Bphone 3

[Zawgyi]

အားသာခ်က္

ေအာက္ဘက္ Screen ေဘာင္ေပ်ာက္ဒီဇုိင္းက ပရီမီယံဆန္ၿပီး ဆြဲေဆာင္မႈရွိသလို Full HD+ Display ကလည္း ေတာက္ပမႈ ရွိပါတယ္။ ႀကီးမားတဲ့ျမင္ကြင္း အရြယ္အစားရွိေပမယ့္ လက္ထဲမွာကိုင္တြယ္ရတာ က်စ္လ်စ္ေကာင္းမြန္တဲ့ အရြယ္အစားနဲ႔ အေလးခ်ိန္က သေဘာက်စရာပါ။ ေနာက္ၿပီး ဖုန္းရဲ႕ေရွ႕ဘက္နဲ႔ ေနာက္ဘက္ ၂ ဘက္လံုးကို Gorilla Glass 3 နဲ႔ဖုံးအုပ္ေပးထားတဲ့အတြက္ ဖုန္းကိုယ္ထည္ပိုင္းကို ပိုမို မာေက်ာ က်စ္လ်စ္ေစပါတယ္။ အသံထြက္ပိုင္း၊ Gesture ပိုင္းနဲ႔ အသုံး၀င္လွတဲ့ Built-in app ေတြ တစ္ပါတည္း ပါ၀င္တာကလည္း ေက်နပ္စရာပါ။ Quick Charge 4.0 နည္းပညာ ေထာက္ပံ့ပါ၀င္ၿပီး ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ေရစိုခံႏုိင္သလို လက္ေဗြစနစ္နဲ႔ Bkav မိုဘုိင္းလုံၿခဳံေရးစနစ္ေတြ ပါ၀င္တာက ဒီဖုန္းရဲ႕အားသာ ခ်က္ပါ။

အားနည္းခ်က္

အသုံးျပဳရတာ ျမန္ဆန္မႈ ေခ်ာေမြ႕မႈရွိေပမယ့္ 3GB RAM နဲ႔ Internal 32GB သိုေလွာင္ႏုိင္မႈက နည္းနည္းေတာ့ နည္းတယ္လို႔ ဆိုရမွာပါ။ မွတ္ဥာဏ္စနစ္မ်ားမ်ားလိုခ်င္တဲ့ အသံုးျပဳသူေတြအေနနဲ႔ဆိုရင္ေတာ့ RAM 4G နဲ႔ Internal 64 GB storage ပါဝင္တဲ့ Bphone 3 Pro version ကို ေရြးခ်ယ္ဝယ္ယူသြားႏိုင္ပါတယ္။ ဒီဖုန္းမွာ နားၾကပ္ေပါက္မပါ၀င္ပါဘူး။ နားၾကပ္သုံးမယ္ ဆိုရင္ေတာ့ Type-C ေပါက္ကတစ္ဆင့္ adapter နဲ႔အသုံးျပဳ ရမွာပါ။ ေရွ႕ဘက္နဲ႔ ေနာက္ဘက္ကို Gorilla Glass 3 နဲ႔ ဖုံးအုပ္ထားတားက ကိုင္ရတာ လက္ထဲမွာ ေခ်ာၿပီး အလြယ္တကူ လြတ္က်ႏုိင္တာေတြက ဒီဖုန္းရဲ႕ အားနည္းခ်က္ပါ။

