိုေတာ့ 2K အရည္အေသြးဗီဒီယုိကို 30fps နဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္သလို Slow-motion ဗီဒီယုိနဲ႔ Time-lapse ဗီဒီယုိေတြကိုလည္း ႐ိုက္ကူးႏုိင္မွာ ျဖစ္ပါတယ္။

ဘက္ထရီ

3000 mAh ပမာဏ ဘက္ထရီက ၆ လက္မ နီးပါးျမင္ကြင္း အရြယ္အစားရွိတဲ့ IPS LCD Display အမ်ဳိးအစားသုံးထားတဲ့ ဒီဖုန္းအတြက္ နည္းတယ္လို႔ထင္ရေပမယ့္ တစ္ရက္ခြဲနီးပါးေလာက္ အသုံးျပဳႏုိင္တာ ေက်နပ္စရာေကာင္းတဲ့ အခ်က္လို႔ဆိုရမွာ ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ အားသြင္းျမန္ဆန္တဲ့ Quick Charge 4.0 အားသြင္းစနစ္ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

ဗီယက္နမ္ထုတ္ Bphone 3 က flashship ဖုန္းတစ္လုံးကို ကိုင္ရသလိုမ်ဳိး ပရီမီယံဒီဇုိင္းနဲ႔ က်စ္လ်စ္မႈရွိသလို ေတာင့္တင္းမႈရွိေပမယ့္ အနည္းငယ္ေခ်ာတဲ့ အတြက္ လက္ထဲက လြတ္မက်ေအာင္ ဂ႐ုစိုက္ကိုင္တြယ္ရမွာ ျဖစ္ပါတယ္။ လက္ထဲမွာကိုင္ရတာ ေကာင္းမြန္သလို သူ႔မွာ ပါ၀င္တဲ့ gesture စနစ္ေတြက လက္တစ္ဖက္တည္းနဲ႔ သုံးရတာ အဆင္ေျပ လြယ္ကူမႈရွိလွပါ တယ္။ ဒီစနစ္ေတြက အရင္တုန္း က ဖုန္းမွာပါတဲ့ back, menu, home စတဲ့ ခလုတ္ေတြမပါဘဲ ဖုန္းျမင္ကြင္းေဘးဘယ္၊ ညာ၊ ေအာက္၊ အေပၚေတြကို အသုံးျပဳကာ မိမိအသုံးျပဳခ်င္တာေတြကို အသုံးျပဳရမွာျဖစ္ပါတယ္။ အဲဒါက ဖုန္းအသုံးျပဳမႈ အေတြ႕အႀကဳံ သစ္တစ္ခုကို ရရွိေစမွာျဖစ္ပါတယ္။ ဗီဒီယုိၾကည့္တာနဲ႔ ဂိမ္းကစားရတာ ျမင္ကြင္းအျပည့္နဲ႔ အသုံးျပဳရသလုိ ခံစားရတာေက်နပ္စရာ ေကာင္းလွသလို အသံထြက္ပိုင္းလည္း အားရစရာပါ။ ဘက္ထရီနဲ႔လည္း အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မွာျဖစ္သလို Quick Charge 4.0 စနစ္ကလည္း ေက်နပ္စရာ ေကာင္းလွပါတယ္။ မိုဘုိင္းလုံၿခဳံေရးစနစ္ပိုင္းက ဖုန္းကို ဗုိင္းရပ္စ္ကင္းကင္းနဲ႔ အသုံးျပဳႏုိင္ေစမွာျဖစ္ၿပီး ေရစိုခံတဲ့အတြက္လည္း ခုလိုမုိးတြင္းမွာ သုံးခ်င္သူေတြ သင့္ေလ်ာ္မႈရွိပါ တယ္။

