Bloodstained: Ritual of the night

[ Zawgyi ]

တိုက္ခိုက္ေရး ဂိမ္းကစားခ်င္သူေတြအတြက္ ပံုစံနည္းနည္းဆန္းမယ့္ ဂိမ္းသစ္ေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ PC အတြက္တင္ မဟုတ္ဘဲ Console နဲ႔ ကစားခ်င္သူေတြအတြက္ပါ PS4, Xbox One နဲ႔ Nintendo Switch ေတြအတြက္ လာပါတယ္။ Single အေနနဲ႔ေရာ Multi ပံုစံပါ ကစားႏုိင္ပါေသးတယ္။ Symphony of the Night နဲ႔ Order of Ecclesia ဂိမ္းကစားဖူးသူေတြ အတြက္ေတာ့ သိပ္မစိမ္းပါဘူး။ ရန္သူက မိစာၦဘီးလူးေတြျဖစ္ၿပီး ေနရာစံုကေန အရြယ္အစားစံုနဲ႔ ၀င္ေရာက္ တိုက္ခိုက္ႏုိင္မယ္၊ လက္ေတြ႕ျပင္ပ ျမင္ကြင္းလို ျမင္ကြင္းအေနနဲ႔ ၾကည့္႐ႈ ကစားႏုိင္မွာမဟုတ္ဘဲ 2D ပံုစံ႐ုပ္ထြက္နဲ႔ျဖစ္လုိ႔ အခုေခတ္ ဂိမ္းေလာကမွာေတာ့ ႐ုပ္ထြက္အေနန႔ဲ အနည္းငယ္ အားနည္းတယ္လုိ႔ ဆိုႏုိင္ပါတယ္။

ဒါေပမဲ့ တိုက္ခိုက္ ရင္ဆိုင္ရမယ့္ ရန္သူေတြက စြမ္းအားျမင့္မား ေကာင္းမြန္ၾကသလို အသက္ျပင္းတယ္လုိ႔ ဆိုႏုိင္ၿပီး အလြယ္တကူေက်ာ္ျဖတ္ အႏုိင္ရဖို႔ ခက္ခဲျခင္းက ဂိမ္းကစားသူကို ဆြဲေဆာင္မႈေကာင္းေစပါတယ္။ ကစားသူက Miriam ဇာတ္ေကာင္ေနရာမွာ ၀င္ေရာက္ကစားရမွာျဖစ္ၿပီး ကစားသူရဲ႕ စြမ္းအင္တုိးတက္ဖို႔ကေတာ့ ရန္သူကို တိုက္ခုိက္အႏုိင္ရၿပီးတိုင္း ထြက္လာမယ့္ စြမ္းအင္ေတြကို စုစည္းၿပီး မိမိကုိယ္ကို အဆင့္ျမႇင့္ႏုိင္မွာ ျဖစ္ပါတယ္။ အနီးကပ္ တိုက္ခိုက္မႈေတြအတြက္ေရာ အေ၀းကေန တိုက္ခိုက္မႈေတြအတြက္ပါ ကစားသူကလက္နက္ အစံုကိုသံုးႏုိင္မယ္။ လက္နက္ေရြးခ်ယ္ႏုိင္မႈက အမ်ားအျပားရွိၿပီး ရန္သူကိုအႏိုင္ရမယ့္ အံ၀င္တဲ့ လက္နက္ေရြးခ်ယ္ အသံုးျပဳမႈကလည္း မိမိကုိအႏို္င္ရဖို႔ ပိုလြယ္ကူေစပါလိမ့္မယ္။

ဇာတ္ေကာင္အေနနဲ႔ အသက္လက္က်န္ေရာ ေမွာ္စြမ္းအင္လက္က်န္ ေဖာ္ျပမႈလည္းရွိမယ္၊ အသက္လက္က်န္ ေဖာ္ျပမႈကေတာ့ မိမိကိုယ္ကို အသက္ျပန္ျဖည့္ဖုိ႔ေရာ ဂ႐ုစိုက္ ကစားဖို႔ပါ သတိရေစႏုိင္ေပမယ့္ ေမွာ္စြမ္းအင္ လက္က်န္ ေဖာ္ျပမႈကေတာ့ မိမိအသက္ ဘယ္ေလာက္ က်န္ေနေသးသည့္ တုိင္ေအာင္ ေမွာ္စြမ္းအင္ မရွိရင္ေတာ့ မိမိအစြမ္းကိုထုတ္သံုးၿပီး တိုက္ခိုက္ႏုိင္မွာ မဟုတ္လုိ႔ အေလးထား ၾကည့္ဖို႔လည္း လိုပါတယ္။ လက္နက္ အသံုးျပဳမႈအေပၚ မူတည္ၿပီး ေမွာ္စြမ္းအင္အသံုးျပဳမႈ အနည္းအမ်ား ကြာျခားခ်က္ရွိလို႔ ပိုၿပီးဂ႐ုစိုက္ကစားပါ။
လက္နက္အသစ္ရရိွမႈကေတာ့ ရန္သူကိုတုိက္ခိုက္ အႏုိင္ရၿပီး အသစ္ရႏုိင္သလို ဇာတ္လမ္းသြားတေလွ်ာက္ ေသတၱာေတြ ဖြင့္လွစ္မႈကေနလည္း ကံေကာင္းရင္ ေကာင္းသလိုလက္နက္ အသစ္ေတြ ခ်က္ခ်င္းရႏုိင္ပါတယ္။ လက္နက္ေတြကို စုထားႏိုင္ပါေသးတယ္။ Equipment ေတြလည္း လိုအပ္သလို လဲလွယ္ကစားႏုိင္ပါေသးတယ္။ သြက္လက္မႈ ဦးစားေပးမလား၊ အသက္ ကာကြယ္မႈ ဦးစားေပးမလား၊ တိုက္ခိုက္မႈ ထိေရာက္ေအာင္ ဦးစားေပးမလား၊ သင့္စိတ္ႀကိဳက္ပါပဲ။