စြမ္းေဆာင္ရည္

ဒီဖုန္းမွာ Qualcomm Snapdragon 636 chip ကို အသုံးျပဳထားၿပီး RAM 3GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 32GBရွိပါတယ္။ ဒီဖုန္းက ျမန္ဆန္ေကာင္းမြန္မႈရွိသလို လက္ရွိ ေပၚျပဴလာျဖစ္ေနတဲ့ Mobile
Legends နဲ႔ PUPG ဂိမ္းေတြကိုေခ်ာေမြ႕ ေကာင္းမြန္စြာေဆာ့ ကစားႏုိင္မွာ ျဖစ္ပါတယ္။ သူ႔မွာ ေထာက္ပံ့ပါ ၀င္တဲ့ Gesture စနစ္ေတြက ဖုန္းအသုံးျပဳမႈအတြက္ အေတြ႕အႀကဳံသစ္ေတြကို ရရွိႏုိင္ မွာျဖစ္သလို ေန႔စဥ္ဖုန္း အသုံးျပဳမႈ ကို ျမန္ဆန္ေစၿပီး အဆင္ေျပ ေကာင္းမြန္လွပါတယ္။ OS အေနနဲ႔ Android 8.1 အေျချပဳ BOS ကို ထည့္သြင္းထားပါတယ္။
Bkav မိုဘုိင္းလုံၿခဳံေရးစနစ္ကဖုန္းမွာ အလြယ္တကူ ဗုိင္းရပ္စ္ ၀င္တာနဲ႔ Spam ေတြ ၀င္တာမ်ဳိး ကို အျပည့္အဝကာကြယ္ႏုိင္မွာ ျဖစ္သလို ဖုန္းထဲကို app နဲ႔ဂိမ္းနဲ႔ ထည့္သြင္းတုိင္း ဗုိင္းရပ္စ္ပါမပါ ကို အလိုအေလ်ာက္စစ္ ေဆးေပးတာကလည္း သေဘာ က်စရာပါ။

ဒီဇိုင္းနဲ႔မ်က္ႏွာျပင္

Bphone 3 ရဲ႕ ေက်ာဘက္နဲ႔ အေရွ႕ဘက္ကို Gorilla Glass 3 နဲ႔ ဖုံးအုပ္ထားတဲ့အတြက္ေတာက္ ပၿပီး က်စ္လ်စ္ေတာင့္ တင္းတဲ့ ကိုယ္ထည္၊ ပါးလႊာတ့ဲဒီဇုိင္းနဲ႔ မေလးမေပါ့အေလးခ်ိန္က လက္ထဲမွာ ကိုင္ရတာ ေကာင္းမြန္သလို ပရီမီယံ ဆန္တယ္လို႔ခံစားရပါတယ္။ ေက်ာဘက္ကင္မရာကို ဘယ္ဘက္အေပၚေထာင့္နားမွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္ကင္ မရာကေတာ့ ျမင္ကြင္းရဲ႕အေပၚဘက္ ဘယ္ဘက္မွာတပ္ဆင္ထားပါတယ္။ ေက်ာဘက္အလယ္ တည့္တည့္နားမွာေတာ့လက္ေဗြစနစ္နဲ႔ B လိုဂိုရွိမွာ ျဖစ္ပါတယ္။ SIM ကတ္ေပါက္နဲ႔ ပါ၀ါခလုတ္ကေတာ့ ေရွ႕ျမင္ကြင္းရဲ႕ဘယ္ဘက္ ေဘာင္ထဲမွာရွိၿပီး ညာဘက္ေဘာင္ထဲမွာေတာ့ အသံတိုးက်ယ္ ခလုတ္ကို တပ္ဆင္ထားပါတယ္။ ေအာက္ဘက္ေဘာင္ထဲမွာေတာ့ Type-C ေပါက္နဲ႔ စပီကာပါ၀င္ပါတယ္။
မ်က္ႏွာျပင္ အရြယ္အစား ၅.၉၉ လက္မရွိတဲ့IPS LCD Display က 2160×1080 pixel ထိ ေထာက္ပံ့ေပးႏုိင္ ပါတယ္။ Screen ratio က 18:9 ရွိၿပီးဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါ၀င္မႈရာခုိင္ႏႈန္း ၈၁.၅ ရာခုိင္ႏႈန္းရွိပါတယ္။ ကိုယ္ထည္က IP68 ေရစိုခံႏုိင္မႈရွိမွာျဖစ္ၿပီး အေလးခ်ိန္ကေတာ့ ၁၆၀ ဂရမ္ရွိပါတယ္။

