BLACK AND WHITE ဓာတ်ပုံတွေ ဖုန်းနဲ့ ရိုက်ကူးတဲ့အခါ သုံးရမယ့် Idea များ

ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ အမြင်ဆန်းပြားတဲ့ ပုံစံတွေဖြစ်တဲ့ Black and White ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ဘယ်လိုရိုက်ကူးရမယ်။ ဘယ်လိုအနေအထားတွေ ရိုက်ကူးရင်ပိုပြီး ကြည့်ကောင်းတယ် ဆိုတာကို ဖော်ပြပေးသွားပါ့မယ်။ Black and White ရိုက်ကူးခြင်းဟာ ကင်မရာရဲ့ ကာလာတွေကို ဖယ်ရှားပြီး အဖြူအမည်းပေါ်မှာ ကိုယ့်ရဲ့ ပုံရိပ်တွေ အကောင်းဆုံးထင်ပေါ်နေအောင် ဖန်တီးရိုက်ကူး ကြရခြင်း ဖြစ်ပါတယ်။ အဲလိုရိုက်ကူးဖို့အတွက်က အလင်းနဲ့အမှောင်တွေကို အကောင်းဆုံး ကစားပြီး ချိန်ရွယ်ရိုက်ကူးတာနဲ့ ဓာတ်ပုံမှာ ကိုယ်ဖော်ပြလိုတဲ့ အကြောင်းအရာတွေကို ထိမိစွာပေါ်လာစေဖို့ကလည်း B&W ဓာတ်ပုံတွေမှာ အရေးကြီးတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ အဲလိုရိုက်ကူး လိုက်ပြီးတော့မှ ဖုန်းထဲမှာရှိတဲ့ Editing ဆော့ဖ်ဝဲနဲ့ B&W ပုံအဖြစ် ပြန်ပြင်လိုက်တဲ့အချိန်မှာ ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရရှိမှာပဲ ဖြစ်ပါ တယ်။

ဒါကြောင့် B&W ဓာတ်ပုံတစ်ပုံအဖြစ်ကိုဆော့ဖ်ဝဲနဲ့ Comvart မလုပ်ခင်မှာကိုယ့်ရဲ့ ဓာတ်ပုံမှာဘယ်လိုအချက်တွေနဲ့ ပြည့်စုံစွာ ရိုက်ကူး
ထားသင့်ပြီး ဘယ်လိုနေရာတွေကို ရိုက်ကူးမယ်ဆိုရင် ပုံကောင်းတွေ ထက်နိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့အတွက် အောက်မှာ အချက်အ လက် အချို့နဲ့ဖော်ပြပေးသွားပါ့မယ်။

၁။ High Contrast မြင်ကွင်းတွေကို ရိုက်ကူးခြင်း

Black & White ဓာတ်ပုံဆိုတာဟာ Monotone ဖြစ်တာ ကြောင့် ကိုယ်ရိုက်ကူးမဲ့ မြင်ကွင်းတစ်ခုကို ကြည့်လိုက်တဲ့ အချိန်မှာ မြောက်မြားလှစွာတဲ့ မတူညီတဲ့ အရိပ်ပေါင်းစုံ မြင်တွေ့ရမှာပါ။ ဒါကြောင့်မို ရိုက်ကူးဖို့အတွက် ဓာတ်ပုံထဲမှာ အဖြူသန့်သန့် အမည်း သန့်သန့် ထွက်ပေါ်နိုင်လောက်မယ့်အရာတွေ နေရာတွေကို ရွေးချယ် ရိုက်ကူးရမှာ ဖြစ်ပါတယ်။

အဲလိုအနေအထားမျိုးတွေ ရိုက်ကူးရတဲ့အခါ High Contrast မြင်ကွင်းတွေက အကောင်းဆုံးပဲဖြစ်ပါတယ်။ High Contrast ဆိုတာက မြင်ကွင်းထဲမှာ အရမ်းမှောင်ပြီး အရမ်းလင်းတဲ့ နေရာနှစ်ခု တစ်ပြိုင်တည်း ပါဝင်နေတာကိုဆိုလိုခြင်း ဖြစ်ပါတယ်။

၂။ Silhouettes ပုံတွေ ဖန်တီးရိုက်ကူးခြင်း

Silhouettes ဆိုတာဟာ အရမ်းကိုဆွဲဆောင်မှုရှိပြီး စွမ်းအားကြီးတဲ့ Black & White ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ Silhouette ဓာတ်ပုံတစ်ပုံမှာ ရိုက်ကူးမယ့် Subject တစ်ခုဟာလင်းလက်နေတဲ့ Background ရှေ့ကနေ ကွယ်ရပ်ပြီးပေါ်နေတဲ့ ဓာတ်ပုံမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

