Blue Microphones ကို ေဒၚလာ ၁၁၇ သန္းနဲ႔ ဝယ္ယူမယ့္ Logitech

[Zawgyi]

Logitech ဟာ အရည္အေသြးျမင့္ audio recording မွာ ေျခကုပ္ယူႏိုင္ဖို႔အတြက္ ႀကီးမားတဲ့ ဝယ္ယူဖို႔ စီစဥ္ေနပါတယ္။

ဇူလုိင္ ၃၁ ရက္ (ဒီကေန႔) မွာေတာ့ Blue Micrphones ကို ေဒၚလာ ၁၁၇ သန္းနဲ႔ ဝယ္ယူမယ့္အေၾကာင္း ကုမၸဏီက ေၾကညာခဲ့ပါတယ္။ Snowball နဲ႔ Yeti အပါအဝင္ USB condenser microphone ေတြနဲ႔ ပတ္သက္ၿပီး လူသိမ်ားတဲ့ Blue ဟာ Logitech ရဲ႕ လက္ရိွ အမွတ္တံဆိပ္ေတြနဲ႔ ပူးေပါင္းသြားမွာျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ Logitech နဲ႔ Logitech G အျပင္ Astro Gaming, Jaybird နဲ႔ Ultimate Ears တို႔ကို ပိုင္ဆိုင္ပါတယ္။

“ဂိမ္မာေတြဟာ stream လုပ္ဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ Logitech G webcam ေတြကို အသံုးျပဳၾကပါတယ္။ လူေတြကလည္း Logitech ေၾကာင့္ သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ေန႔စဥ္ video call လုပ္ႏိုင္ေနပါၿပီ။ ရံုးခန္းေတြမွာဆိုရင္လည္း ကၽြန္ေတာ္တို႔ရဲ႕ အသံနဲ႔ ဗီဒီယိုစနစ္ေတြေၾကာင့္ ဗီဒီယိုမီတင္တစ္ခု ျပဳလုပ္ႏိုင္ပါၿပီ။ အခုလို Blue နဲ႔ သူတို႔ရဲ႕ microphone ထုတ္ကုန္ေတြနဲ႔ ပူးေပါင္းတာဟာ ပိုမိုေကာင္းမြန္တဲ့ အျပန္အလွန္ဆက္သြယ္မႈေတြကို ျပဳလုပ္ႏိုင္ေစမယ့္ လက္ေတြ႕က်တဲ့ အခြင့္အေရးတစ္ခုျဖစ္ပါတယ္” လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

၁၉၉၅ ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ Blue ဟာ ေဒၚလာ ၆၀ ကေန ေဒၚလာ ၄,၀၀၀ ေက်ာ္ရိွတဲ့ microphone ေတြကို ေရာင္းခ်ေနသူျဖစ္ပါတယ္။ အဲ့ဒီထုတ္ကုန္ေတြကို podcast သမားေတြ၊ ဂီတပညာရွင္ေတြနဲ႔ အရည္အေသြးျမင့္အသံကို လိုအပ္တဲ့ အျခားသံုးစြဲသူေတြက အသံုးျပဳၾကတယ္လို႔ သိရပါတယ္။

Ref: TheVerge

[Unicode]

Logitech ဟာ အရည်အသွေးမြင့် audio recording မှာ ခြေကုပ်ယူနိုင်ဖို့အတွက် ကြီးမားတဲ့ ဝယ်ယူဖို့ စီစဉ်နေပါတယ်။

ဇူလိုင် ၃၁ ရက် (ဒီကနေ့) မှာတော့ Blue Micrphones ကို ဒေါ်လာ ၁၁၇ သန်းနဲ့ ဝယ်ယူမယ့်အကြောင်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ Snowball နဲ့ Yeti အပါအဝင် USB condenser microphone တွေနဲ့ ပတ်သက်ပြီး လူသိများတဲ့ Blue ဟာ Logitech ရဲ့ လက်ရှိ အမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Logitech နဲ့ Logitech G အပြင် Astro Gaming, Jaybird နဲ့ Ultimate Ears တို့ကို ပိုင်ဆိုင်ပါတယ်။

“ဂိမ်မာတွေဟာ stream လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ Logitech G webcam တွေကို အသုံးပြုကြပါတယ်။ လူတွေကလည်း Logitech ကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ နေ့စဉ် video call လုပ်နိုင်နေပါပြီ။ ရုံးခန်းတွေမှာဆိုရင်လည်း ကျွန်တော်တို့ရဲ့ အသံနဲ့ ဗီဒီယိုစနစ်တွေကြောင့် ဗီဒီယိုမီတင်တစ်ခု ပြုလုပ်နိုင်ပါပြီ။ အခုလို Blue နဲ့ သူတို့ရဲ့ microphone ထုတ်ကုန်တွေနဲ့ ပူးပေါင်းတာဟာ ပိုမိုကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်မှုတွေကို ပြုလုပ်နိုင်စေမယ့် လက်တွေ့ကျတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Blue ဟာ ဒေါ်လာ ၆၀ ကနေ ဒေါ်လာ ၄,၀၀၀ ကျော်ရှိတဲ့ microphone တွေကို ရောင်းချနေသူဖြစ်ပါတယ်။ အဲ့ဒီထုတ်ကုန်တွေကို podcast သမားတွေ၊ ဂီတပညာရှင်တွေနဲ့ အရည်အသွေးမြင့်အသံကို လိုအပ်တဲ့ အခြားသုံးစွဲသူတွေက အသုံးပြုကြတယ်လို့ သိရပါတယ်။

Ref: TheVerge