Bluetooth စနစ်ပါဝင်သော 2.1 Multimedia Speaker System

AEK-2.jpg

Bluetooth စနစ် တွဲဖက်ပါဝင်သော AEK တံဆိပ် LT-221 မော်ဒယ် 2.1 Channel စပီကာ ဖြစ်သည်။ ၂၀ ဝပ်အမျိုးအစား စပီကာနှစ်လုံး၊ Satellite လေးလုံးနှင့် ၈၀ ၀ပ် အထွက်ဗို့ရှိသော ၈ လက်မအရွယ်အစား Woofer တစ်လုံးတွဲဖက်ပါဝင်ပြီး စပီကာ၏ စုစုပေါင်းအထွက်ဗို့အား ၁၅၀ ၀ပ် (RMS) ရှိမည်ဖြစ်သည်။ ကြိုးမဲ့ Bluetooth စနစ်ပါဝင်သည့်အတွက် Bluetooth စနစ်ပါဝင်သော စမတ်ဖုန်းများဖြင့် တွဲဖက် အသုံးပြုနိုင်မည်ဖြစ်သည်။ SD/MMC ပေါက်နှင့် USB ပေါက်များ ပါဝင်သည့်အတွက် USB Flash Drive နှင့် SD ကတ်များထဲမှ သီချင်းများကို နားဆင်နိုင်မည့်အပြင် FM ရေဒီယိုစနစ်လည်း
ထောက်ပံ့ ပါဝင်သည့်အတွက် FM ရေဒီယိုလိုင်းများကိုလည်း ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။ အသံခလုတ်၊ Treble နှင့် ဘေ့စ်ခလုတ်များအပြင် ဒစ်ဂျစ်တယ် Display တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ မိုက်ပေါက် ၂ ပေါက်ပါဝင်သည့်အတွက် အိမ်သုံးကာရာအိုကေအဖြစ်အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ Speaker System ၏ တန်ဖိုးမှာ ၉၀,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ အီလက်ထရွန်းနစ် ပစ္စည်းအရောင်းဆိုင်များ၊ စူပါမားကတ်ကြီးများအပြင် ဖုန်း- ၀၁-၉၀၀၀၂၃၂၊ ၀၁-၉၀၀၀၅၃၃ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

-ရဲထွဋ်ဝင်း