Silhouette ဓာတ်ပုံတစ်ပုံကိုဖန်တီးမယ့် ပုံစံကတော့ မှောင်နေတဲ့ ဘေးပတ်ဝန်းကျင်မှာ အလင်းဖြာကျနေတဲ့ ပြတင်းပေါက်တစ်ခု ဒါမှမဟုတ် အလင်းဝင်နေတဲ့ နေရာတစ်ခုခုရဲ့ ရှေ့မှာ Subject တစ်ခုကို အလင်းကိုကွယ်ပြီး ရိုက်ကူးရမယ့် ပုံစံဖြစ်ပါတယ်။ Subject ဆိုရာမှာ လူသို့မဟုတ် အရာဝတ္ထုတစ်ခုကို ထည့်သွင်းရိုက်ကူးရမှာ ဖြစ်ပါတယ်။

အဲလိုဖုန်းနဲ့ ရိုက်ကူးနေတဲ့အချိန်မှာ ဖုန်းကင်မရာမှာပါဝင်တဲ့ Focus ကိုချိန်ရွယ်ပြီး exposure ကိုလည်း အတိုးအလျှော့ တစ်ချိန်တည်းမှာ ပြုလုပ်ကာ အလင်းအမှောင်ကို ကစားရိုက်ကူးနိုင်ပါတယ်။

၃။ Shade တွေပိုပြီး ထင်ရှားအောင် ရိုက်ကူးခြင်း

B&W ဓာတ်ပုံတစ်ပုံမှာ Subject တစ်ခုအရိပ်တွေ ထင်ရှားစွာ ပေါ်အောင် ရိုက်ကူးခြင်းကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒါမှသာ ပုံရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရိပ်တွေ ထင်ရှားခြင်းကြောင့် ဓာတ်ပုံတစ်ပုံဟာ ပိုကြွလာပြီး ကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာ အလိုအလျောက် ဖြစ်ပေါ်နေတဲ့ အရိပ်ထင်ရှားမှုတွေဟာ B&W ဓာတ်ပုံတွေ ဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံး အနေအထားပဲ ဖြစ်ပါတယ်။ အဲလိုနေရာကို ဓာတ်ပုံရိုက်ကူးလိုက်ပြီး B&W အဖြစ် ဆော့ဖ်ဝဲနဲ့ ပြန်ပြောင်းလိုက်တဲ့ချိန်မှာ ပုံရိပ်တွေဟာ ထင်ရှားပြီးပိုကောင်းတဲ့ ဓာတ်ပုံကိုဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ ရိုက်ကူးမယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အဝိုင်း၊ လေးထောင့်၊ တြိဂံစတဲ့ အရိပ်ကျနေတဲ့ နေရာတွေ အားလုံးကိုချိန်ရွယ်ပြီး ရိုက်ကူးသင့်ပါတယ်။

၎။ အရိပ်တွေကို ရိုက်ကူးခြင်း

အရိပ်ဆိုတာဟာ ဓာတ်ပုံတစ်ပုံမှာ မရှိမဖြစ်သော အရာတစ်ခုဖြစ်ပြီး အဲဒီကနေပိုပြီးလှပတဲ့ ဓာတ်ပုံတွေကိုအမြဲတမ်း မြင်နေကြရမှာပါ။ အဲလိုပဲ B&W ဓာတ်ပုံတစ်ပုံမှာလည်း အရိပ်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကပိုပြီး ထူးခြားတဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ နေရောင်ကြောင့် အရာဝတ္ထုတွေ လူတွေကို ကျရောက်ပြီး အရိပ်ထွက်လာတဲ့ အရာတွေကို ရိုက်ကူးခြင်းဖြင့် B&W ပုံတွေကို ဖန်တီးနိုင်ပါတယ်။

B&W ဓာတ်ပုံပညာမှာ အရိပ်တွေဟာပုံကိုပိုပြီး Contrast ဖြစ်အောင် အကူအညီအပေးနိုင်ဆုံးပဲ ဖြစ်ပါတယ်။ အရိပ်ကျနေတဲ့ မှောင်နေတဲ့နေရာမှာ အလင်းဖြာကျခြင်းကိုဖမ်းပြီး ရိုက်ကူးကာလှပတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖန်တီးနိုင်ပါတယ်။

၅။ Pattern တွေ ရှာဖွေရိုက်ကူးခြင်း

ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ Pattern တွေ အမြောက်အမြား ရှိပါတယ်။ အဆောက်အဦတွေမှာ အလှဆင်ထားတဲ့ အရာတွေ တညီ
တညာတည်းဖြစ်နေတာ။ အရိပ်ကျတဲ့ နေရာတွေမှာ Pattern ကွက်လိုဖြစ်နေတာတွေကို ရိုက်ကူးခြင်းဟာလည်း B&W ပုံအဖြစ် ပြန်ပြောင်း ဖို့အတွက် အရမ်းကိုကောင်းမွန်စေပါတယ်။

