Black Adam ရုပ်ရှင်မှာ Hawkman အဖြစ် ပါဝင်လာမယ့် အယ်ဒစ်ဟော့ချ်

DC Comics ရဲ့ Black Adam ဇာတ်ကားမှာ Hawkman သရုပ်ဆောင်ကိုတော့ ရှာဖွေတွေ့သွားပါပြီ။

Black Adam အဖြစ် သရုပ်ဆောင်မယ့် ဒဝိန်းဂျွန်ဆင်က အသစ်ထွက်မယ့် ရုပ်ရှင်မှာ Hawkman အဖြစ် သရုပ်ဆောင်ဖို့ Leverage က အယ်ဒစ်ဟော့ချ်ကို ရွေးချယ်ထားတယ်လို့ ပြောလိုက်ပါတယ်။

သူဟာ One Night in Miami, The Invisible Man, Straight Outta Compton, Hidden Figures နဲ့ Underground ဇာတ်ကားတွေမှာ ပါဝင်ထားပါတယ်။

ဒဝိန်းဂျွန်ဆင်ကတော့ Black Adam ဇာတ်ကားမှာ ပါဝင်မယ့် အယ်ဒစ်ဂျွန်ဆင်ကို Instagram မှာ ကြိုဆိုလိုက်ပါတယ်။ Hawkman ဇာတ်ကောင်က Black Adam ဇာတ်ကားအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလို့ ပြောခဲ့ပါသေးတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက  တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««