Bluetooth Audio Stream ႀကိဳးမဲ့အသံနည္းပညာ

[ Zawgyi ]

Bluetooth Audio Stream နည္းပညာရဲ႕ နည္းပညာအေခၚအေ၀ၚက A2DP ပဲျဖစ္ပါတယ္။ သူ႔ရဲ႕အရွည္ကေတာ့ Advanced Audio Distribution Profile ပဲျဖစ္ပါတယ္။ Bluetooth ႀကိဳးမဲ့စနစ္ကို အေျခခံၿပီး အသံလိႈင္းကို ႀကိဳးမဲ့ အေနနဲ႔ ထုတ္လႊင့္ျခင္း၊ လက္ခံျခင္းေတြကို ေဆာင္ရြက္တဲ့ ႀကိဳးမဲ့ အသံစနစ္တစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ ဒီနည္းပညာက Bluetooth ႀကိဳးမဲ့စနစ္ရဲ႕ Audio stream ႀကိဳးမဲ့ ဆက္သြယ္မႈတစ္ခုတည္းကေန Stereo Channel ႏွစ္ခု အထိ တစ္ၿပိဳင္နက္ ေထာက္ပံ့ေပးႏုိင္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။

ဒီနည္းပညာကို စမတ္ဖုန္းေတြမွာ Bluetooth စနစ္နဲ႔အတူ တြဲဖက္ထည့္သြင္းအသုံးျပဳေလ့ရွိပါတယ္။ မိုဘုိင္းဖုန္းတစ္မ်ဳိးတည္း သာမကဘဲ ႀကိဳးမဲ့နားၾကပ္၊ ႀကိဳးမဲ့စပီကာ၊ ကားစပီကာ၊ ကြန္ပ်ဴတာႀကိဳးမဲ့မိုက္စတဲ့ ထုတ္ကုန္ေတြမွာလဲ အသုံးျပဳပါေသးတယ္။

ဒီစနစ္ေကာင္းစြာ အလုပ္လုပ္ဖို႔အတြက္ ဖုန္းမွာ A2DP အသံစနစ္ ေထာက္ပံ့ပါ၀င္ရမွာျဖစ္တဲ့အျပင္ သူနဲ႔ခ်ိတ္ဆက္အသုံးျပဳတဲ့ နားၾကပ္ ဒါမွမဟုတ္ စတူဒီယုိ အသံစနစ္ေတြမွာလည္း ဒီနည္းညာေထာက္ပံ့ပါ၀င္ဖို႔ လိုပါတယ္။ ပုံမွန္ထက္ အသံအရည္အေသြး ျမင့္မားမႈရွိတဲ့ စတူဒီယုိအသံထြက္ (Stereo Audio) ကို ႀကိဳးမဲ့ခ်ိတ္ဆက္ခံစားႏုိင္ေအာင္ ဒီနည္းပညာက အဓိကပံ့ပိုးေပးတာ ျဖစ္ပါတယ္။

ဒီနည္းပညာက Bluetooth စနစ္ေပၚကေန ႀကိဳးမဲ့စတူဒီယုိအ သံလိႈင္း (signal) တစ္မ်ဳိးတည္းကိုသာ ေပးပို႔လက္ခံျခင္း ျပဳလုပ္တာျဖစ္တဲ့အတြက္ တျခားေသာ Bluetooth စနစ္သုံး ႀကိဳးမဲ့စပီကာေတြနဲ႔ ခ်ိတ္ဆက္အသုံးျပဳတဲ့အခါမွာလည္း အရည္အေသြးေကာင္းမြန္တဲ့ အသံထြက္ကို ရရွိႏုိင္မွာပါ။

