BlackBerry Key2 ကို ဇွန်လ ၇ ရက်တွင် မိတ်ဆက်မည်

[Zawgyi]

BlackBerry ဟာ Key2 ဟန်းဆက်ကို ဇွန်လ ၇ ရက်မှာ မိတ်ဆက်ကြေညာသွားမှာ ဖြစ်ပါတယ်။



-နောင်နောင်
Ref: GSMArena

===========

[Unicode]

BlackBerry ဟာ Key2 ဟန်းဆက်ကို ဇွန်လ ရ ရက်မှာ မိတ်ဆက်ကြေညာသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို BlackBerry က ကုမ္ပဏီရဲ့ ကိုယ်ပိုင် Twitter account ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

BlackBerry Key2 ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက တရုတ်ဆက်သွယ်ရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့ (TENAA) ကနေ ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဟန်းဆက်ရဲ့ အချက်အလက်အချို့ကို ဖော်ပြခဲ့ပေမယ့်လည်း တရားဝင်နာမည်ကိုတော့ မဖော်ပြခဲ့ပါဘူး။

BlackBerry Key2 မှာ ၄.၅ လက်မ 1620 x 1080 resolution display နဲ့အတူ Snapdragon 660 နဲ့ 12MP+8MP dual ကင်မရာတို့ ပါဝင်လာမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena