Boya BY-HM2 Handheld Microphone

Laptop, desktop ကွန်ပျုတာ အသုံးပြုပြီး လုပ်ကိုင်ရတဲ့ podcasters, content creator , Blogger, Youtuber, Online သင်တန်းဆရာများနဲ့ ဂီတသမားများ အတွက် ဈေးနှုန်းလည်းသင့်တင့်မယ့် ဘက်စုံသုံးမိုက် ဖြစ်တဲ့ Boya BY-HM2 Handheld Microphone ဖြစ်ပါတယ်။ ပြင်ပမှာ ရုပ်သံအင်တာဗျူး ပြုလုပ်လိုတဲ့ VJ များအတွက် ပိုမိုသင့်တော်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ စကားပြောဆိုတဲ့ အသံတွေကိုသာမက တူရိယာအသံတွေကိုပါ အရည်အသွေးမြင့်မြင့်နဲ့ အသံဖမ်းယူနိုင်ပါတယ်။ မှတ်တမ်းတင်ခြင်း၊ vlogging, တိုက်ရိုက်လွှင့်ခြင်းနဲ့ တေးဂီတအသံဖမ်းခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

Cardioid polar ပုံစံဖြစ်ပြီး အသံဖမ်းယူရာမှာ မလိုလားအပ်တဲ့ နောက်ခံဆူညံသံကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ Gain Control ကနေ မိုက်ခရိုဖုန်းနဲ့ နားကြပ်နှစ်ခုစလုံးကို ထိန်းချုပ်မှု ပြုလုပ်နိုင်ပါတယ်။ အသုံးပြုသူက နားကြပ်နဲ့ မိုက်ခရိုဖုန်းနှစ်ခုစလုံးမှာ အသံပမာဏကို ထိန်းညှိပေးနိုင်လို့ ပတ်ဝန်းကျင် ဆူညံမှု အကင်းဆုံးနဲ့ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အသံအရည်အသွေး 16 bit / 48 kHz resolution နဲ့ အသံဖမ်းယူနိုင်ပါတယ်။ Frequency Response ကတော့ 20-20,000Hz ရှိလို့ ပတ်ဝန်းကျင် ဆူညံသံကို အနည်းဆုံးအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ Headphone output အနေနဲ့ 3.5mm TRS ဖြစ်ပါတယ်။ Plug socket ကတော့ Type -c ဖြစ်ပြီး USB Type-C to USB-A, USB Type-C to Lightning, USB Type-C to USB Type-C စတာတွေ ထောက်ပံ့မှု ရှိလို့ Android OS , iOS သုံး စမတ်ဖုန်းတွေ၊ တက်ပလက်တွေ သာမက PC အနေနဲ့ဆိုရင်လည်း Mac OS ရော Window OS တွေနဲ့ ပါ အဆင်ပြေပြော ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူစဉ်မှာ ၆.၆ ပေအရှည်ရှိတဲ့ Cable ကြိုးများ၊ Mini tripod, carrying case တွေ ပါဝင်ပါတယ်။
တန်ဖိုးက ၁၀၅,၀၀၀ ကျပ် ဖြစ်ပြီး ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း – ၀၉ ၅၁၁၃၅၉ ၀ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««