Blackout Tuesday လှုပ်ရှားမှုထဲပါဝင်လာတဲ့ Spotify, Apple Music, YouTube နဲ့ Amazon

နာမည်ကျော် streaming ဝန်ဆောင်မှုတွေဖြစ်တဲ့ Spotify, Apple Music, Amazon Music နဲ့ YouTube Music တို့ဟာ ထူးခြားတဲ့ playlist တွေ၊ တိတ်ဆိတ်မှုအခိုက်အတန့်နဲ့ လူမှုရေးမီဒီယာ blackout တွေနဲ့ Blackout Tuesday ကိုထောက်ပံ့ခဲ့ပါတယ်။ အခုအစီအစဉ်က ရဲတွေရဲ့ အကြမ်းဖက်မှုကို ဆန္ဒပြသပြီး ဂျော့ဖလွိုက်ကို ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဂျော့ဖလွိုက်ဟာ ရဲတွေရဲ့ မလိုအပ်ဘဲ အင်အားသုံးမှုကြောင့် သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်းနဲ့ အမေရိကန်မြို့တော်တွေမှာ ကန့်ကွက် ဆန္ဒပြသနေကြပါတယ်။

Spotify အနေနဲ့ playlist နဲ့ podcast တွေရွေးချယ်ဖို့ ၈ မိနစ်နဲ့ ၄၆ စက္ကန့်တိတ်ဆိတ်ပေးပါမယ်။ အချိန်ပမာဏက မီနီဆိုတာရဲအရာရှိဟောင်း ဒဲရက်ရှောဗင်က ဖလွိုက်လည်ပင်းကို ဒူးနဲ့ဖိထားတဲ့ အချိန်နဲ့ညီမျှတယ်။

Apple Music ရဲ့ပုံမှန်လုပ်နေကျ Beats 1 ရေဒီယိုအစီအစဉ်လည်း ဖျက်သိမ်းထားပါတယ်။ လူမည်းအဆိုတော်တွေရဲ့ သီချင်းကို ထုတ်လွှင့်လျက်ရှိပါတယ်။ ဒါ့အပြင် “For Us, By Us” ဆိုတဲ့ playlist တစ်ခုကို ရည်ညွှန်းနေပါတယ်။ ဆန္ဒပြသမှုကို ထောက်ခံတဲ့ စာမျက်နှာကို သုံးစွဲသူတစ်ချို့ မြင်ရပါတယ်။

Amazon Music ကတော့ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ tweet လုပ်နေပြီး လူမှုရေးမီဒီယာသုံးစွဲသူကို တစ်ရက် ရပ်တန့်ခဲ့တယ်။ YouTube Music ကလည်း တရားဝင် tweet ကနေ ထောက်ခံတဲ့ tweet တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုကို ပူးပေါင်းဆန့်ကျင်ဖို့ စာနာထောက်ထားဥပဒေထိန်းသိမ်းရေးစင်တာကို ဒေါ်လာ ၁သန်းလှူဖို့ ကတိပြုထားပါတယ်။

စိုးထက်
Ref: TheVerge