ကင္မရာ

12MP ေက်ာဘက္ကင္မရာ က aperture f/1.8 ရွိၿပီး AF စနစ္၊ PDAF Dual pixel 2 sensors (dual pixel 12MP for image + 12MP for focus) စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။ ဓာတ္ပုံအရည္အေသြးပိုင္း ၾကည္ လင္ျပတ္သားေကာင္းမြန္သလို ကာလာပိုင္းလည္း ေက်နပ္စရာပါ။ AI စနစ္ေထာက္ပံ့ပါ၀င္တဲ့ အတြက္ Portrait ဓာတ္ပုံေတြကို အေကာင္းဆုံး႐ိုက္ကူးႏုိင္မွာျဖစ္သလုိ ျမန္ဆန္တဲ့ AF စနစ္က ေက်နပ္စရာ ေကာင္းလွ ပါတယ္။Apeature f/2.0 ရွိတဲ့ ေရွ႕ဘက္ 8MP Selfie ကင္မရာရဲ႕ selfie စနစ္က ေန႔ည ႐ိုက္ကူးမႈအတြက္ သဘာဝက်တဲ့ Portrait ဓာတ္ပုံေတြကို ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ ေရွ႕ေနာက္ကင္မ ရာစနစ္ေတြက ေန႔ဘက္ ႐ိုက္ကူးမႈအတြက္ ေကာင္းမြန္ၿပီး ပတ္၀န္း က်င္အလင္းအား နည္းတဲ့ညပိုင္း ႐ိုက္ကူးမႈ ဓာတ္ပုံေတြကသဘာ ၀က်လွပေပမယ့္ ဒီဂ်စ္တယ္ Zoom ဆြဲ႐ိုက္ကူးမႈေတြမွာေတာ့ ဓာတ္ပုံမွာ noise အနည္းငယ္ ရွိမွာျဖစ္ပါ တယ္။OIS (Optical Image Stabilizations) စနစ္ေတာ့ ေထာက္ပံ့ပါ၀င္မႈမရွိပါဘူး။ ဗီဒီယုိကိုေတာ့ 2K အရည္အေသြးဗီဒီယုိကို 30fps နဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္သလို Slow-motion ဗီဒီယုိနဲ႔ Time-lapse ဗီဒီယုိေတြကို လည္း ႐ိုက္ကူးႏုိင္ မွာျဖစ္ပါတယ္။

ဘက္ထရီ

3000 mAh ပမာဏဘက္ထရီက ၆ လက္မ နီးပါးျမင္ကြင္းအရြယ္အစားရွိတဲ့ IPS LCD Display အမ်ဳိးအစား သုံးထားတဲ့ ဒီဖုန္းအတြက္ နည္းတယ္လို႔ထင္ရေပမယ့္ တစ္ရက္ခြဲနီးပါး ေလာက္ အသုံးျပဳႏုိင္တာ ေက်နပ္ စရာ ေကာင္းတဲ့ အခ်က္လို႔ဆိုရမွာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ အားသြင္းျမန္ဆန္တဲ့ Quick Charge 4.0 အားသြင္း စနစ္ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

ဗီယက္နမ္ထုတ္ Bphone 3 က flagship ဖုန္းတစ္လုံးကို ကိုင္ရသလိုမ်ဳိး ပရီမီယံဒီဇုိင္းနဲ႔ က်စ္လ်စ္မႈရွိသလို ေတာင့္တင္းမႈ ရွိေပမယ့္ အနည္းငယ္ေခ်ာတဲ့ အတြက္ လက္ထဲကလြတ္မက်ေအာင္ ဂ႐ုစိုက္ ကိုင္တြယ္ ရမွာျဖစ္ပါတယ္။ လက္ထဲမွာ ကိုင္ရတာ ေကာင္းမြန္သလို သူ႔မွာပါ၀င္တဲ့ gesture စနစ္ေတြကလက္တစ္ ဖက္တည္းနဲ႔ သုံးရတာ အဆင္ေျပ လြယ္ကူမႈရွိလွပါတယ္။ ဗီဒီယုိ ၾကည့္တာနဲ႔ ဂိမ္းကစားရတာျမင္ ကြင္းအျပည့္နဲ႔ အသုံးျပဳရသလုိခံစားရတာ ေက်နပ္စရာေကာင္းလွသလို အသံထြက္ပိုင္းလည္း အားရစရာပါ။ ဘက္ထရီနဲ႔လည္း အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မွာျဖစ္သလို Quick Charge 4.0 စနစ္ကလည္း ေက်နပ္စရာ ေကာင္းလွပါတယ္။ မိုဘုိင္းလုံၿခဳံေရး စနစ္ပိုင္းကဖုန္းကို ဗုိင္းရပ္စ္ကင္းကင္းနဲ႔အသုံးျပဳႏုိင္ေစမွာျဖစ္ၿပီး ေရစိုခံတဲ့ အတြက္လည္း ခုလိုမုိးတြင္းမွာ သုံးခ်င္ သူေတြ သင့္ေလ်ာ္မႈရွိပါတယ္။