AVRCP (Audio/Video Remote Control Profile) လို႔ေခၚတဲ့ ႀကိဳးမဲ့ထုတ္ကုန္ေတြရဲ႕ ရီမုတ္ကြန္ထ႐ိုးစနစ္ အတြက္လည္း ဒီနည္းပညာက ေထာက္ပံ့လုပ္ေဆာင္ေပးပါေသးတယ္။ ႀကိဳးမဲ့နားၾကပ္ေတြမွာပါ၀င္တဲ့ အသံတိုး/က်ယ္၊ သီခ်င္းပိတ္/ဖြင့္စတဲ့စနစ္၊ ကားအသံစနစ္ ရီမုတ္ကြန္ထ႐ိုး၊ stand-alone စပီကာယူနစ္ စတာေတြရဲ႕ အသံပိုင္းထိန္းခ်ဳပ္မႈေတြကိုလည္း A2DP စနစ္က ၾကား၀င္ေထာက္ပံ့ေပးတာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Bluetooth Audio Stream နည်းပညာရဲ့ နည်းပညာအခေါ်အဝေါ်က A2DP ပဲဖြစ်ပါတယ်။ သူ့ရဲ့အရှည်ကတော့ Advanced Audio Distribution Profile ပဲဖြစ်ပါတယ်။ Bluetooth ကြိုးမဲ့စနစ်ကို အခြေခံပြီး အသံလှိုင်းကို ကြိုးမဲ့ အနေနဲ့ ထုတ်လွှင့်ခြင်း၊ လက်ခံခြင်းတွေကို ဆောင်ရွက်တဲ့ ကြိုးမဲ့ အသံစနစ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒီနည်းပညာက Bluetooth ကြိုးမဲ့စနစ်ရဲ့ Audio stream ကြိုးမဲ့ ဆက်သွယ်မှုတစ်ခုတည်းကနေ Stereo Channel နှစ်ခု အထိ တစ်ပြိုင်နက် ထောက်ပံ့ပေးနိုင်အောင ်ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီနည်းပညာကို စမတ်ဖုန်းတွေမှာ Bluetooth စနစ်နဲ့အတူ တွဲဖက်ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ မိုဘိုင်းဖုန်းတစ်မျိုးတည်း သာမကဘဲ ကြိုးမဲ့နားကြပ်၊ ကြိုးမဲ့စပီကာ၊ ကားစပီကာ၊ ကွန်ပျူတာကြိုးမဲ့မိုက်စတဲ့ ထုတ်ကုန်တွေမှာလဲ အသုံးပြုပါသေးတယ်။

ဒီစနစ်ကောင်းစွာ အလုပ်လုပ်ဖို့အတွက် ဖုန်းမှာ A2DP အသံစနစ် ထောက်ပံ့ပါ၀င်ရမှာဖြစ်တဲ့အပြင် သူနဲ့ချိတ်ဆက်အသုံးပြုတဲ့ နားကြပ် ဒါမှမဟုတ် စတူဒီယို အသံစနစ်တွေမှာလည်း ဒီနည်းညာထောက်ပံ့ပါ၀င်ဖို့ လိုပါတယ်။ ပုံမှန်ထက် အသံအရည်အသွေး မြင့်မားမှုရှိတဲ့ စတူဒီယိုအသံထွက် (Stereo Audio) ကို ကြိုးမဲ့ချိတ်ဆက်ခံစားနိုင်အောင် ဒီနည်းပညာက အဓိကပံ့ပိုးပေးတာ ဖြစ်ပါတယ်။

ဒီနည်းပညာက Bluetooth စနစ်ပေါ်ကနေ ကြိုးမဲ့စတူဒီယိုအ သံလှိုင်း (signal) တစ်မျိုးတည်းကိုသာ ပေးပို့လက်ခံခြင်း ပြုလုပ်တာဖြစ်တဲ့အတွက် တခြားသော Bluetooth စနစ်သုံး ကြိုးမဲ့စပီကာတွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်တဲ့ အသံထွက်ကို ရရှိနိုင်မှာပါ။

AVRCP (Audio/Video Remote Control Profile) လို့ခေါ်တဲ့ ကြိုးမဲ့ထုတ်ကုန်တွေရဲ့ ရီမုတ်ကွန်ထရိုးစနစ် အတွက်လည်း ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်ပေးပါသေးတယ်။ ကြိုးမဲ့နားကြပ်တွေမှာပါ၀င်တဲ့ အသံတိုး/ကျယ်၊ သီချင်းပိတ်/ဖွင့်စတဲ့စနစ်၊ ကားအသံစနစ် ရီမုတ်ကွန်ထရိုး၊ stand-alone စပီကာယူနစ် စတာတွေရဲ့ အသံပိုင်းထိန်းချုပ်မှုတွေကိုလည်း A2DP စနစ်က ကြားဝင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။