အဆောက်အဦ Architecture ကိုသေချာကို Pattern အဖြစ်ရှာဖွေပြီး ရိုက်ကူးလို့ပဲဖြစ်ဖြစ်၊ အရိပ်ကျနေတဲ့ နေရာတွေကိုပဲဖြစ်ဖြစ် Pattern ပုံစံရှာဖွေပြီး ရိုက်ကူးလို့ဖြစ်ဖြစ် ရိုက်ကူးပြီးသွားရင် ဓာတ်ပုံက အရောင်တွေကို ဖယ်ရှားကာ B&W ဓာတ်ပုံအဖြစ် ပြန်လည် ပုံဖော် လိုက်တဲ့အခါ ထူးခြားတဲ့ ဓာတ်ပုံတွေကိုရရှိမှာပဲ ဖြစ်ပါတယ်။

၆။ Texture တွေကို ရှာဖွေရိုက်ကူးခြင်း

Texture တွေရှိတဲ့ အဆောက်အဦမျက်နှာပြင်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အနေအထားပဲဖြစ်ဖြစ် ရေမျက်နှာပြင်ပဲဖြစ် အဲဒါတွေကို ရိုက်ကူးခြင်းကလည်း B&W ဓာတ်ပုံဖန်တီးဖို့အတွက် အထူးသင့်တော်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

Texture ဖြစ်ပေါ်စေတဲ့ မျက်နှာပြင်တွေကို ရိုက်ကူးတဲ့အခါမှာ Texture တွေကြောင့် ဖြစ်ပေါ်နေတဲ့ အရိပ်တွေကိုပိုပြီး ထင်ရှား လာအောင် Contrast တင်လို့ရတဲ့ Editing Software တွေ ထပ်သုံးနိုင်ပါတယ်။ Landsape ဓာတ်ပုံတွေ ထဲမှာလည်း ရေပြင်လိုနေရာမှာလှိုင်းလေးတွေ ဖြစ်ပေါ်နေတာကို ရိုက်ကူးထားတဲ့ပုံကိုလည်း B&W ဓာတ်ပုံပြောင်းတဲ့ အခါမှာ Texture ပုံစံတွေဖြစ်ပေါ်သွားစေပါတယ်။ ရွေ့လျားနေတဲ့ ရေပြင်တွေပေါ်ကို အလင်းဖြာကျတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အရိပ်
နေရာတွေဟာ Texture ဖြစ်ပေါ်ဖို့ အကောင်းဆုံးနေရာတွေပဲ ဖြစ်ပါ တယ်။

၇။ Space တွေ လွှတ်ရိုက်ခြင်း

ဓာတ်ပုံတစ်ပုံမှာ Space တွေ များများလွှတ်ပြီး ရိုက်ကူးခြင်းကလည်း ဓာတ်ပုံတစ်ပုံရဲ့ ရသတစ်ခုဖြစ်တာကို တွေ့ရပါတယ်။ ဓာတ်ပုံရိုက်
ကူးသူအများစုက ကိုယ့်ရဲ့ ဓာတ်ပုံတစ်ပုံမှာ Space တွေ အများကြီး ချန်ပြီးရိုက်ကူးရတာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ Space များများချန်ရိုက်ကူးခြင်းဟာ ကိုယ်ပြောလို့တဲ့ အကြောင်းအရာကိုပိုပြီး ထင်ရှားပြသပေးနိုင်ဖို့အတွက် ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။ B&W ဓာတ်ပုံတစ်ပုံမှာ အဲဒီလို Space များများ ချန်ရိုက်တာကပိုပြီး ဆွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။ အလင်းကို နောက်ခံထားပြီး ဘေးပတ်ဝန်းကျင်မှာအရိပ်ကို များများ ချန်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို B&W ပုံအဖြစ် ပြောင်းတဲ့အခါ လှပတဲ့ ဓာတ်ပုံတွေ ထွက်လာတာကို တွေ့ရပါတယ်။

တကယ်တော့ အရိပ်တွေ အားလုံးဟာ Space များများချန် ရိုက်ကူး ခြင်းတော့ မဟုတ်ပါဘူး။ တကယ်က မှောင်နေတဲ့ နေရာ အများစုကိုချန်ပြီး ရိုက်ကူးခြင်းကမှ တကယ့်ကို B&W ဓာတ်ပုံဖန်တီးပြီး ရိုက်ကူးဖို့အတွက် ပိုပြီးအထောက်အကူ ဖြစ်တာကိုတွေ့ရ ပါတယ်။ နေရောင်ကျနေတဲ့ နေရာကိုရိုက်ကူးရင် အလင်းဘေးနားက မှောင်နေတဲ့ နေရာကိုများများချန်ရိုက်ခြင်းနဲ့ အလင်းဝင်ပေါက် တစ်ခုရိုက်ကူးတယ်ဆိုရင် အလင်းရဲ့ ဘေးကမှောင်နေတဲ့ နေရာတွေကို များများချန်ရိုက်ခြင်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။

-စည်သူ