ကင္မရာနဲ႔ စြမ္းေဆာင္ရည္ ပုိင္းေကာင္းမြန္မႈရွိေပမယ့္ လက္ရွိေစ်းကြက္ထဲက ေစ်းႏႈန္းတူ ၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ ယွဥ္မယ္ဆိုရင္ေတာ့ မွတ္ဥာဏ္စနစ္ က နည္းတယ္လို႔ဆိုရမွာပါ။ မွတ္ဥာဏ္စနစ္ မ်ားမ်ားလိုခ်င္တဲ့ အသံုးျပဳသူေတြ အေနနဲ႔ဆို ရင္ေတာ့ RAM 4G နဲ႔ Internal 64 GB storage ပါဝင္တဲ့ Bphone 3 Pro version ကို ေရြးခ်ယ္ဝယ္ယူသြားႏိုင္ပါတယ္။
ေနာက္တစ္ခုက Bphone 3 ေစ်းႏႈန္းနဲ႔ဆို under display လက္ေဗြစနစ္နဲ႔ ေက်ာဘက္ကင္မရာ အနည္းဆုံး ၂ လုံး ဒါမွမဟုတ္ ၃ လုံးပါ၀င္တဲ့ဖုန္းကို ေရြးခ်ယ္ႏိုင္မွာျဖစ္ေပမယ့္ အဲဒီဖုန္းေတြက ေရစိုခံအမ်ဳိးအစားေတာ့ မဟုတ္ပါဘူး။ သူ႔မွာေက်ာဘက္ ကင္မရာတစ္လံုးတည္း ပါဝင္ေပမယ့္ dual pixel ကင္မရာျဖစ္တဲ့အတြက္ focus ခ်ိန္တာေရာ၊ ဓာတ္ပံု႐ိုက္တာေရာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားၿပီး AI နည္းပညာလည္း ပါဝင္တဲ့အတြက္ တစ္ျခားကင္မရာ ၂ လံုး၊ ၃ လံုးပါဝင္တဲ့ဖုန္းေတြနဲ႔ ယွဥ္ႏိုင္ပါတယ္။ ၿခဳံၿပီးသုံးရမယ္ဆိုရင္ေတာ့ မိမိအေနနဲ႔ Brand အသစ္ကို စမ္းသပ္သုံးစြဲခ်င္တယ္ဆိုရင္ေတာ့ အသုံးျပဳမႈအေတြ႕အႀကဳံ သစ္ေတြကို ရရွိႏုိင္မယ့္ Flagship ဒီဇုိင္းအလယ္အလတ္တန္းစား ဒီဖုန္းက စမ္းသပ္ၾကည့္သင့္တဲ့ ဖုန္းအမ်ဳိးအစားတစ္ခုပါ။

Display Full HD+ LCD capacitive touchscreen, 5.99 inches (18.5:9 ratio)
OS BOS 3.0 (Android 8.1)
CPU Octa-core (4×2.5 GHz Kryo + 4×1.6 GHz Kryo)
GPU Adreno 630
Camera 2 MP, f/1.8, Dual PDAF, Dual LED flash, Auto-HDR, panorama; Front Dual 8 MP (f/2.0)
Battery Non-removable Li-Po 3430 mAh
Internal 32 GB; RAM 3 GB; microSD up to 256 GB
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, IP68 dust/water resistant, NFC, Quick charging 4.0
Display
Performance
Camera
Battery
Hand On
Over All

-ရဲထြဋ္ဝင္း

[ Unicode ]

အားသာချက်

အောက်ဘက် Screen ဘောင်ပျောက်ဒီဇိုင်းက ပရီမီယံဆန်ပြီး ဆွဲဆောင်မှုရှိသလို Full HD+ Display ကလည်း တောက်ပမှုရှိပါတယ်။ ကြီးမားတဲ့မြင်ကွင်း အရွယ်အစားရှိပေမယ့် လက်ထဲမှာ ကိုင်တွယ်ရတာ ကျစ်လျစ်ကောင်းမွန်တဲ့ အရွယ်အစားနဲ့ အလေးချိန်က သဘောကျစရာပါ။ နောက်ပြီး ဖုန်းရဲ့ရှေ့ဘက်နဲ့ နောက်ဘက် ၂ ဘက်လုံးကို Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားတဲ့အတွက် ဖုန်းကိုယ်ထည်ပိုင်းကို ပိုမိုမာကျောကျစ်လျစ်စေပါတယ်။ အသံထွက်ပိုင်း၊ Gesture ပိုင်းနဲ့ အသုံးဝင်လှတဲ့ Built-in app တွေ တစ်ပါတည်း ပါ၀င်တာကလည်း ကျေနပ်စရာပါ။ Quick Charge 4.0 နည်းပညာ ထောက်ပံ့ပါ၀င်ပြီး ဘက်ထရီနဲ့ နည်းအချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစိုခံနိုင်သလို လက်ဗွေစနစ်နဲ့ Bkav မိုဘိုင်းလုံခြုံရေး စနစ်တွေ ပါ၀င်တာက ဒီဖုန်းရဲ့အားသာချက်ပါ။