ကင္မရာနဲ႔ စြမ္းေဆာင္ရည္ပုိင္း ေကာင္း မြန္မႈရွိေပမယ့္ လက္ရွိေစ်းကြက္ထဲက တစ္ျခားဖုန္းေမာ္ဒယ္ေတြနဲ႔ ယွဥ္မယ္ ဆိုရင္ေတာ့ မွတ္ဥာဏ္စနစ္က အနည္းငယ္ နည္းတယ္လို႔ဆိုရမွာပါ။ မွတ္ဥာဏ္စနစ္ မ်ားမ်ားလိုခ်င္ တဲ့ အသံုးျပဳသူေတြ အေနနဲ႔ဆိုရင္ေတာ့ RAM 4GB နဲ႔ Internal 64 GB storage ပါဝင္တဲ့ Bphone 3 Pro version ကို ေရြးခ်ယ္ဝယ္ယူသြားႏိုင္ပါတယ္။

ေနာက္တစ္ခု က Bphone 3 မွာ ေက်ာဘက္ကင္မရာ တစ္လံုးတည္း ပါဝင္ေပမယ့္ dual pixel ကင္မရာျဖစ္တဲ့ အတြက္ focus ခ်ိန္တာေရာ၊ ဓာတ္ပံုရိုက္တာေရာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားၿပီး AI နည္း ပညာလည္း ပါဝင္တဲ့အတြက္ တစ္ျခား ကင္မရာ ၂ လံုး၊ ၃ လံုး ပါဝင္တဲ့ ဖုန္းေတြနဲ႔ ယွဥ္ႏိုင္ပါတယ္။ ၿခဳံၿပီးသုံးရ မယ္ဆိုရင္ေတာ့ မိမိအေနနဲ႔ Brand အသစ္ ကို စမ္းသပ္သုံးစြဲခ်င္တယ္ ဆိုရင္ေတာ့ အသုံးျပဳမႈအေတြ႕ အႀကဳံသစ္ေတြ ကို ရရွိႏုိင္မယ့္ Flagship ဒီဇုိင္း ဒီဖုန္းက စမ္းသပ္ၾကည့္သင့္တဲ့ ဖုန္းအမ်ဳိးအစားတစ္ခုပါ။
Bphone 3 နဲ႔ Bphone 3 Pro ရဲ႕ေစ်းႏႈန္းေတြကိုေတာ့ ဇူလိုင္လ ပထမအပတ္မွာ ေၾကညာေပးသြားမယ္လို႔ သိရပါတယ္။

[Unicode]

အားသာချက်

အောက်ဘက် Screen ဘောင်ပျောက်ဒီဇိုင်းက ပရီမီယံဆန်ပြီး ဆွဲဆောင်မှုရှိသလို Full HD+ Display ကလည်း တောက်ပမှု ရှိပါတယ်။ ကြီးမားတဲ့မြင်ကွင်း အရွယ်အစားရှိပေမယ့် လက်ထဲမှာကိုင်တွယ်ရတာ ကျစ်လျစ်ကောင်းမွန်တဲ့ အရွယ်အစားနဲ့ အလေးချိန်က သဘောကျစရာပါ။ နောက်ပြီး ဖုန်းရဲ့ရှေ့ဘက်နဲ့ နောက်ဘက် ၂ ဘက်လုံးကို Gorilla Glass 3 နဲ့ဖုံးအုပ်ပေးထားတဲ့အတွက် ဖုန်းကိုယ်ထည်ပိုင်းကို ပိုမို မာကျော ကျစ်လျစ်စေပါတယ်။ အသံထွက်ပိုင်း၊ Gesture ပိုင်းနဲ့ အသုံးဝင်လှတဲ့ Built-in app တွေ တစ်ပါတည်း ပါ၀င်တာကလည်း ကျေနပ်စရာပါ။ Quick Charge 4.0 နည်းပညာ ထောက်ပံ့ပါ၀င်ပြီး ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစိုခံနိုင်သလို လက်ဗွေစနစ်နဲ့ Bkav မိုဘိုင်းလုံခြုံရေးစနစ်တွေ ပါ၀င်တာက ဒီဖုန်းရဲ့အားသာ ချက်ပါ။

