Boya BY-WFM12 Wireless Microphone

DSLR & Video ကင်မရာ, PC, ဖုန်း, Tablet, အသံဖမ်းစက်တွေနဲ့ ရုပ်သံရိုက်ကူးရေး အပြင် အင်တာဗျူးပြုလုပ်ရာမှာ အသံလိုင်းအား ပိုမို ကောင်းမွန်စေဖို့ တွဲဖက်အသုံးပြုနိုင်မယ့် ကြိုးမဲ့ microphone ဖြစ်ပါတယ်။ Video Journalist တွေ၊ Blogger တွေအတွက် သင့်တော်ပါတယ်။

Operation Frequencies က 204-215MHZ ဖြစ်ပြီး အတားအဆီးများ မပါဘဲ ၄၀ မီတာ (၁၃၁ ပေ) အကွာအဝေးအတွင်း အထိ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Channel ၁၂ ခုပါဝင်တဲ့အတွက် Video Journalist များစွာကြားထဲမှာ အခြားမော်ဒယ်တူ သုံးရင်တောင်မှ အသံဝင်ရောက်ရှုပ်ထွေးခြင်း မရှိဘဲ မိမိကင်မရာ အတွက် မိမိ အသံကိုသာ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ Automatically matched for Receiver စနစ် ပါဝင်တဲ့အတွက် မိမိ Devices တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ဖို့ ပြန်ရှာဖွေစရာလဲ မလိုပါဘူး။ ဘူးထဲမှာ Transmitter တစ်ခု, Receiver တစ်ခုစီ ပါဝင်ပါတယ်။ Transmitter တစ်ခုစီမှာ MIC socket နှစ်ခု ပါဝင်လို့ မိုက်ခရိုဖုန်းနှစ်ခုကို တစ်ချိန်တည်း ချိတ်ဆက် အသုံးပြုနိုင်ပါသေးတယ်။အသံထိန်းချုပ်ဘီးနဲ့ အသံအတိုးအလျှော့ကို လျင်မြန်စွာ ရွှေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။ အလေးချိန် 590g လေးပါတယ်။

တန်ဖိုးက ၉၀,၀၀၀ ကျပ်ဖြစ်ပြီး ROYAL digitatl camera ဖုန်း ၀၁-၃၉၁၆၁၅ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««