Blockchain: Apply Use Cases &Potential Opportunities in Myanmar ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Blockchain: Apply Use Cases & Potential Opportunities in Myanmar ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို နိုဝင်ဘာ ၃ ရက်၊ နေ့လယ် ၃ နာရီမှ ၄:၃၀ အထိ အွန်လိုင်းမှ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဟောပြောပွဲကို Blockchain SIG Coordinator ဦးဘိုဘိုဇင် က WebinarJam (Online Platform) အသုံးပြုကာ ဆွေးနွေးဟောပြောသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG6 မှာ Register ဝင်ရောက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဟောပြောပွဲနေ့ မတိုင်မီတွင် Register ပြုလုပ်ပါက ပြုလုပ်ပြီးသည်နှင့် မိမိတို့ထည့်သွင်းထားတဲ့ email သို့ Live Room Link ရောက်ရှိမှာဖြစ်ပြီး Live Room Link ကို ပွဲနေ့တွင် နှိပ်ကာ တက်ရောက်နိုင်ပြီး ပွဲနေ့မှ Register ပြုလုပ်မယ့်သူတွေအနေနဲ့ Register ပြုလုပ်ပြီးသည်နှင့် Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ ဟောပြောပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««