စခန္းသြားပံုစံကစားရမယ့္ ဂိမ္းျဖစ္လုိ႔ မိမိေရာက္ေနတဲ့ အဆင့္ကိုသိမ္းမွတ္ထားႏိုင္မယ္၊ ေနာက္တစ္ႀကိမ္ ျပန္ကစားမွ ျပန္ဖြင့္ၿပီး ခရီးဆက္ႏုိင္မယ္၊ Hero အသစ္ေတြ ၀ယ္ခ်င္ရင္ လက္နက္ေတြ ေရာင္းခ်လို႔ ျဖစ္ေစ Point ရွာၿပီး ၀ယ္ႏုိင္တယ္၊ မိမိလိုခ်င္တာကို တျခားအရာတခုခုနဲ႔ လဲလွယ္ႏုိင္မယ့္ သေဘာပါ။ Hero အသစ္၊ ပံုစံအသစ္ လိုခ်င္ရင္ လက္နက္ေတြ ျပန္ေရာင္းၿပီး အသစ္ရႏုိင္သလို စြမ္းအင္အသစ္ အဆင့္ျမႇင့္ခ်င္လုိ႔ Point လိုခ်င္ရင္လည္း တျခားပိုတဲ့ လက္နက္နဲ႔ Equipment ေတြ ထုတ္ေရာင္းၿပီး လိုခ်င္တဲ့အရာကို ရယူႏုိင္မွာျဖစ္ပါတယ္။ 2.5D ႐ုပ္ထြက္လို႔ ဂိ္မ္းကဆိုေပမယ့္ 2D ႐ုပ္ထြက္ေလာက္ပဲရွိတဲ့ ႐ုပ္ထြက္ အားနည္းခ်က္ရွိေပမယ့္ အျမင္ဆန္းဆန္း ဆြဲေဆာင္မႈ ေကာင္းေကာင္းနဲ႔ Bloodstained ကို စမ္းကစားၾကည့္ဖုိ႔ အားေပးခ်င္ပါတယ္။

[ Unicode ]

တိုက်ခိုက်ရေး ဂိမ်းကစားချင်သူတွေအတွက် ပုံစံနည်းနည်းဆန်းမယ့် ဂိမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ PC အတွက်တင် မဟုတ်ဘဲ Console နဲ့ ကစားချင်သူတွေအတွက်ပါ PS4, Xbox One နဲ့ Nintendo Switch တွေအတွက် လာပါတယ်။ Single အနေနဲ့ရော Multi ပုံစံပါ ကစားနိုင်ပါသေးတယ်။ Symphony of the Night နဲ့ Order of Ecclesia ဂိမ်းကစားဖူးသူတွေ အတွက်တော့ သိပ်မစိမ်းပါဘူး။ ရန်သူက မိစ္ဆာဘီးလူးတွေဖြစ်ပြီး နေရာစုံကနေ အရွယ်အစားစုံနဲ့ ၀င်ရောက် တိုက်ခိုက်နိုင်မယ်၊ လက်တွေ့ပြင်ပ မြင်ကွင်းလို မြင်ကွင်းအနေနဲ့ ကြည့်ရှု ကစားနိုင်မှာမဟုတ်ဘဲ 2D ပုံစံရုပ်ထွက်နဲ့ဖြစ်လို့ အခုခေတ် ဂိမ်းလောကမှာတော့ ရုပ်ထွက်အနေနဲ့ အနည်းငယ် အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ တိုက်ခိုက် ရင်ဆိုင်ရမယ့် ရန်သူတွေက စွမ်းအားမြင့်မား ကောင်းမွန်ကြသလို အသက်ပြင်းတယ်လို့ ဆိုနိုင်ပြီး အလွယ်တကူကျော်ဖြတ် အနိုင်ရဖို့ ခက်ခဲခြင်းက ဂိမ်းကစားသူကို ဆွဲဆောင်မှုကောင်းစေပါတယ်။ ကစားသူက Miriam ဇာတ်ကောင်နေရာမှာ ၀င်ရောက်ကစားရမှာဖြစ်ပြီး ကစားသူရဲ့ စွမ်းအင်တိုးတက်ဖို့ကတော့ ရန်သူကို တိုက်ခိုက်အနိုင်ရပြီးတိုင်း ထွက်လာမယ့် စွမ်းအင်တွေကို စုစည်းပြီး မိမိကိုယ်ကို အဆင့်မြှင့်နိုင်မှာ ဖြစ်ပါတယ်။ အနီးကပ် တိုက်ခိုက်မှုတွေအတွက်ရော အဝေးကနေ တိုက်ခိုက်မှုတွေအတွက်ပါ ကစားသူကလက်နက် အစုံကိုသုံးနိုင်မယ်။ လက်နက်ရွေးချယ်နိုင်မှုက အများအပြားရှိပြီး ရန်သူကိုအနိုင်ရမယ့် အံဝင်တဲ့ လက်နက်ရွေးချယ် အသုံးပြုမှုကလည်း မိမိကိုအနို်င်ရဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။

