BL Partybox 310

မိသားစု ပျော်ပွဲစားခရီးတွေ၊ ပါတီပွဲတွေမှာတောင် အသုံးပြုနိုင်တဲ့ JBL ရဲ့ ထုတ်ကုန်သစ် Partybox 310 ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ IPX4 Splashproof protection ဖြစ်တဲ့အတွက် အကြမ်းခံ အသုံးပြုနိုင်မှာပါ။

အဆို၊ အတီးအတွက် mic နဲ့ ဂစ်တာအတွက်ပါ Input ဆောင်ရွက်ပေးထားပါတယ်။ သီချင်းဖွင့်ထားချိန်မှာ တီးလုံးနဲ့အညီ လင်းမယ့် ရောင်စုံမီးလင်းမှုတွေလည်း ရှိမှာပါ။ အလွယ်တကူ သယ်ဆောင်ဖို့အတွက် လက်ကိုင်နဲ့ ဘီးလုံးများတပ်ဆင်ပေးထားပါတယ်။

အသံထွက် Output power (W)- 240W အထိ ရရှိမှာ ဖြစ်ပြီး Bluetooth Version 5.1 ထောက်ပံ့ပေးထားပါတယ်။ Wireless BT Straming, USB Playback, True Wireless Stereo တို့ပါဝင်သလို Karaoke အနေနဲ့လည်း သီဆိုနိုင်မှာ ဖြစ်ပြီး 3.5mm Jack နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ ဘက်ထရီအနေနဲ့ တစ်ခါအားပြည့်အောင်သွင်းထားရင် ၁၈ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်သလို သယ်ဆောင်ရလွယ်ကူမယ့် Portable အမျိုးအစားလည်း ဖြစ်ပါတယ်။

အသုံးပြုမှုအတွက် ထိန်းချုပ်ရတဲ့ ခလုတ်တွေကို အမှောင်တွင်း မြင်နိုင်ဖို့အတွက် built-in backlighting လည်း ထောက်ပံ့ပါရှိပါတယ်။ အရွယ်အစား 325.6 x 687.7 x 367.8 mm ရှိပြီး အလေးချိန် အနေနဲ့17.42kg ရှိပါတယ်။ တန်ဖိုးကျပ် ၇၂၉,၀၀၀ နဲ့ JBL Myanmar ဖုန်း – ၀၉ ၉၅၁၅၁၀၉ ၀၀ (ရန်ကုန်)၊ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««