BOYA BY-WM4 Pro K2

DSLR , Video ကင်မရာ၊ PC, ဖုန်း, Tablet, အသံဖမ်းစက်တွေနဲ့ ရုပ်သံရိုက်ကူးရေးနဲ့ အင်တာဗျူးပြုလုပ်ရာမှာ အသံလိုင်းအား ပိုမိုကောင်းမွန်စေဖို့ တွဲဖက်အသုံးပြုနိုင်မယ့် ကြိုးမဲ့ microphone ဖြစ်ပါတယ်။ BOYA BY-WM4 Pro K2 ဖြစ်ပါတယ်။ Video Journalists, Vloggers, YouTubers, Video marker တွေအတွက် အထူးသင့်လျော်မယ့် ကြိုးမဲ့ပုံစံမိုက် ဖြစ်ပါတယ်။ ဘူးထဲမှာ Transmitter နှစ်ခု, Receiver တခုစီပါဝင်လို့ လူနှစ်ယောက်က တစ်ချိန်တည်းမှာ ပြောနိုင်မှာဖြစ်ပါတယ်။ Digital 2.4 GHz Frequency Band ဖြစ်ပြီး Earphone output level က 32Ω, 65Mw အထိ ရရှိနိုင်ပါတယ်။ Camera shoe mount , clip , 3.5 mm mini jack ပါဝင်တဲ့အတွက် မည်သည့်ကင်မရာ, PC, Smart phone, Tablet, Recorder မှာမဆို အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မှာပါ။ AAA အရွယ်အစား ဘက်ထရီကို ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး Transmitter အရွယ်အစားက 45 x70 x 35 mm , Receiver အရွယ်အစားက 45x 70 x35mm ရှိပြီး 47g သာလေးတဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၁၅၉,၀၀၀ ကျပ်ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း – ၀၉ ၅၁၁၃၅၉ ၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