အားနည်းချက်

အသုံးပြုရတာ မြန်ဆန်မှု ချောမွေ့မှုရှိပေမယ့် 3GB RAM နဲ့ Internal 32GB သိုလှောင်နိုင်မှုက သူ့ရဲ့စျေးအရပြိုင်ဘက် မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင် နည်းတယ်လို့ ဆိုရမှာပါ။ မှတ်ဉာဏ် စနစ်များများ လိုချင်တဲ့ အသုံးပြုသူတွေအနေနဲ့ဆိုရင်တော့ RAM 4G နဲ့ Internal 64 GB storage ပါဝင်တဲ့ Bphone 3 Pro version ကို ရွေးချယ်ဝယ်ယူသွားနိုင်ပါတယ်။ ဒီဖုန်းမှာ နားကြပ်ပေါက် မပါ၀င်ပါဘူး။ နားကြပ်သုံးမယ်ဆိုရင်တော့ Type-C ပေါက်ကတစ်ဆင့် adapter နဲ့အသုံးပြုရမှာပါ။ ရှေ့ဘက်နဲ့ နောက်ဘက်ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ထားတားက ကိုင်ရတာ လက်ထဲမှာ ချောပြီးအလွယ်တကူ လွတ်ကျနိုင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ Qualcomm Snapdragon 636 chip ကို အသုံးပြုထားပြီး RAM 3GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32GB ရှိပါတယ်။ ဒီဖုန်းက မြန်ဆန်ကောင်းမွန်မှုရှိသလို လက်ရှိပေါ်ပြူလာဖြစ်နေတဲ့ Mobile Leagend နဲ့ PUPG ဂိမ်းတွေကို ချောမွေ့ကောင်းမွန်စွာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာထောက်ပံ့ပါ၀င်တဲ့ Gesture စနစ်တွေက ဖုန်းအသုံးပြုမှုအတွက် အတွေ့အကြုံသစ်တွေကို ရရှိနိုင်မှာဖြစ်သလို နေ့စဉ်ဖုန်းအသုံးပြုမှုကို မြန်ဆန်စေပြီး အဆင်ပြေကောင်းမွန်လှပါတယ်။ OS အနေနဲ့ Android 8.1 အခြေပြု BOS ကို ထည့်သွင်းထားပါတယ်။
Bkav မိုဘိုင်းလုံခြုံရေးစနစ်က ဖုန်းမှာအလွယ်တကူ ဗိုင်းရပ်စ်ဝင်တာနဲ့ Spam တွေ ၀င်တာမျိုးကို အပြည့်အဝကာကွယ်နိုင်မှာ ဖြစ်သလို ဖုန်းထဲကို app နဲ့ဂိမ်းနဲ့ ထည့်သွင်းတိုင်း ဗိုင်းရပ်စ်ပါမပါကို အလိုအလျောက် စစ်ဆေးပေးတာကလည်း သဘောကျစရာပါ။

