Boya BY-PM700 USB Condenser Cardioid Microphone

Laptop, desktop ကွန်ပျုတာ အသုံးပြုပြီး လုပ်ကိုင်ရတဲ့ podcasters, content creators , Blogger, Youtuber, Online သင်တန်းဆရာများနဲ့ ဂီတသမားများ အတွက် ဈေးနှုန်းသင့်တင့်ပြီး ဘက်စုံသုံး USB Condenser မိုက်ဖြစ်တဲ့ Boya BY-PM700 USB Condenser Cardioid Microphone ဖြစ်ပါတယ်။ စကားပြောဆိုတဲ့ အသံတွေကိုသာမက တူရိယာအသံများကိုပါ အရည်အသွေးမြင့်မြင့်နဲ့ အသံဖမ်းယူနိုင်ပါတယ်။ 16 bit / 48 kHz resolution နဲ့ အသံကိုဖမ်းယူနိုင်ပြီး ကိုယ်ထည်မှာ gain control, mute ခလုတ်တို့ပါဝင်ပါတယ်။ Diaphragm အရွယ်အစားက 14 mm ရှိပြီး Frequency Response ကတော့ 20-20,000Hz ဖြစ်လို့ ပတ်ဝန်းကျင် ဆူညံသံကို အနည်းဆုံး အထိ လျှော့ချပေးနိုင်မှာပါ။ ပါဝါ သုံးစွဲမှုက 5V/150mA ဖြစ်ပြီး plug-and-play ဒီဇိုင်းဖြစ်တဲ့အတွက် အသုံးပြုရာမှာ ဘက်ထရီထည့်စရာ မလိုသလို 3.5mm နားကြပ်ပေါက်ပါလို့ အသံပြန်နားထောင်နိုင်မှာ ဖြစ်ပါတယ်။ Headphone Amplifier အနေနဲ့ Impedance က16 ohms, Power output(RMS) အနေနဲ့ 130mW , Frequency Response အနေနဲ့က 15-20,000Hz ရရှိနိုင်မှာပါ။ Mac OS ရော Window OS တွေနဲ့ ပါ အဆင်ပြေပါတယ်။ အရွယ်အစား 112 x 108 x 295mm ဖြစ်ပြီး အလေးချိန် 1042g ရှိပါတယ်။

တန်ဖိုး ၉၇,၀၀၀ ကျပ်ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း – ၀၉ ၅၁၁၃၅၉ ၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««