Bphone သုံးစွဲသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိ

Bphone သုံးစွဲသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ Bphone Myanmar မှသိရပါတယ်။

“BFCM ရဲ့ long form ကတော့ Bphone Fans Club Myanmar ဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်သူ Manufature နဲ့ customer တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ BFCM ရဲ့ အဓိကရည်ရွယ်ချက်ကတော့Bphone အသုံးပြုနေတဲ့ user တွေရော မသုံးဖူးတဲ့ customer တွေကြားမှာရော ပိုမိုရင်းနှီးချစ်ကြည်လာစေဖို့၊ Customersတွေ ဖုန်းနဲ့ပတ်သတ်ပြီးရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် ပြသနာများကို ဝိုင်းဝန်းဖြေရှင်းဖို့၊ Customers တွေနဲ့ Bphone မှ ဝန်ထမ်းတွေကြား အချင်းချင်းယုံကြည်စိတ်ချရတဲ့ ခင်မင်ရင်းနှီးမှုတည်ဆောက်နိုင်ဖို့နဲ့ ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မတူညီကွဲပြားတဲ့ ယဉ်ကျေးမှု၊အနုပညာ ၊စားသောက်နေထိုင်မှုပုံစံများကို အပြန်အလှန်ဖလှယ်နိုင်ရန် အဓိကထားပြီး ရည်ရွယ်ထားပါတယ်”လို့ Bphone Myanmar မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

BFCM အနေနဲ့ Activities တွေကိုလည်း လုပ်ဆောင်ပေးလျက်ရှိရာမှာ တစ်ပတ်နဲ့တစ်ပတ် မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ စိတ်လှုပ်ရှားဖွယ် Minigames တွေကို ပြုလုပ်ပေးပြီး အနိုင်ရရှိတဲ့သူတွေကို လက်ဆောင်တွေအပြင် တန်ဖိုးကြီးဖုန်းဖြစ်တဲ့ Bphone 3,Bphone 3 pro တို့ကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်လျက်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် BFCMက Membersတွေနဲ့ online က မဟုတ်ဘဲ Offline မှာတွေ့ရတဲ့ Bfans Day ကိုလဲ ပြုလုပ်လေ့ရှိကြောင်း၊ တွေ့ဆုံပွဲမှာ ဂိမ်းတွေဆော့ပြီး လက်ဆောင်တွေပေးကာ ဗဟုသုတတွေကို မျှဝေကြတယ်လို့ ဆိုပါတယ်။Bfans Day မှာ ထုတ်လုပ်သူနဲ့ fans တွေတိုက်ရိုက်ထိတွေ့ပြီး အကြံပြုချက်များကို လက်ခံဆွေးနွေးကာ အတွေ့အကြုံများကို ဖလှယ်ရင်း member အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရအောင် ပြုလုပ်ပေးတဲ့ ပွဲဖြစ်တယ်လို့ သိရပါတယ်။

Education Feature Unit တွေဖြစ်တဲ့ Bphone နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ Mobile Photographying tips တွေကိုလည်း တစ်လလျှင် တစ်ကြိမ် ခေါင်းစဉ်ကြီးတစ်မျိုးနှင့် ခေါင်းစဉ်ခွဲလေးတွေနဲ့ Bfan တွေဗဟုသုတရဖို့ အမြဲတင်ပေးလေ့ရှိတယ် ကြောင်း၊ဖုန်းဝယ်ပြီး တစ်ပတ်အကြာ နဲ့ လစဉ် တိုင်းမှာ Customers တွေဆီကို ဖုန်းဆက်ပြီး (Happy call) ဖုန်းသုံးရတာ အဆင်ပြေလား ၊ ဘာအခက်အခဲရှိလဲဆိုပြီးမေးမြန်းမှုတွေကိုလည်း လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Fans တွေရဲ့ အကြံပြုချက်များ ကို ထည့်သွင်း စဉ်းစား ပြီး အနည်းဆုံး တစ်လ တစ်ကြိမ် software update ပြုလုပ်ပေးကြောင်း၊ တနင်္လာနေ့တိုင်း BFCMထဲဝင်လာတဲ့ Members အသစ်တွေကိုလည်း Admins တွေနဲ့ အခြားသော Members တွေက Welcome Post တင်ပြီး နွေးထွေးပျူဌာစွာ ကြိုဆိုကြကြောင်း ဆိုပါတယ်။

တနင်္ဂနွေနေ့ကဲ့သို့ နေ့မျိုးမှာလည်း သီချင်းလေးတွေနဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေ ညွှန်းပေးလေ့ရှိသလို ယခုကာလမှာလည်း ညတိုင်း Covid-19နဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းကိုအမြဲတင်ပေးကြောင်း သိရပါတယ် ။ Bfans တွေရဲ့ ကျန်းမာရေးကို အထူးအလေးထားတဲ့အနေနဲ့ Health tips တွေကိုမျှဝေပေးလေ့ရှိသလို၊ BFCM မှာရှိတဲ့ Member တွေ မွေးနေ့ရောက်ရင်လဲ ဝိုင်းပြီး Birthday Wish လုပ်ပေးကြပြီး မိသားစုဆန်ဆန် ရင်းရင်းနှီးနှီး ရှိစေကြောင်း သိရပါတယ်။ Fans တွေထဲမှပဲ ကူညီကာ goup ထဲမှာ moderators လုပ်ပေးသူတွေရှိကြောင်း၊ Bfanတွေနဲ့ ဝန်ထမ်းတွေပူးပေါင်းပြီး ကထိန်အလှူ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ကိုဆုလက်ဆောင် ချီးမြှင့် ခြင်း စတာတွေကိုလည်း လုပ်ဆောင်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင​ြ Fan တွေရဲ့ တောင်းဆို အကြံပြုချက်များအတိုင်း လိုအပ်သော နေရာများကို လည်း ဖုန်းလက်ဆောင် ပေးအပ်ထောက်ပံံ့ခြင်းများပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

Bphone နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို https://www.facebook.com/groups/bphonemyanmar/ မှ ဝင်ရောက်လေ့လာနိုင်သလို Bphone အသုံးပြုသူများအတွက်လည်း https://web.facebook.com/groups/bphonemyanmar ကို ပြုလုပ်ပေးထားတာဖြစ်ပါတယ်။