BMB DAP 8000 Amplifier

BMB-DAP-8000-Amplifier.jpg

BMB DAP series သည် Professional အသုံးပြုရန်အတွက် အသင့်တော်ဆုံးသော Hi-Fi Audio Power Amplifier အမျိုးအစားဖြစ်သည်။ Stereo Mode ဖြင့် ချိတ်ဆက်ပါက Max Output power 2 channel လျှင် watts 800 နှင့် Bridge mode ဖြင့် ချိတ်ဆက်ပါက 1 channel  watts 2000 အထိအသုံးပြုနိုင်မည်ဖြစ်သည်။ High-Pass နှင့် Classic-ground ခလုတ်များ ပါဝင်သောကြောင့် ဆူညံမှုကိုလျှော့ချပေးနိုင်ပြီး ကြည်လင် အပြတ်သားဆုံး အသံကိုစွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ Anodic Oxidation အလွှာပါးကို ဖုံးအုပ်ထားသော မျက်နှာစာကို Aluminium သတ္ထုဖြင့် ကာကွယ်ပေးထားသောကြောင့် အကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်
သည်။ မျက်နှာစာတွင် တပ်ဆင်ထားသော ဆန်ခါများကိုလည်း အလွယ်တကူဖြုတ်ပြီး သန့်ရှင်းရေးပြုလုပ်နိုင်သည်။ တန်ဖိုးမှာ ၅၅၀၀၀၀ ကျပ်ဖြစ်ပြီး မျိုးသိန်းအီလက်ထရောနစ် ဖုန်း ၃၈၁၂၀၂ ၌ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။

-အေးဖြူ