အားနည်းချက်

အသုံးပြုရတာ မြန်ဆန်မှု ချောမွေ့မှုရှိပေမယ့် 3GB RAM နဲ့ Internal 32GB သိုလှောင်နိုင်မှုက နည်းနည်းတော့ နည်းတယ်လို့ ဆိုရမှာပါ။ မှတ်ဉာဏ်စနစ်များများလိုချင်တဲ့ အသုံးပြုသူတွေအနေနဲ့ဆိုရင်တော့ RAM 4G နဲ့ Internal 64 GB storage ပါဝင်တဲ့ Bphone 3 Pro version ကို ရွေးချယ်ဝယ်ယူသွားနိုင်ပါတယ်။ ဒီဖုန်းမှာ နားကြပ်ပေါက်မပါ၀င်ပါဘူး။ နားကြပ်သုံးမယ် ဆိုရင်တော့ Type-C ပေါက်ကတစ်ဆင့် adapter နဲ့အသုံးပြု ရမှာပါ။ ရှေ့ဘက်နဲ့ နောက်ဘက်ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ထားတားက ကိုင်ရတာ လက်ထဲမှာ ချောပြီး အလွယ်တကူ လွတ်ကျနိုင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ Qualcomm Snapdragon 636 chip ကို အသုံးပြုထားပြီး RAM 3GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32GBရှိပါတယ်။ ဒီဖုန်းက မြန်ဆန်ကောင်းမွန်မှုရှိသလို လက်ရှိ ပေါ်ပြူလာဖြစ်နေတဲ့ Mobile
Legends နဲ့ PUPG ဂိမ်းတွေကိုချောမွေ့ ကောင်းမွန်စွာဆော့ ကစားနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာ ထောက်ပံ့ပါ ၀င်တဲ့ Gesture စနစ်တွေက ဖုန်းအသုံးပြုမှုအတွက် အတွေ့အကြုံသစ်တွေကို ရရှိနိုင် မှာဖြစ်သလို နေ့စဉ်ဖုန်း အသုံးပြုမှု ကို မြန်ဆန်စေပြီး အဆင်ပြေ ကောင်းမွန်လှပါတယ်။ OS အနေနဲ့ Android 8.1 အခြေပြု BOS ကို ထည့်သွင်းထားပါတယ်။
Bkav မိုဘိုင်းလုံခြုံရေးစနစ်ကဖုန်းမှာ အလွယ်တကူ ဗိုင်းရပ်စ် ၀င်တာနဲ့ Spam တွေ ၀င်တာမျိုး ကို အပြည့်အဝကာကွယ်နိုင်မှာ ဖြစ်သလို ဖုန်းထဲကို app နဲ့ဂိမ်းနဲ့ ထည့်သွင်းတိုင်း ဗိုင်းရပ်စ်ပါမပါ ကို အလိုအလျောက်စစ် ဆေးပေးတာကလည်း သဘော ကျစရာပါ။

