Black Widow ရုံတင်မယ့်ရက်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်း

Disney ဟာ COVID-19 ကပ်ရောဂါအတွင်း ရုပ်ရှင်ရုံတင်တဲ့ အခြေအနေအရ Black Widow ရုံတင်ပြသမယ့်ရက်ကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

Black Widow ကိုတော့ ၂၀၂၁ ခုနှစ်၊ မေ ၇ ရက်မှာ ပြသသွားပါမယ်။ မူလ စီစဉ်ထားတဲ့ကာလထက် တစ်နှစ်ကျော်အကြာမှာ ပြသပါမယ်။ Black Widow ပြသမယ့်ရက်အသစ်ကြောင့် အခြား Marvel ရုပ်ရှင်တွေဖြစ်တဲ့ Shangi and the Legend of the Ten Rings ပြသမယ့်ရက် ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်ကနေ ဇူလိုင် ၉ ရက်နေ့ကို ပြောင်းလဲလိုက်ပါတယ်။ Black Widow နောက်မှာပြသမယ့် The Eternals ကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

အခြား Disney ရုပ်ရှင်တွေဖြစ်တဲ့ West Side Story နဲ့ The King’s Man တို့ကိုလည်း ရုံတင်မယ့်ရက် ရွှေ့ဆိုင်းလိုက်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««