ဒီဇိုင်းနဲ့မျက်နှာပြင်

Bphone 3 ရဲ့ ကျောဘက်နဲ့ အရှေ့ဘက်ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ထားတဲ့အတွက် တောက်ပပြီး ကျစ်လျစ်တောင့်တင်းတဲ့ ကိုယ်ထည်၊ ပါးလွှာတဲ့ဒီဇိုင်းနဲ့ မလေးမပေါ့အလေးချိန်က လက်ထဲမှာ ကိုင်ရတာကောင်းမွန်သလို ပရီမီယံဆန်တယ်လို့ ခံစားရပါတယ်။ ကျောဘက်ကင်မရာကို ဘယ်ဘက်အပေါ်ထောင့်နားမှာ တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ မြင်ကွင်းရဲ့ အပေါ်ဘက် ဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။ ကျောဘက်အလယ် တည့်တည့်နားမှာတော့ လက်ဗွေစနစ်နဲ့ B လိုဂိုရှိမှာ ဖြစ်ပါတယ်။ SIM ကတ်ပေါက်နဲ့ ပါ၀ါခလုတ်ကတော့ ရှေ့မြင်ကွင်းရဲ့ ဘယ်ဘက်ဘောင်ထဲမှာရှိပြီး ညာဘက်ဘောင်ထဲမှာတော့ အသံတိုးကျယ် ခလုတ်ကို တပ်ဆင်ထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာတော့ Type-C ပေါက်နဲ့ စပီကာပါ၀င် ပါတယ်။

မျက်နှာပြင် အရွယ်အစား ၅.၉၉ လက်မရှိတဲ့ IPS LCD Display က 2160×1080 pixel ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen raitoက 18:9 ရှိပြီး ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှုရာခိုင်နှုန်း ၈၁.၅ ရာခိုင်နှုန်းရှိပါတယ်။ ကိုယ်ထည်က IP68 ရေစိုခံနိုင်မှုရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၆၀ ဂရမ်ရှိပါတယ်။

ကင်မရာ

12MP ကျောဘက်ကင်မရာက apeature f/1.8 ရှိပြီး AF စနစ်၊ PDAF Dual pixel 2 sensors (dual pixel 12MP for image + 12MP for focus) စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။
ဓာတ်ပုံအရည်အသွေးပိုင်း ကြည်လင်ပြတ်သား ကောင်းမွန်သလို ကာလာပိုင်းလည်း ကျေနပ်စရာပါ။ AI စနစ်ထောက်ပံ့ပါ၀င်တဲ့အတွက် Portrait ဓာတ်ပုံတွေကို အကောင်းဆုံးရိုက်ကူးနိုင် မှာဖြစ်သလို မြန်ဆန်တဲ့ AF စနစ်က ကျေနပ်စရာ ကောင်းလှပါတယ်။

Apeature f/2.0 ရှိတဲ့ ရှေ့ဘက် 8MP Selfie ကင်မရာရဲ့ selfie စနစ်က နေ့ည ရိုက်ကူးမှုအတွက် သဘာဝကျတဲ့ Portrait ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့နောက်ကင်မရာ စနစ်တွေက နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်ပြီး ပတ်ဝန်းကျင်အလင်းအား နည်းတဲ့ညပိုင်း ရိုက်ကူးမှု ဓာတ်ပုံတွေကသဘာဝကျ လှပပေမယ့် ဒီဂျစ်တယ် Zoom ဆွဲရိုက်ကူးမှုတွေ မှာတော့ ဓာတ်ပုံမှာ noise အနည်းငယ် ရှိမှာဖြစ်ပါတယ်။ OIS (Optical Image Stabilizations) စနစ်တော့ ထောက်ပံ့ပါ၀င်မှုမရှိပါဘူး။ ဗီဒီယိုကိုတော့ 2K အရည်အသွေးဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို Slow-motion ဗီဒီယိုနဲ့ Time-lapse ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ

3000 mAh ပမာဏ ဘက်ထရီက ၆ လက်မ နီးပါးမြင်ကွင်း အရွယ်အစားရှိတဲ့ IPS LCD Display အမျိုးအစားသုံးထားတဲ့ ဒီဖုန်းအတွက် နည်းတယ်လို့ထင်ရပေမယ့် တစ်ရက်ခွဲနီးပါးလောက် အသုံးပြုနိုင်တာ ကျေနပ်စရာကောင်းတဲ့ အချက်လို့ဆိုရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အားသွင်းမြန်ဆန်တဲ့ Quick Charge 4.0 အားသွင်းစနစ် ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