ဒီဇိုင်းနဲ့မျက်နှာပြင်

Bphone 3 ရဲ့ ကျောဘက်နဲ့ အရှေ့ဘက်ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ထားတဲ့အတွက်တောက် ပပြီး ကျစ်လျစ်တောင့် တင်းတဲ့ ကိုယ်ထည်၊ ပါးလွှာတဲ့ဒီဇိုင်းနဲ့ မလေးမပေါ့အလေးချိန်က လက်ထဲမှာ ကိုင်ရတာ ကောင်းမွန်သလို ပရီမီယံ ဆန်တယ်လို့ခံစားရပါတယ်။ ကျောဘက်ကင်မရာကို ဘယ်ဘက်အပေါ်ထောင့်နားမှာ တပ်ဆင်ထားပြီး ရှေ့ဘက်ကင် မရာကတော့ မြင်ကွင်းရဲ့အပေါ်ဘက် ဘယ်ဘက်မှာတပ်ဆင်ထားပါတယ်။ ကျောဘက်အလယ် တည့်တည့်နားမှာတော့လက်ဗွေစနစ်နဲ့ B လိုဂိုရှိမှာ ဖြစ်ပါတယ်။ SIM ကတ်ပေါက်နဲ့ ပါ၀ါခလုတ်ကတော့ ရှေ့မြင်ကွင်းရဲ့ဘယ်ဘက် ဘောင်ထဲမှာရှိပြီး ညာဘက်ဘောင်ထဲမှာတော့ အသံတိုးကျယ် ခလုတ်ကို တပ်ဆင်ထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာတော့ Type-C ပေါက်နဲ့ စပီကာပါ၀င်ပါတယ်။
မျက်နှာပြင် အရွယ်အစား ၅.၉၉ လက်မရှိတဲ့IPS LCD Display က 2160×1080 pixel ထိ ထောက်ပံ့ပေးနိုင် ပါတယ်။ Screen ratio က 18:9 ရှိပြီးဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါ၀င်မှုရာခိုင်နှုန်း ၈၁.၅ ရာခိုင်နှုန်းရှိပါတယ်။ ကိုယ်ထည်က IP68 ရေစိုခံနိုင်မှုရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၆၀ ဂရမ်ရှိပါတယ်။

ကင်မရာ

12MP ကျောဘက်ကင်မရာ က aperture f/1.8 ရှိပြီး AF စနစ်၊ PDAF Dual pixel 2 sensors (dual pixel 12MP for image + 12MP for focus) စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။ ဓာတ်ပုံအရည်အသွေးပိုင်း ကြည် လင်ပြတ်သားကောင်းမွန်သလို ကာလာပိုင်းလည်း ကျေနပ်စရာပါ။ AI စနစ်ထောက်ပံ့ပါ၀င်တဲ့ အတွက် Portrait ဓာတ်ပုံတွေကို အကောင်းဆုံးရိုက်ကူးနိုင်မှာဖြစ်သလို မြန်ဆန်တဲ့ AF စနစ်က ကျေနပ်စရာ ကောင်းလှ ပါတယ်။Apeature f/2.0 ရှိတဲ့ ရှေ့ဘက် 8MP Selfie ကင်မရာရဲ့ selfie စနစ်က နေ့ည ရိုက်ကူးမှုအတွက် သဘာဝကျတဲ့ Portrait ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့နောက်ကင်မ ရာစနစ်တွေက နေ့ဘက် ရိုက်ကူးမှုအတွက် ကောင်းမွန်ပြီး ပတ်ဝန်း ကျင်အလင်းအား နည်းတဲ့ညပိုင်း ရိုက်ကူးမှု ဓာတ်ပုံတွေကသဘာ ၀ကျလှပပေမယ့် ဒီဂျစ်တယ် Zoom ဆွဲရိုက်ကူးမှုတွေမှာတော့ ဓာတ်ပုံမှာ noise အနည်းငယ် ရှိမှာဖြစ်ပါ တယ်။OIS (Optical Image Stabilizations) စနစ်တော့ ထောက်ပံ့ပါ၀င်မှုမရှိပါဘူး။ ဗီဒီယိုကိုတော့ 2K အရည်အသွေးဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို Slow-motion ဗီဒီယိုနဲ့ Time-lapse ဗီဒီယိုတွေကို လည်း ရိုက်ကူးနိုင် မှာဖြစ်ပါတယ်။

ဘက်ထရီ

3000 mAh ပမာဏဘက်ထရီက ၆ လက်မ နီးပါးမြင်ကွင်းအရွယ်အစားရှိတဲ့ IPS LCD Display အမျိုးအစား သုံးထားတဲ့ ဒီဖုန်းအတွက် နည်းတယ်လို့ထင်ရပေမယ့် တစ်ရက်ခွဲနီးပါး လောက် အသုံးပြုနိုင်တာ ကျေနပ် စရာ ကောင်းတဲ့ အချက်လို့ဆိုရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ အားသွင်းမြန်ဆန်တဲ့ Quick Charge 4.0 အားသွင်း စနစ် ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

