BlackBerry Key2 ဓာတ္ပုံ ေပါက္ၾကားထြက္ေပၚလာ

[ Zawgyi ]

BlackBerry ဖုန္းသစ္ကို တရားဝင္မိတ္ဆက္ဖို႔ ရက္အနည္းငယ္အလိုမွာ VentureBeat သတင္းေထာက္ျဖစ္တဲ့ Evan Blass က အဆိုပါဖုန္းသစ္ရဲ႕ဓာတ္ပံုကို Twitter မွာ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီဖုန္းရဲ႕အမည္က BlackBerry Key2 ျဖစ္ပါတယ္။

BlackBerry Key2 မွာ keyboard ကို အသားေပးေဖာ္ျပထားပါတယ္။ ေခတ္သစ္ BlackBerry ဖုန္းေတြရဲ႕ထုံးစံအတိုင္း ထပ္ေဆာင္း လုံၿခဳံေရး feature ေတြပါဝင္သလို BlackBerry အမည္ေၾကာင့္ ထူးျခားတဲ့ Android ဖုန္းေတြျဖစ္လာပါတယ္။ ဒါေပမယ့္ BlackBerry ဖုန္းေတြကုိ TCL က ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။

https://twitter.com/evleaks/status/1003675655324733440

TCL ဟာ Key2 ဖုန္းမွာ dual ကင္မရာေတြကုိ ထည့္သြင္းခဲ့ေပမယ့္ အေျပာင္းအလဲ ႀကီးႀကီးမားမား ျပဳလုပ္ထားပုံ မရပါဘူး။ ဒါေပမယ့္ TCL ဟာ Key2 မွာ ညာဘက္ေအာက္ေျခက shift ခလုတ္ကို app launcher လိုယူဆရတဲ့ shortcut ခလုတ္အျဖစ္ ေျပာင္းလဲထားပုံ ရပါတယ္။

Key One စမတ္ဖုန္းမွာ မ်က္ႏွာျပင္ ၄.၅ လက္မနဲ႔ mid-range Snapdragon 625 ပ႐ိုဆက္ဆာ ပါဝင္ခဲ့ပါတယ္။ Key2 မွာေတာ့ မ်က္ႏွာျပင္ ၄.၅ လက္မနဲ႔ Snapdragon 660 ပါဝင္လာႏိုင္တယ္လုိ႔ ေကာလာဟလ ထြက္ေပၚေနပါတယ္။

Key2 ဖုန္းသစ္ကို ဇြန္လ ၇ ရက္ ၾကာသပေတးေန႔မွာ TCL က မိတ္ဆက္သြားဖြယ္ရွိပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

BlackBerry ဖုန်းသစ်ကို တရားဝင်မိတ်ဆက်ဖို့ ရက်အနည်းငယ်အလိုမှာ VentureBeat သတင်းထောက်ဖြစ်တဲ့ Evan Blass က အဆိုပါဖုန်းသစ်ရဲ့ဓာတ်ပုံကို Twitter မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဖုန်းရဲ့အမည်က BlackBerry Key2 ဖြစ်ပါတယ်။

BlackBerry Key2 မှာ keyboard ကို အသားပေးဖော်ပြထားပါတယ်။ ခေတ်သစ် BlackBerry ဖုန်းတွေရဲ့ထုံးစံအတိုင်း ထပ်ဆောင်း လုံခြုံရေး feature တွေပါဝင်သလို BlackBerry အမည်ကြောင့် ထူးခြားတဲ့ Android ဖုန်းတွေဖြစ်လာပါတယ်။ ဒါပေမယ့် BlackBerry ဖုန်းတွေကို TCL က ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

https://twitter.com/evleaks/status/1003675655324733440

TCL ဟာ Key2 ဖုန်းမှာ dual ကင်မရာတွေကို ထည့်သွင်းခဲ့ပေမယ့် အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ထားပုံ မရပါဘူး။ ဒါပေမယ့် TCL ဟာ Key2 မှာ ညာဘက်အောက်ခြေက shift ခလုတ်ကို app launcher လိုယူဆရတဲ့ shortcut ခလုတ်အဖြစ် ပြောင်းလဲထားပုံ ရပါတယ်။

Key One စမတ်ဖုန်းမှာ မျက်နှာပြင် ၄.၅ လက်မနဲ့ mid-range Snapdragon 625 ပရိုဆက်ဆာ ပါဝင်ခဲ့ပါတယ်။ Key2 မှာတော့ မျက်နှာပြင် ၄.၅ လက်မနဲ့ Snapdragon 660 ပါဝင်လာနိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

Key2 ဖုန်းသစ်ကို ဇွန်လ ရ ရက် ကြာသပတေးနေ့မှာ TCL က မိတ်ဆက်သွားဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheVerge