Black Shark 4 အမြည်းမိတ်ဆက်

Black Shark ကတော့ ၂၀၂၁ ခုနှစ်မှာ gaming ဖုန်းအသစ်ထွက်ဖို့ စီစဉ်နေပါတယ်။ ကုမ္ပဏီစီအီးအို Luo Yuzhou ကတော့ Black Shark 4 ထွက်ရှိမယ်လို့ Weibo မှာရေးသားထားပါတယ်။

ဒါပေမဲ့ Black Shark 4 ထွက်မယ့် ရက်အတိအကျကိုတော့ မပြောသေးပါဘူး။ Black Shark 4 မှာတော့ 120W အားသွင်းမြန်ဆန်စနစ် ပါဝင်ပြီး 4,500mAh ဘက်ထရီ ပါဝင်လာပါတယ်။ Black Shark 4 ဟာ Black Shark 3 ထက် အားသွင်းချိန် ပိုမိုမြန်ဆန်ပြီး ၂၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။

Black Shark 4 မှာတော့ Snapdragon 888 ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Black Shark ဖုန်းတွေရဲ့ အမှတ်လက္ခဏာ ဖြစ်တဲ့ liquid cooling နည်းပညာလည်း ပါဝင်လာပါတယ်။ Black Shark 4 မှာတော့ OLED display အပြင် refresh rate လည်းမြင့်မားနိုင်ပါတယ်။ မနှစ်က ထွက်ခဲ့တဲ့ ဖုန်းမှာတော့ 90Hz ပါပေမယ့် ဒီနှစ်ထုတ်ဖုန်းမှာတော့ 120Hz ပါဝင်လာနိုင်ပါတယ်။

မနှစ်က Black Shark 3 ဟာ မတ်လအတွင်း တရားဝင် ထွက်လာခဲ့ပေမယ့် Black Shark 4 ကတော့ စောစီးစွာ ထွက်လာဖို့ရှိပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««