ဗီယက်နမ်ထုတ် Bphone 3 က flagship ဖုန်းတစ်လုံးကို ကိုင်ရသလိုမျိုး ပရီမီယံဒီဇိုင်းနဲ့ ကျစ်လျစ်မှုရှိသလို တောင့်တင်းမှု ရှိပေမယ့် အနည်းငယ်ချောတဲ့ အတွက် လက်ထဲကလွတ်မကျအောင် ဂရုစိုက် ကိုင်တွယ် ရမှာဖြစ်ပါတယ်။ လက်ထဲမှာ ကိုင်ရတာ ကောင်းမွန်သလို သူ့မှာပါ၀င်တဲ့ gesture စနစ်တွေကလက်တစ် ဖက်တည်းနဲ့ သုံးရတာ အဆင်ပြေ လွယ်ကူမှုရှိလှပါတယ်။ ဗီဒီယို ကြည့်တာနဲ့ ဂိမ်းကစားရတာမြင် ကွင်းအပြည့်နဲ့ အသုံးပြုရသလိုခံစားရတာ ကျေနပ်စရာကောင်းလှသလို အသံထွက်ပိုင်းလည်း အားရစရာပါ။ ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်သလို Quick Charge 4.0 စနစ်ကလည်း ကျေနပ်စရာ ကောင်းလှပါတယ်။ မိုဘိုင်းလုံခြုံရေး စနစ်ပိုင်းကဖုန်းကို ဗိုင်းရပ်စ်ကင်းကင်းနဲ့အသုံးပြုနိုင်စေမှာဖြစ်ပြီး ရေစိုခံတဲ့ အတွက်လည်း ခုလိုမိုးတွင်းမှာ သုံးချင် သူတွေ သင့်လျော်မှုရှိပါတယ်။

ကင်မရာနဲ့ စွမ်းဆောင်ရည်ပိုင်း ကောင်း မွန်မှုရှိပေမယ့် လက်ရှိစျေးကွက်ထဲက တစ်ခြားဖုန်းမော်ဒယ်တွေနဲ့ ယှဉ်မယ် ဆိုရင်တော့ မှတ်ဉာဏ်စနစ်က အနည်းငယ် နည်းတယ်လို့ဆိုရမှာပါ။ မှတ်ဉာဏ်စနစ် များများလိုချင် တဲ့ အသုံးပြုသူတွေ အနေနဲ့ဆိုရင်တော့ RAM 4GB နဲ့ Internal 64 GB storage ပါဝင်တဲ့ Bphone 3 Pro version ကို ရွေးချယ်ဝယ်ယူသွားနိုင်ပါတယ်။

နောက်တစ်ခု က Bphone 3 မှာ ကျောဘက်ကင်မရာ တစ်လုံးတည်း ပါဝင်ပေမယ့် dual pixel ကင်မရာဖြစ်တဲ့ အတွက် focus ချိန်တာရော၊ ဓာတ်ပုံရိုက်တာရော ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး AI နည်း ပညာလည်း ပါဝင်တဲ့အတွက် တစ်ခြား ကင်မရာ ၂ လုံး၊ ၃ လုံး ပါဝင်တဲ့ ဖုန်းတွေနဲ့ ယှဉ်နိုင်ပါတယ်။ ခြုံပြီးသုံးရ မယ်ဆိုရင်တော့ မိမိအနေနဲ့ Brand အသစ် ကို စမ်းသပ်သုံးစွဲချင်တယ် ဆိုရင်တော့ အသုံးပြုမှုအတွေ့ အကြုံသစ်တွေ ကို ရရှိနိုင်မယ့် Flagship ဒီဇိုင်း ဒီဖုန်းက စမ်းသပ်ကြည့်သင့်တဲ့ ဖုန်းအမျိုးအစားတစ်ခုပါ။
Bphone 3 နဲ့ Bphone 3 Pro ရဲ့စျေးနှုန်းတွေကိုတော့ ဇူလိုင်လ ပထမအပတ်မှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။