ဗီယက်နမ်ထုတ် Bphone 3 က flashship ဖုန်းတစ်လုံးကို ကိုင်ရသလိုမျိုး ပရီမီယံဒီဇိုင်းနဲ့ ကျစ်လျစ်မှုရှိသလို တောင့်တင်းမှုရှိပေမယ့် အနည်းငယ်ချောတဲ့ အတွက် လက်ထဲက လွတ်မကျအောင် ဂရုစိုက်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာ ကောင်းမွန်သလို သူ့မှာ ပါ၀င်တဲ့ gesture စနစ်တွေက လက်တစ်ဖက်တည်းနဲ့ သုံးရတာ အဆင်ပြေ လွယ်ကူမှုရှိလှပါ တယ်။ ဒီစနစ်တွေက အရင်တုန်း က ဖုန်းမှာပါတဲ့ back, menu, home စတဲ့ ခလုတ်တွေမပါဘဲ ဖုန်းမြင်ကွင်းဘေးဘယ်၊ ညာ၊ အောက်၊ အပေါ်တွေကို အသုံးပြုကာ မိမိအသုံးပြုချင်တာတွေကို အသုံးပြုရမှာဖြစ်ပါတယ်။ အဲဒါက ဖုန်းအသုံးပြုမှု အတွေ့အကြုံ သစ်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။ ဗီဒီယိုကြည့်တာနဲ့ ဂိမ်းကစားရတာ မြင်ကွင်းအပြည့်နဲ့ အသုံးပြုရသလို ခံစားရတာကျေနပ်စရာ ကောင်းလှသလို အသံထွက်ပိုင်းလည်း အားရစရာပါ။ ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်သလို Quick Charge 4.0 စနစ်ကလည်း ကျေနပ်စရာ ကောင်းလှပါတယ်။ မိုဘိုင်းလုံခြုံရေးစနစ်ပိုင်းက ဖုန်းကို ဗိုင်းရပ်စ်ကင်းကင်းနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပြီး ရေစိုခံတဲ့အတွက်လည်း ခုလိုမိုးတွင်းမှာ သုံးချင်သူတွေ သင့်လျော်မှုရှိပါ တယ်။

ကင်မရာနဲ့ စွမ်းဆောင်ရည် ပိုင်းကောင်းမွန်မှုရှိပေမယ့် လက်ရှိစျေးကွက်ထဲက စျေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ မှတ်ဉာဏ်စနစ် က နည်းတယ်လို့ဆိုရမှာပါ။ မှတ်ဉာဏ်စနစ် များများလိုချင်တဲ့ အသုံးပြုသူတွေ အနေနဲ့ဆို ရင်တော့ RAM 4G နဲ့ Internal 64 GB storage ပါဝင်တဲ့ Bphone 3 Pro version ကို ရွေးချယ်ဝယ်ယူသွားနိုင်ပါတယ်။
နောက်တစ်ခုက Bphone 3 စျေးနှုန်းနဲ့ဆို under display လက်ဗွေစနစ်နဲ့ ကျောဘက်ကင်မရာ အနည်းဆုံး ၂ လုံး ဒါမှမဟုတ် ၃ လုံးပါ၀င်တဲ့ဖုန်းကို ရွေးချယ်နိုင်မှာဖြစ်ပေမယ့် အဲဒီဖုန်းတွေက ရေစိုခံအမျိုးအစားတော့ မဟုတ်ပါဘူး။ သူ့မှာကျောဘက် ကင်မရာတစ်လုံးတည်း ပါဝင်ပေမယ့် dual pixel ကင်မရာဖြစ်တဲ့အတွက် focus ချိန်တာရော၊ ဓာတ်ပုံရိုက်တာရော ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး AI နည်းပညာလည်း ပါဝင်တဲ့အတွက် တစ်ခြားကင်မရာ ၂ လုံး၊ ၃ လုံးပါဝင်တဲ့ဖုန်းတွေနဲ့ ယှဉ်နိုင်ပါတယ်။ ခြုံပြီးသုံးရမယ်ဆိုရင်တော့ မိမိအနေနဲ့ Brand အသစ်ကို စမ်းသပ်သုံးစွဲချင်တယ်ဆိုရင်တော့ အသုံးပြုမှုအတွေ့အကြုံ သစ်တွေကို ရရှိနိုင်မယ့် Flagship ဒီဇိုင်းအလယ်အလတ်တန်းစား ဒီဖုန်းက စမ်းသပ်ကြည့်သင့်တဲ့ ဖုန်းအမျိုးအစားတစ်ခုပါ။