ဇာတ်ကောင်အနေနဲ့ အသက်လက်ကျန်ရော မှော်စွမ်းအင်လက်ကျန် ဖော်ပြမှုလည်းရှိမယ်၊ အသက်လက်ကျန် ဖော်ပြမှုကတော့ မိမိကိုယ်ကို အသက်ပြန်ဖြည့်ဖို့ရော ဂရုစိုက် ကစားဖို့ပါ သတိရစေနိုင်ပေမယ့် မှော်စွမ်းအင် လက်ကျန် ဖော်ပြမှုကတော့ မိမိအသက် ဘယ်လောက် ကျန်နေသေးသည့် တိုင်အောင် မှော်စွမ်းအင် မရှိရင်တော့ မိမိအစွမ်းကိုထုတ်သုံးပြီး တိုက်ခိုက်နိုင်မှာ မဟုတ်လို့ အလေးထား ကြည့်ဖို့လည်း လိုပါတယ်။ လက်နက် အသုံးပြုမှုအပေါ် မူတည်ပြီး မှော်စွမ်းအင်အသုံးပြုမှု အနည်းအများ ကွာခြားချက်ရှိလို့ ပိုပြီးဂရုစိုက်ကစားပါ။
လက်နက်အသစ်ရရှိမှုကတော့ ရန်သူကိုတိုက်ခိုက် အနိုင်ရပြီး အသစ်ရနိုင်သလို ဇာတ်လမ်းသွားတလျှောက် သေတ္တာတွေ ဖွင့်လှစ်မှုကနေလည်း ကံကောင်းရင် ကောင်းသလိုလက်နက် အသစ်တွေ ချက်ချင်းရနိုင်ပါတယ်။ လက်နက်တွေကို စုထားနိုင်ပါသေးတယ်။ Equipment တွေလည်း လိုအပ်သလို လဲလှယ်ကစားနိုင်ပါသေးတယ်။ သွက်လက်မှု ဦးစားပေးမလား၊ အသက် ကာကွယ်မှု ဦးစားပေးမလား၊ တိုက်ခိုက်မှု ထိရောက်အောင် ဦးစားပေးမလား၊ သင့်စိတ်ကြိုက်ပါပဲ။

စခန်းသွားပုံစံကစားရမယ့် ဂိမ်းဖြစ်လို့ မိမိရောက်နေတဲ့ အဆင့်ကိုသိမ်းမှတ်ထားနိုင်မယ်၊ နောက်တစ်ကြိမ် ပြန်ကစားမှ ပြန်ဖွင့်ပြီး ခရီးဆက်နိုင်မယ်၊ Hero အသစ်တွေ ၀ယ်ချင်ရင် လက်နက်တွေ ရောင်းချလို့ ဖြစ်စေ Point ရှာပြီး ၀ယ်နိုင်တယ်၊ မိမိလိုချင်တာကို တခြားအရာတခုခုနဲ့ လဲလှယ်နိုင်မယ့် သဘောပါ။ Hero အသစ်၊ ပုံစံအသစ် လိုချင်ရင် လက်နက်တွေ ပြန်ရောင်းပြီး အသစ်ရနိုင်သလို စွမ်းအင်အသစ် အဆင့်မြှင့်ချင်လို့ Point လိုချင်ရင်လည်း တခြားပိုတဲ့ လက်နက်နဲ့ Equipment တွေ ထုတ်ရောင်းပြီး လိုချင်တဲ့အရာကို ရယူနိုင်မှာဖြစ်ပါတယ်။ 2.5D ရုပ်ထွက်လို့ ဂိ်မ်းကဆိုပေမယ့် 2D ရုပ်ထွက်လောက်ပဲရှိတဲ့ ရုပ်ထွက် အားနည်းချက်ရှိပေမယ့် အမြင်ဆန်းဆန်း ဆွဲဆောင်မှု ကောင်းကောင်းနဲ့ Bloodstained ကို စမ်းကစားကြည့်ဖို့ အားပေးချင်ပါတယ်။